တောင်သမန်အင်းရှိ သမိုင်းဝင်ဦးပိန်တံတားကိုကျွန်း တိုင်များဖြင့် သဘာဝအလှမပျက် ပြန်လည်ပြုပြင်ရန်နှင့် ငါးများသေဆုံးသည့်အတွက် ရေဆိုးမြောင်းများကို စနစ်တကျလုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့အား ညွှန်ကြားလိုက်သည်။
သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက အမရပူရမြို့နယ် တောင်သမန် အင်းသို့ရောက်ရှိလာကာ တံတား ပေါ်မှ ဖြတ်သန်းကြည့်ရှုပြီး ထိုသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ တောင်သမန်အင်းကို ထိန်းသိမ်းပြုပြင် ရေးအဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းပြီး ထိန်းသိမ်းသွားရန်လည်း အစိုးရအဖွဲ့အား မှာကြားခဲ့ကြောင်း သတင်းရ ရှိသည်။
ယခုနှစ် ဧပြီလမှစတင်ကာ တောင်သမန်အင်းအတွင်း ငါး သေဆုံးမှု ခြောက်ကြိမ်ထက်မ နည်းဖြစ်ပွားခဲ့ပြီး ငါးသေဆုံးမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများဖြစ် ပေါ်လျက်ရှိသည်။ ငါးသေဆုံးမှု များသည် ယခင်အင်းပိုင်များလက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ယခုအင်းပိုင်လက်ထက်၌သာ ဖြစ်ပွားကာ သေဆုံးခဲ့သော ငါးများ မှာလည်း တီလားဗီးယားငါးတစ် မျိုးတည်းသာဖြစ်၍ သမားရိုးကျ သေဆုံးမှုမဖြစ်နိုင်ကြောင်း၊ ငါး များသေဆုံးမှုနှင့် ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီတွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
တောင်သမန်အင်း၏ မြောက်ဘက်ခြမ်းတွင် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ငါးသေဆုံး မှုများဆိုးရွားစွာ ဖြစ်ပေါ်ခဲ့၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် မန္တလေး မြို့ရေနှင့် သန့်ရှင်းမှုဌာနတို့က သွားရောက်စစ်ဆေးခဲ့သည်။ စည်ပင်သာယာရေးကော်မတီနှင့် ငါးလုပ်ငန်းဦးစီးဌာန၏ စစ်ဆေးချက်တွင် ငါးသေဆုံးမှုဖြစ်ချိန်၌ တောင်သမန်အင်း၏ ရေပြင်အမြင့်မှာ ၁၆ ပေခန့်ရှိပြီး အောက်ဆီဂျင်ပျော်ဝင်မှုနှုန်းမှာလည်း ၂ဒသမ၃ မှ ၇ဒသမ၁ ရှိနေသဖြင့် ငါးသေဆုံးမှုမဖြစ်နိုင်ကြောင်း၊ ရေ၏ ချဉ်ဖန်နှုန်း (သန့် စင်မှု PH) မှာလည်း သင့်တင့်မျှတကြောင်း ဖော်ပြထားသည်။
7Day News Journal
No comments:
Post a Comment