Monday, September 28, 2015

ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ရရှိရေး သန္ဒိဌာန်ချကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NLD ပါတီ ဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လာမည့် ၂၀၁၅ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် မုချအောင်ပွဲခံရမည် ဟု ယုံကြည်ကြောင်း အပြတ် အသတ်အနိုင်ရရှိရေး အတွက် သိန္ဒိဌာန်ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နာယက ဦးတင်ဦး က စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စတင်တည်ထောင်ခြင်း၂၇နှစ် မြောက်အခမ်းအနားတွင်ထည့်သွင်းပြောကြားခဲ့သည်။

""ဒီနှစ်ဟာ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့နှစ်တစ်ရာပြည့် မွေးနေ့လည်းဖြစ်ပါတယ်။အပြောင်းအလဲကိုေ ပြောင်လဲဖို့ ဖခင်ကချမှတ် ပေးခဲ့တဲ့ အစဉ်အလာကောင်းတွေ၊ မပြီးပြတ်သေးတာတွေ ပြီးပြတ်အောင် လုပ်နိုင်ဖို့ လာမယ့် ရွေးကောက်ပွဲမှာ ဖခင်ရဲ့ကျေးဇူးကို ဆပ်မှာဖြစ်တဲ့ အတွက် မုချအောင်ပွဲ ခံမယ်လို့ ယုံကြည်ပါတယ်""ဟု ဦးတင်ဦးမှပြောကြား ခဲ့သည်။

၁၉၉၀ ခုနှစ်တွင်ပြည်သူများ၏ စိတ်အတွင်း၌ ပြောင်းလဲချင်စိတ်များ တဖွားဖွားပေါ်ပေါက်ခဲ့ဖူးကြောင်း၊သို့သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တာဝန်ယူခွင့် မရခဲ့ကြောင်း၊၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် လည်းတောင်ပြို ကမ်းပြို အနိုင်ရခဲ့ကြောင်း၊ ယင်းဖြစ်ရပ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အောက်တွင် ကောင်းမြတ်သော ဥပဓိရုပ်ကောင်းတစ်ခု အနေဖြင့်ရှိနေခြင်းကို နားလည်ရန်လိုကြောင်း ၄င်းမှ ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၇နှစ်မြောက် အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝါရင့်နိုင်ငံရေးသမားများ အင်အားစု၊ ကမန် အမျိုးသားဒီမိုကရေစီပါတီတို့မှ သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။

သတင်း - မင်းဝသ၁န် 
The Ladies News Journal

No comments:

Post a Comment

My Blog List