Friday, October 02, 2015

မနောကွင်းသော့ခတ်လိုက်၍ ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲ နေရာပြောင်း



မနောကွင်း ၀င် ပေါက်တံခါးများကို သော့ခတ် ပိတ်ထားလိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ မြစ် ကြီးနား လူထုတွေ့ဆုံပွဲကို နေရာ ပြောင်းရွှေ့ပြုလုပ်ရန် အရေးပေါ် စီစဉ်ခဲ့ရကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် အောင်နိုင်ရေးကော်မတီမှ သ တင်းရရှိသည်။

အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်မည့် ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲကို မြစ်ကြီးနားမြို့ မနောကွင်း၌ ပြု လုပ်ရန် မူလကစီစဉ်ထားသည်။ သို့သော် စက်တင်ဘာ ၃၀ ရက် ညတွင် မနောကွင်းအ၀င်ဂိတ် ပေါက် သုံးခုစလုံးကို ရဲတပ်ဖွဲ့က သော့ခတ်ပိတ်ခဲ့ကြောင်း ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးလဂျိုင်ဟောင်းဟောင်က ပြောသည်။

ဟောပြောပွဲကို ကချင်အမျိုးသားရိုးရာ ယဉ်ကျေးမှု ဘက်စုံအားကစားဥယျာဉ်ကွင်းသို့ ပြောင်းရွှေ့ကျင်းပမည်ဖြစ်သည်။

မနောကွင်းကို ယခုကဲ့သို့ သော့ခတ် ပိတ်လိုက်သည့် အ တွက် အဆိုပါမနောကွင်းအတွင်း ရှိ ကချင်ရိုးရာယဉ်ကျေးမှု ဗဟို ကော်မတီရုံး၊ ကာယ အားကစားရုံနှင့် စားသောက်ဆိုင်များလည်းပိတ်ထားခဲ့ရသည်။

‘‘တံခါးတွေ ပိတ်တဲ့ကိစ္စ ကျွန်တော်တို့ကိုတော့ ဘာမှမ ပြောဘူး။ တံခါးတွေ ပိတ်ထား တော့ ကျွန်တော်တို့လည်း ရုံးပိတ် ထားရတာပေါ့’’ ဟု ဦးလဂျိုင် ဟောင်းဟောင်က ပြောသည်။

‘‘အရေးပေါ် ဒီနေ့ (အောက် တိုဘာ ၁ ရက်) မနက်မှစီစဉ်ခဲ့ရ တာ အားချင်းပဲ’’ဟု ဒီချုပ်ကချင် ပြည်နယ်အောင်နိုင်ရေး တာဝန်ခံ ဦးဝင်းဗိုလ်ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာ အတွင်း ရေးမှူးထံမေးမြန်းရန် တာဝန်ရှိသူ တစ်ဦးက ဖြေကြားသည်။ ပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ရုံးသို့ မေးမြန်းရာ အခြားဖုန်းနံပါတ်တစ်ခုထံဆက်သွယ်ရန်ပြော သည်။ အဆိုပါ ဖုန်းနံပါတ်သို့ 7Day Daily က ဆက်သွယ်ရာ ဖုန်းကိုင်ခြင်းမရှိပေ။

 ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာ ၂ ရက် နံ နက်တွင် မြစ်ကြီးနားမြို့နှင့်ညနေ တွင် ၀ိုင်းမော်မြို့တို့၌ ဟောပြော ရန် စီစဉ်ထားသည်။

လူထုတွေ့ဆုံပွဲပြုလုပ်မည့် နေရာသည် မနောကွင်းကို ထိန်း သိမ်းစောင့်ရှောက်မည့် ကချင်လူ မျိုးများ ရိုးရာယဉ်ကျေးမှုဗဟို ကော်မတီပိုင်ဖြစ်ကြောင်း ဒေသ ခံများကပြောသည်။

ဒီချုပ်ဥက္ကဋ္ဌ၏ လူထုတွေ့ ဆုံပွဲကို မနောကွင်း၌ ပြုလုပ်ရန် ကချင်လူမျိုးများ ရိုးရာယဉ်ကျေး မှုဗဟိုကော်မတီက ခွင့်ပြုသော် လည်း ပြည်နယ်အစိုးရက လုံခြုံ ရေးအကြောင်းပြချက်ဖြင့် ခွင့်မပြု ခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List