Monday, September 28, 2015

ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၃၀ ရာခိုင်နှုန်းသာတာဝန် ယူမည် ဆိုခြင်းသည် မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၁၀၀ ရာခိုင်နှုန်းတာဝန်ယူရမည့် ကော်မရှင် အနေဖြင့် ၃၀ ရာခိုင်နှုန်းသာတာဝန် ယူမည်ဆိုခြင်းသည် မဖြစ်သင့်သည့် ကိစ္စဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာန၏ ဒီမိုကရေစီ ခရီးကြမ်း အစီအစဉ်တွင်ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအတွက် နိုင်ငံတကာအကူအညီများ ပစ္စည်းများ ရခဲ့သော် လည်း ချောချောမွေ့မွေ့မဖြစ်ခဲ့မှုအပေါ်ဒေါ်အောင်ဆန်းစုကြည်က “အဲဒါကတော့နည်းနည်းပြောရခက်တာပေါ့နော် ရွေးကောက်ပွဲကော်မရှင်က ဒီလိုရွေးကောက်ပွဲတွေလုပ်လေ့လုပ်ထမရှိလို့ဒါကျွမ်းကျင်မှု မရှိလို့ဖြစ်တာ လား ဆန္ဒမရှိလို့ဖြစ်တာလား ဒါတွေကမေးစရာပါပဲ" ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

"အခုဟိုတလောတုန်းကရွေးကောက်ပွဲကောက်မရှင်က ၃၀ ရာခိုင်နှုန်းပဲ အာမခံမယ် ၃၀ ရာခိုင်နှုန်းပဲတာဝန်ယူမယ်ဆိုပြီး ပြောသွားတဲ့အခါကျတော့ ဒါလည်း အင်မတန်မှ မသင့်တော်ဘူးလေ ဒါရွေးကောက်ပွဲကော်မရှင်က ၃၀ ရာခိုင်နှုန်းဆိုတော့ တစ်ဝက်တောင်မှတာဝန်မယူဘူးဆိုတော့ ရွေးကောက်ပွဲ တာဝန်က ၁၀၀ ရာခိုင်နှုန်း တာဝန်ယူရမှာကို ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူ မယ်ဆိုတော့ မဖြစ်သင့်တဲ့ကိစ္စတွေပေါ့ “ ဟု ပြောကြားခဲ့သည်။

ထို့အတူ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင် ခြိမ်းခြောက်ခြင်းများ နှင့် မက်လုံးပေးခြင်း တို့ရှိနေသေးကြောင်း၊ ပြည်သူများအနေဖြင့်လည်း ဆယ်စုနှစ်ချီ ခြိမ်းခြောက်ခံခဲ့ ရခြင်းကြောင့် ကြောက်သည့်သူများက လည်း ယခုအချိန်ထိ ကြောက်နေကြရာ ယင်းကို ဖိနင်း၍ မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List