အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင် တည်ထောင်ရသည့် ရည်မှန်း ချက်သည် လူ့အခွင့်အရေးများကို ကာကွယ် ထိန်းသိမ်းမည့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရန် အတွက် တည်ထောင်ရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ စက်တင်ဘာလ (၂၇) ရက်နေ့က ထုတ်ပြန် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားကို ထည့်သွင်း ရေးသားထားခြင်း ဖြစ်သည်။
''ကျွန်မတို့ ပန်းတိုင်ကို ရောက်ဖို့ ကြိုးစားရာမှာ အကြမ်းမဖက်ရေး၊ သဟဇာတဖြစ်ရေး၊ အာဃာတ ကင်းစင်ရေးစတဲ့ သဘောတရားတွေကို လုံးဝ လက်မလွှတ်ခဲ့ပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထား ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးထားသည်။
အနာဂတ်နှင့် ဒီမိုကရေစီ စံနှုန်းများ အပေါ် ခိုင်မာသည့် ယုံကြည်ချက်မျိုး မရှိဘဲ နှင့် လူအခွင့်အရေး အခြေခံ အချက်များသည် လိုအပ်မှုထက်မက ဖြစ်နိုင်ခြေ ရှိသည်ကို မယုံကြည်ဘဲနှင့် လှုပ်ရှားမှုတွင် ခက်ခဲကြမ်းတမ်းသည့် နှစ်များတွင် ကြံ့ကြံ့ခံ တည်တံ့ရန် မလွယ်ကူကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ရည်မှန်းချက်ကို လွန်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးကို ဦးတည်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲ နေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံတစ်ရပ် ပေါ်ထွန်း ရေး၊ ပြည်သူလူထုအား တရားမျှတစွာ ကာကွယ်ပေးမည့် အုပ်ချုပ်မှု စနစ် တစ်ရပ် ပေါ်ပေါက်လာရေးနှင့် လွတ်လပ် လုံခြုံစွာဖွံ့ဖြိုး တိုတက်ရေးများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း NLD ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
Messenger News Journal
No comments:
Post a Comment