Wednesday, September 30, 2015

တိုင်းရင်းသားဒေသများတွင် မိမိတို့ဘာကြောင့် ယှဉ်ပြိုင်ရသည်ကို ရှင်းပြနေရသည့် ဒေါ်အောင်ဆန်းစုကြည်


နာဂနှင့် တိုင်းလိုင်(ရှမ်းနီ) ဒေသခံများ အများစုနေထိုင်ရာ ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း ခန္တီးနှင့် ဟုမ္မလင်းမြို့တို့သို့ သုံးရက် ကြာသွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် တိုင်းရင်းသားဒေသများသို့ လာရောက်ရသည့် အကြောင်းရင်းများကို အဓိကထားပြောကြားခဲ့သည်။

ထူးခြားချက်မှာ ဒေါ်အောင် ဆန်းစုကြည်သွားရောက်ခဲ့သည့် ယင်းဒေသတွင် အင်န်အယ်လ်ဒီ သည် အခြားအင်အားကြီး ပါတီ ဖြစ်သော ပြည်ခိုင်ဖြိုးနှင့် အဓိက ယှဉ်ပြိုင်ရမည်မဟုတ်ဘဲ ဒေသခံ  တိုင်းလိုင်(ရှမ်းနီ) ပါတီနှစ်ခုနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ဒေသဖြစ်နေခြင်းပင်။

ရွေးကောက်ပွဲ စည်းရုံးမဲ ဆွယ်ခွင့်ကာလ၌ တိုင်းရင်းသား ဒေသများသို့ လှည့်လည်သွားလာ ဟောပြောနေရခြင်းသည် တိုင်းရင်းသားဒေသများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၀င်ရောက်ယှဉ်ပြိုင်မှုအပေါ် ဖြစ်ပေါ်နေသည့် မကျေလည်မှုများကို ရှင်းပြရန်နှင့် ဗဟိုအစိုးရဖွဲ့နိုင်ရန် ၀င်ရောက်ယှဉ်ပြိုင်သည်ကို သိစေလို၍ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ သုံးရက်ကြာ ခရီးစဉ်တွင် ပြောကြားခဲ့သည်။

ယင်းဒေသတွင် နာဂလူမျိုး အများစုသည် အင်န်အယ်လ်ဒီကို ထောက်ခံကြပြီး တိုင်းလိုင်(ရှမ်းနီ) လူမျိုးအများစုမှာ ၎င်းတို့၏ ပါတီ များကိုသာ မဲပေးလိုသည့် ဆန္ဒရှိ ကြသည်။

‘‘ဘယ်လိုမှလည်း သူတို့ကို စည်းရုံးလို့ မရဘူး။ ဒါတွေဟာ အ ရင်အစိုးရမှာ ပါခဲ့တဲ့သူတွေရဲ့ စနက်ပေါ့ဗျာ။ သူတို့ပါတီပဲ သူတို့ မဲပေးမယ်ပြောနေကြတယ်’’ ဟု ဟုမ္မလင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တစ်ဦးက ဆို သည်။

မိမိတို့ တိုင်းရင်းသားပါတီ များအား မဲပေးရန် ဆန္ဒရှိခြင်းမှာ မည်သည့်အဖွဲ့အစည်းများ၏ တိုက်တွန်းချက်မှ မပါဝင်ဘဲ ကိုယ့်လူမျိုးကိုယ် မဲပေးလို၍သာ ဖြစ်ကြောင်း ဒေသခံတိုင်းလိုင် (ရှမ်းနီ)တိုင်းရင်းသားအချို့ကဆိုသည်။

ရေကြောင်းနှင့် လေကြောင်းကိုသာ အားပြုသွားလာနေရသော အဆိုပါ မြို့များသည် ဖွံ့ဖြိုးတိုး တက်မှု နောက်ကျနေသော်လည်း တွင်းထွက်သယံဇာတများ ထွက် ရှိရာ ဒေသများဖြစ်၍ အတန် ငယ်စည်ကားမှုရှိကာ နိုင်ငံရေးပါ တီများလည်း အထိုက်အလျောက်လွတ်လပ်ခွင့်ရှိကြောင်း ဒေသခံ များက ဆိုသည်။

ယင်းဒေသများတွင် နာဂတိုင်းရင်းသားများသာမက တိုင်းလိုင် (ရှမ်းနီ)လူမျိုးများပါ နေထိုင်သဖြင့်ပါတီတစ်ခုတည်းက အပြတ်သတ်အနိုင်ရရန် ခက်ခဲနေကြောင်း ဒေသခံတိုင်းရင်းသား အချို့က ပြောသည်။

အဆိုပါ ဒေသသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အင်န်အယ်လ် ဒီ အနိုင်ရ ဒေသဖြစ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင်မူ ပြည် ခိုင်ဖြိုးပါတီ အနိုင်ရဒေသဖြစ်ခဲ့ သည်။

