Friday, October 02, 2015

ရွေးကောက်ပွဲနှင့်အတူ ရင်ခုန်ရမည့် လိပ်ကျွန်းအမှု


လာမည့် နိုဝင်ဘာလပိုင်းတွင် အပြီးသတ်အမိန့်ချမှတ်မည့် လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးသည် တရားသေဖြင့် လွတ်မြောက်လာမည်ဟု မြန်မာသံရုံးအထူးအဖွဲ့က ယုံကြည်နေကြသည်။လိပ်ကျွန်းလူသတ်မှု တရား လိုပြသက်သေနှင့် တရားခံပြသက်သေများအားလုံး ရုံးထုတ်စစ်ဆေး ပြီးချိန်တွင် မြန်မာလုပ်သားနှစ်ဦး က လူသတ်မှုကျူးလွန်ကြောင်း သက်သေပြနိုင်သော အချက်အလက်များ မတွေ့ရှိခြင်းကြောင့် ဖြစ်သည်ဟု မြန်မာသံရုံးအထူးအ ဖွဲ့က ပြောသည်။
တရားစွဲဆိုသည့် ထိုင်းရဲတပ် ဖွဲ့က ဇူလိုင် ၈ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တရားလိုပြသက်သေ များအား ရုံးချိန်း ၁၃ ကြိမ် ရုံးထုတ် ပြီး မြန်မာလုပ်သားနှစ်ဦးကို အ ပြစ်ရှိကြောင်း ရုံးတော်သို့ တင် သွင်းခဲ့သည်။ ထိုသို့တင်သွင်း သောအချက်များကို မြန်မာဘက်မှ ရှေ့နေများက ချေဖျက်နိုင်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က တင်သွင်းသော အချက်များက မှုခင်းသဘော သ ဘာဝအတိုင်း လုပ်ဆောင်ခဲ့ခြင်းမ ရှိသည်ကိုသာ ထပ်မံပေါ်လွင်စေခဲ့ သည်။

ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်ကြောင်း မျက်မြင်သက်သေအပါအ၀င် အထောက်အ ထား တိတိကျကျမရှိဘဲ မြန်မာ လုပ်သားနှစ်ဦးကို တရားခံဟုစွပ်စွဲ ပြီး ဖမ်းဆီးစဉ်ကတည်းက ဝေဖန် ခံနေရသည့် ထိုင်းရဲတပ်ဖွဲ့သည် ၎င်းတို့ စိတ်ကြိုက်တင်သွင်းခဲ့သော တရားလိုပြ သက်သေများ နှင့် ပြစ်မှုကျူးလွန်ကြောင်း သက်သေပြရာတွင် သက်သေမပြနိုင်ဘဲ မှုခင်းအချက်များနှင့် ကွဲလွဲသည့် အချက်များသာ ထွက်ပေါ်လာခဲ့ သည်။

အမှုစွဲတင်သည့် ထိုင်းရဲတပ် ဖွဲ့က တရားလိုပြသက်သေများ ကို စစ်ဆေးပြီး တရားခံပြသက် သေများအား စက်တင်ဘာ ၂ ရက် မှ ၂၅ရက်အထိ ရုံးချိန်းခြောက် ကြိမ်ရုံးထုတ်၍ မြန်မာလုပ်သားနှစ်ဦး အပြစ်မရှိကြောင်း တင်ပြရာတွင် ထိုင်းရဲတပ်ဖွဲ့၏ တရားလို ပြရှေ့နေများက ချေဖျက်နိုင်ခြင်းမ ရှိကြောင်း မြန်မာသံရုံးအထူးအဖွဲ့ မှရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။ 

မြန်မာလုပ်သား နှစ်ဦးအတွက် သက်သာရာရစေသည့် အဓိကထွက်ဆိုချက်သည် စက်တင် ဘာ ၁၁ ရက်က နာမည်ကြီးထိုင်း အမျိုးသမီး မှုခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာပွန်တစ်က ရုံးတော်သို့ လာရောက်ထွက်ဆိုပေးသော အချက်များပင်ဖြစ်သည်။

မျိုးရိုးဗီဇ(ဒီအင်န်အေ) စစ်ဆေးမှုတွင် နိုင်ငံတကာအဆင့် ကျွမ်းကျင်မှုရှိသော ဒေါက်တာ ပွန်တစ်က ထိုင်းရဲတပ်ဖွဲ့သည် လိပ်ကျွန်းလူသတ်မှု ဒီအင်န်အေ စစ်ဆေးရာ၌ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိဟု ရုံးတော်သို့ လာရောက်၍ပြတ်ပြတ် သားသား ထွက်ဆိုသွားသည်။ ထို့ အပြင် ထိုင်းရဲတပ်ဖွဲ့က လူသတ် လက်နက်အဖြစ် တင်သွင်းထား သည့် ပေါက်တူးကို ဒီအင်န်အေ စစ်ဆေးရာတွင် မြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေမတွေ့ရှိဘဲ အခြားအမည်မသိ ဒီအင်န်အေ အမျိုးအစားနှစ်မျိုး တွေ့ရှိထား သည်ဟု ဒေါက်တာပွန်တစ်က ထပ်မံ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထွက်ဆိုချက်များက မြန်မာနှစ်ဦးအတွက် အသက်ရှူ ချောင်စေခဲ့သည်။