စစ်ကိုင်းတိုင်းဒေသကြီး အ နောက်မြောက်ဘက်ရှိ နာဂတိုင်း ရင်းသားများနှင့် တိုင်းလိုင်(ရှမ်း နီ)တိုင်းရင်းသား အများစုနေထိုင်ရာဖြစ်သော ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့သို့ စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာသွား ရောက်ခဲ့သည့် စည်းရုံးရေးခရီး စဉ်တွင် ဒေသခံတိုင်းရင်းသားများ ဖြစ်သည့် နာဂနှင့် တိုင်းလိုင်(ရှမ်း နီ) လူမျိုးများက တစ်ခဲနက်ကြိုဆို ခဲ့ကြပြီး မေးခွန်းများ ထုတ်ခဲ့ကြ သည်။

အထူးသဖြင့် အင်န်အယ်လ် ဒီအာဏာရခဲ့ပါက အဆိုပါဒေသ များရှိ တိုင်းရင်းသားများအပေါ် မည်သို့ဆောင်ရွက်ပေးမည်ဆို သည့် ကိစ္စကို ဒေသခံများက သိ လိုနေကြခြင်း ဖြစ်သည်။

‘‘ဒီဒေသမှာ ရွှေတွေလာတူး နေကြတယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့ ရွှေ့ပြောင်းတောင်ယာတွေ လည်း ပျောက်ဆုံးခဲ့ရတယ်။ ဒီ ကိစ္စတွေကို အင်န်အယ်လ်ဒီပါ တီက နိုင်ခဲ့ရင် ဘာတွေလုပ်ပေး မှာလဲ။ အဲဒီအကျိုးကျေးဇူးတွေ ကို ကျေးရွာကလည်း မခံစားရပါ ဘူး’’ဟု ထမံသီရွာသစ်နေ ဦးမထုနောင်က ဒေါ်အောင်ဆန်းစုကြည် အား မေးခွန်းထုတ်ခဲ့သည်။

ထွက်ရှိသည့် သယံဇာတ များကို ဒေသခံများလည်း ခံစား ခွင့်ရှိကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားရာ၌ မိမိတို့ မြို့ရွာဒေသတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ရေးကို မကြည့်ဘဲ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်မည့် အရေးကိစ္စကို ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြန် လည်ပြောကြားခဲ့သည်။

လက်ရှိကာလတွင် ယင်း ဒေသ၌ အားအကောင်းဆုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဖြစ်ပြီး နယ်ခံတိုင်းရင်းသား ပါတီများသည်လည်း  အားကောင်း လျက်ရှိကာ လက်ရှိအနိုင်ရပြည် ခိုင်ဖြိုးပါတီမှာမူ ထောက်ခံမှုများ ကျဆင်းနေကြောင်း ဟုမ္မလင်းနှင့် ခန္တီးရှိ ဒေသခံများက ပြောသည်။

မကြာမီက ခန္တီးမြို့တွင် ဖြစ် ပေါ်ခဲ့သော ရေကြီးနစ်မြုပ်မှုအ ပေါ် အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီက တစ်စုံတစ်ရာ ထောက်ပံ့ပေးခဲ့ ခြင်း မရှိဘဲ ဒေါ်အောင်ဆန်းစု ကြည် တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သာ ဆန်များ ပေးဝေခဲ့သဖြင့် လက်ရှိအစိုးရနှင့် ပြည်ခိုင်ဖြိုးပါ တီအပေါ် လူထုထောက်ခံမှု လျော့ကျခဲ့ရခြင်းဖြစ်နိုင်ကြောင်း ခန္တီးမြို့တွင် အနှစ် ၅၀ ကျော် နေ ထိုင်လာခဲ့သည့် တိုင်းလိုင်(ရှမ်းနီ) လူမျိုး ဦးခွန်နောင်က ပြောသည်။

‘‘ကျွန်တော်တို့မှာ ရွေးစရာ မရှိဘူး။ အင်န်အယ်လ်ဒီပဲ ရှိ တယ်လေ။ သူတို့ကိုပဲ ပေးရမှာ ပေါ့။ ကိုယ်စားလှယ်လောင်း ဘယ်သူဆိုတာထက် ပါတီက ပိုအရေး ကြီးပါတယ်’’ဟု ဦးခွန်နောင်က ပြောသည်။

 ‘‘အမေစုကို အမေတစ် ယောက်လို ယုံကြည်အားကိုးလို့ ရှိတဲ့အလုပ်ကို ပစ်ချပြီးလာခဲ့ တာ။ ကျွန်မတို့ ဘ၀တွေရဲ့ ရှေ့ အနာဂတ်ကို အားကိုးလို့ လာခဲ့ တာဖြစ်ပါတယ်။ ကျွန်မတို့က အမေစုမှ အမေစုပဲ’’ဟု စက်တင် ဘာ ၂၇ ရက်က ဟုမ္မလင်းမြို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲသို့ တက်ရောက်ခဲ့သူ နာဂလူမျိုး ဒေါ်အားလျန်က ပြောသည်။

ခန္တီးမြို့သည် စစ်ကိုင်းတိုင်း ဒေသကြီး အနောက်မြောက်ဒေသ ရှိ အစွန်အကျဆုံး ခရိုင်မြို့တစ်ခု ဖြစ်သော်လည်း ယနေ့အချိန်အ ထိ လျှပ်စစ်မီးအပြည့်အ၀ မရရှိ သေးဘဲ တစ်နေ့လျှင် ၄ နာရီခန့် သာ လျှပ်စစ်မီးရရှိသည်။

လမ်းပန်းဆက်သွယ်ရေးမှာ လည်း ခက်ခဲနေဆဲပင်ဖြစ်ကာ ချင်းတွင်းမြစ်ကြောင်းနှင့် လေ ကြောင်းကိုသာ အဓိကထား သွား လာနေရပြီး နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းဒေသများသို့ ခက်ခဲစွာ သွားလာနေရဆဲ ဖြစ် သည်။အင်န်အယ်လ်ဒီ အနိုင်ရရှိ ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါက ယင်းအခက်အခဲများကိုဖြေရှင်းပေးနိုင်မည်ဟု မြို့ခံ နာဂတိုင်းရင်းသားအများစုက ယုံကြည်နေကြသည်။

‘‘ကျွန်တော်တို့တစ်တွေက ခေတ်အဆက်ဆက် ခံစားခဲ့ရ တာ။ ဘယ်အစိုးရတက်လာ တက်လာ ကျွန်တော်တို့က ဒီအတိုင်းပဲ မပြောင်းလဲဘူး။ ဒါကြောင့် အပြောင်းအလဲကို အလိုရှိတာပေါ့။ ဒီအပြောင်းအလဲကို အမေစုက ပြောင်းပေးနိုင်မယ်လို့ယုံတယ်’’ဟု ဒေသခံနာဂတိုင်းရင်းသား ဦးမနော်ခမ်းက ဆိုသည်။

သို့သော် အင်န်အယ်လ်ဒီ ပါတီအတွက် အခက်အခဲဆုံး အ ချက်မှာ ယင်းမဲဆန္ဒနယ်နှစ်ခုတွင် အနိုင်ရရှိရေးအတွက် ဒေသခံ တိုင်းလိုင်(ရှမ်းနီ)ပါတီ များကို ဖြတ်ကျော်နိုင်ရေးပင် ဖြစ်သည်။

‘‘ဒီဘက်တွေမှာက ကျွန်တော်တို့ တိုင်းလိုင်(ရှမ်းနီ) တွေ အများစုဖြစ်တယ်။ ဒါကြောင့်ကျွန်တော်တို့က ကိုယ့်ပါတီ ကိုယ်မဲပေးမှာပဲ။ အမေစုကိုတော့ မြင်ဖူးချင်လို့ သူ့ဟောပြောပွဲတော့ သွားခဲ့တယ်’’ဟု ဟုမ္မလင်းမြို့မှ ဒေသခံဦးစပ်ခွန်ဆေးက ဆိုသည်။

  ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ဟုမ္မလင်းနှင့် ခန္တီးမြို့နှစ်မြို့တွင် လွှတ်တော်သုံး ရပ်အတွက် မဲဆန္ဒနယ်ခုနစ်နယ်ရှိ ပြီး ယင်းနေရာများတွင် အင်န် အယ်လ်ဒီက အပြည့်ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ဒေသခံတိုင်းရင်း သားပါတီနှစ်ခုဖြစ်သော တိုင်း လိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီနှင့် ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ် စုများ သွေးစည်းညီညွတ်ရေးပါတီ တို့က ၀င်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

၂၀၁၀ နောက်ပိုင်းမှသာ ယင်းပါတီများကို ထူထောင်ခဲ့ ခြင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုး၊ တစညနှင့် ကျားဖြူပါတီတို့သာ ယင်းမဲဆန္ဒ နယ်၌ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ် သည်။ မည်သို့ပင်ဖြစ်စေ မိမိတို့ပါ တီ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲ ဆန္ဒနယ်တိုင်းတွင် ရာနှုန်းပြည့် အနိုင်ရမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားသည်။

‘‘ကျွန်မတို့ တောင်ပြိုကမ်း ပြိုနိုင်ရမယ်လို့ မကြွေးကြော်ထား ပါဘူး။ ဒါပေမဲ့ တောင်ပြိုကမ်းပြို နိုင်ချင်ပါတယ်။ အဲဒီလိုနိုင်အောင်လည်း အဖွဲ့ချုပ်ကို မဲပေးပါလို့ မေတ္တာရပ်ခံပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ တိုင်းရင်းသားပြည်သူများအား ခရီးစဉ်တစ် လျှောက် မဲတောင်းခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မဲ ဆွယ်စည်းရုံးရာတွင် ပြောကြား သကဲ့သို့ အင်န်အယ်လ်ဒီ အစိုးရ ဖွဲ့နိုင်ပါက အမှန်တကယ် ပြောင်း လဲနိုင်ခြင်းထက် မိမိတို့ဒေသဖွံ့ ဖြိုးတိုးတက်ရေးကိုသာ မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ပေးနိုင်မည်ကိုဒေသခံများက စောင့်စားမျှော်လင့်လျက်ရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List