‘‘ဥပဒေအရသွားမယ်ဆိုရင် ကလေးတွေကို အပြစ်ပေးလို့ရ မယ့်အချက်တွေကို ချေဖျက်ပြီး သွားပါပြီ။ ကလေးတွေ ဖြောင့် ချက်ပေးထားတယ်ဆိုတာက ရဲစခန်းမှာ တရားမ၀င်ဘူး။ အဲဒီထဲ မှာ ရှေ့နေမပါဘူး။ အမှုတစ်ခုလုံး ကို သုံးသပ်ပြီး စီရင်ချက်ချမယ်ဆို ရင် သေချာပေါက်ချလို့မရဘူး’’ ဟု မြန်မာလုပ်သားနှစ်ဦး၏ အမှု အားလိုက်လံဆောင်ရွက်ပေးနေ သော ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ လုပ် ဆောင်ချက်များကို မနှစ်သက် သော်လည်း ထိုင်းနိုင်ငံ၏ တရားစီ ရင်ရေးကို ယုံကြည်မှုအပြည့်အ၀ ရှိကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ဆက်လက်ပြောသည်။

ထို့အပြင် ဗြိတိန်နိုင်ငံမှမှုခင်း ဆရာဝန်များ စစ်ဆေးထားသည့် လိပ်ကျွန်းလူသတ်မှုစစ်ဆေးချက် သည် ထိုင်းရဲတပ်ဖွဲ့မှုခင်းအချက် အလက်နှင့် ထပ်မံကွဲလွဲချက်များ ပေါ်လာ၍ မြန်မာလုပ်သားနှစ်ဦး အခြေအနေပိုကောင်းလာခဲ့သည်။

လိပ်ကျွန်း လူသတ်မှုတွင် သေဆုံးသူနှစ်ဦး၏ နိုင်ငံဖြစ်သော ဗြိတိန်မှ သေဒဏ်ဆန့်ကျင်ရေးအ ဖွဲ့နှင့် သေဆုံးသူ ဒေးဗစ်နှင့် ဟန် နာတို့ကို ခွဲစိတ်စစ်ဆေးခဲ့သည့် မှုခင်းဆရာဝန်တို့၏ အဖြေများ ကို စက်တင်ဘာ ၂၃ ရက်က ထိုင်း တရားရုံးတော်သို့ တင်ပြခဲ့ခြင်းဖြစ် သည်။ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအား ကူညီဆောင် ရွက်ပေးနေသော ရွှေ့ပြောင်း အ လုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) မှ ဗြိတိန်နိုင်ငံသားအန်လ်ဒီဟောက လိပ်ကျွန်းလူသတ်မှုကို စစ်ဆေးသော ဗြိတိန်နိုင်ငံ သေဒဏ်ဆန့်ကျင်သောသူများ အဖွဲ့နှင့် သေဆုံးသူနှစ်ဦးကို ခွဲစိတ်စစ်ဆေးသော မှုခင်းဆရာဝန်ဒေါက်တာ ကယ်ရီတို့နှင့် ချိတ်ဆက်ကာ အချက်အလက်များရယူပြီး တရားရုံးသို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က သက်သေ အဖြစ်တင်သွင်းထားသော စီစီတီ ဗီပုံရိပ်၌ ပြေးနေသည့် လူတစ်ဦး၏ ပုံကို သေဒဏ်ဆန့်ကျင်သူများအဖွဲ့က စစ်ဆေးရာ ယင်းပုံတွင်ပါရှိသောသူသည် ဇော်လင်းမဟုတ်ကြောင်း ထွက်ဆိုသည်။ ထိုင်းရဲ တပ်ဖွဲ့က ပုံတွင် ပြေးလွှားနေ သူသည် လူသတ်တရားခံ ဇော်လင်းဟု သက်သေတင်သွင်းထားခြင်းဖြစ်သည်။

ထို့အပြင် သေဆုံးသူ ဟန်နာ ကို ခွဲစိတ်စစ်ဆေးခဲ့သော ဗြိတိန်မှ မှုခင်းဆရာဝန်ဒေါက်တာ ကယ်ရီက ဟန်နာ၏ တန်ဆာနှင့် စအိုကြားတွင် မည်သည့်ဒဏ်ရာမှ မတွေ့ရှိကြောင်း ထိုင်းတရားရုံးသို့ လာရောက်ထွက်ဆိုခဲ့သော အန်လ်ဒီဟောအား ဖုန်းဖြင့် ဆက် သွယ်ပြောကြားခဲ့သည်။ ထိုင်းရဲ တပ်ဖွဲ့က ဟန်နာ၏ တန်ဆာနှင့် စအို ကြားတွင် ဒဏ်ရာတွေ့ရှိထား ကြောင်း တရားရုံးသို့ တင်ပြထား သည်။

အခြား ကွဲလွဲချက်တစ်ခုမှာ အခင်းဖြစ်ပွားရာတွင် တွေ့ရှိ ထားသော ဖုန်းသည် သေဆုံးသူ ဒေးဗစ်၏ ဖုန်းဖြစ်ကြောင်း ဗြိတိန် နိုင်ငံက ပြောကြားထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က တရားရုံးသို့ တင် ပြထားသည်။ လက်တွေ့တွင် ဗြိ တိန်ရှိ တယ်လီဖုန်းဌာန အကြီးအ ကဲက ထိုင်းရဲတပ်ဖွဲ့ထံ ယင်းသို့ ပြောကြားထားခြင်း မရှိကြောင်း ထိုင်းနိုင်ငံရှိ ဗြိတိန်သံရုံးနှင့် ရှေ့ နေများကောင်စီသို့ စာပေးပို့ထား သည်။ အဆိုပါစာကို မြန်မာရှေ့ နေများက တရားရုံးသို့ တင်ပြခဲ့ကြ သည်။

‘‘အမှုအခြေအနေကတော့ ကိုယ်တွေဘက်က ထွက်ဆိုခဲ့သမျှ သက်သေတွေအားလုံး တိတိကျ ကျ မှန်မှန်ကန်ကန် ရှင်းရှင်းလင်း လင်း ထွက်ဆိုခဲ့ပါတယ်။ သေချာ တာကတော့ ကလေးတွေအပြစ် ကျူးလွန်တယ်လို့ ထိုင်းအစိုးရ အနေနဲ့သက်သေပြလို့ လုံးဝမရ ဘူးဖြစ်နေတယ်။ ကလေးတွေကို မဖြစ်မနေ လွှတ်ပေးရမှာပါ’’ ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူး ချစ်က ပြောသည်။

တရားခံပြ သက်သေများ အား စစ်ဆေးပြီးသော်လည်း ဖမ်း ဆီးခံမြန်မာလုပ်သားနှစ်ဦးဖြစ်သောဇော်လင်းနှင့် ၀င်းဇော်ထွန်းအား စစ်ဆေးရန် ကျန်နေသော ကြောင့် ထိုင်းတရားသူကြီးက ရုံးချိန်းနှစ်ကြိမ် ထပ်မံတိုးပေးထားသည်။ အောက်တိုဘာ ၁၀ ရက် နှင့် ၁၁ရက်တို့တွင် ရုံးချိန်းပေးထား ရာ အောက်တိုဘာ ၁၀ ရက်တွင် ဇော်လင်းကို စစ်ဆေးမည်ဖြစ်ပြီး ၁၁ ရက်တွင် ၀င်းဇော်ထွန်းကို စစ် ဆေးမည်ဖြစ်သည်။

‘‘အန်ကယ်တို့က သူတို့ အိမ် ကွင်းမှာ ကစားရတဲ့ဘောလုံးသမားလိုပဲ။ တစ်ဖက်က ရဲတပ်ဖွဲ့ တစ်ခုလုံးရဲ့ သိက္ခာနဲ့လည်း ဆိုင်ပါတယ်။ဥပဒေကလည်း ထိုင်းဥပဒေ ကို လိုက်နာပြီးဆောင်ရွက်နေရတဲ့ ဥပဒေဖြစ်နေပါတယ်။ တကယ်လို့များ သူတို့ဘက်က ချလိုက် မယ်ဆိုရင်လည်း ချနိုင်ပါတယ်။ အဲဒီလိုမျိုးချလိုက်မယ်ဆိုရင် အန်ကယ်တို့ကတော့ အယူခံဝင်ရ မယ်’’ဟု ရှေ့နေဦးအောင်မျိုးသန့် က ရှေ့အလားအလာကိုသုံးသပ် ပြောကြားသည်။

နိုဝင်ဘာလဆန်းတွင် မြန်မာ လုပ်သားနှစ်ဦးကို ထိုင်းတရားရုံးက အပြီးသတ်အမိန့်ချမှတ်မည်ဆိုပါက  ထိုင်းရောက်မြန်မာလုပ်သားများနှင့် မြန်မာပြည်သူများအတွက် ရွေးကောက်ပွဲနှင့်အတူ တရားရုံးဆုံးဖြတ်ချက်ကို နားစွင့်နေရပါလိမ့်မည်။

7Day News Journal

No comments:

Post a Comment

My Blog List