Friday, October 02, 2015

နောက်ဆုံးအကြိမ် မဲစာရင်းတွင် အသိပေးလှုံ့ဆော်မှုအားနည်းခဲ့၍ ပြည်သူများပူးပေါင်းပါဝင်မှုနည်းခဲ့ကြောင်း စစ်တမ်းတစ်ရပ်ထုတ်ပြန်


 နောက်ဆုံးအကြိမ် မဲ စာရင်းထုတ်ပြန်မှုတွင် အသိပေး လှုံ့ဆော်မှုအားနည်းခဲ့ပြီး မဲဆန္ဒ ရှင်များ ပါဝင်မှုနည်းပါးခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်သည့် ပြည်သူများပူး ပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) အစီရင်ခံစာ၌ ဖော်ပြသည်။

PACE (People's Alliance for Credible Elections) သည် မဲဆန္ဒရှင်စာရင်းကြေညာပြသရာ နေရာ ၈၆၈ နေရာကို စောင့်ကြည့် လေ့လာခဲ့ပြီး ယင်းနေရာများ၏ ၉၀ ရာခိုင်နှုန်းခန့်တွင် နိုင်ငံရေး ပါတီများကို မတွေ့ရှိခဲ့ဘဲ ၈၂ ရာ ခိုင်နှုန်းခန့်တွင် အရပ်ဘက်အဖွဲ့ အစည်းများကို မတွေ့ရှိခဲ့ကြောင်း အထက်ပါ စောင့်ကြည့်လေ့လာ ရေးအဖွဲ့ဒါရိုက်တာ ဦးစိုင်းရဲ ကျော်စွာမြင့်ကပြောသည်။

မဲစာရင်းပြင်ဆင်ခြင်း၊ ဖြည့် စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့လုပ် ဆောင်ရန် ရွေးကောက်ပွဲကော်မ ရှင်က သတ်မှတ်ထားသည့် ပုံစံ များကို မဖြည့်သွင်းတတ်ခြင်း၊ သက်သေခံ အထောက်အထား မတင်ပြနိုင်ခြင်းနှင့် နေထိုင် ကြောင်း အထောက်အထားမတင် ပြနိုင်ခြင်းတို့ကြောင့် နောက်ဆုံး အကြိမ်မဲစာရင်းနှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာခဲ့သော နေ ရာများ၏ ၃၃ ရာခိုင်နှုန်းမှာလျှောက်ထားနိုင်ခြင်းမရှိခဲ့ကြောင်းနှင့် ၂၆ ရာခိုင်နှုန်းတွင်သာ လျှောက်ထားမှုရှိခဲ့ကြောင်း ဆိုသည်။

ထို့အပြင် မဲစာရင်းကြေညာ ပြသမှုကို သတ်မှတ်ထားသည့် နေ့ရက်နှင့် အချိန်အတိုင်းပြသရန် စောင့်ကြည့်လေ့လာခဲ့သည့် နေ ရာများ၏ ၁၇ ရာခိုင်နှုန်းမှာပျက် ကွက်ခဲ့ပြီးပျက်ကွက်မှုနှုန်းထားမှာ မြို့ပြနှင့် ကျေးလက်တွင်ကျေး လက်ဒေသက ပိုမိုများပြားခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြ သည်။

ရွေးကောက်ပွဲနေ့တွင် တွေ့ ကြုံရနိုင်သည့် မဲစာရင်းနှင့်ပတ် သက်သော အငြင်းပွားမှုများနှင့် မရှင်းလင်းမှုများ ရှောင်ရှားနိုင်ရန် နိုင်ငံရေးပါတီများနှင့် ကော်မရှင် အကြား တွေ့ဆုံဆွေးနွေး အဖြေ ရှာမှုများကို ရွေးကောက်ပွဲ မတိုင်မီဆောင်ရွက်သင့်ကြောင်းနှင့် ရေရှည်တွင် မဲဆန္ဒရှင်စာရင်း ပိုမိုကောင်းမွန်လာစေရန် ရွေးကောက်ပွဲလွန်ကာလ၌ ဆက်လက်ဆွေးနွေးမှုများပြုလုပ်သင့်ကြောင်း ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) က အကြံပြု ထားသည်။

ပြည်တွင်းအရပ်ဘက်လူ့ အဖွဲ့အစည်းများ နောက်ဆုံး အ ကြိမ်မဲစာရင်းထုတ်ပြန်မှုတွင် အ သိပေး လှုံ့ဆော်မှုအားနည်းခဲ့ သည်ဟု အစီရင်ခံစာ၌ ဖော်ပြ မှုအပေါ် Women Organization Network အဖွဲ့မှ ဒေါ်နန်းခမ်းယုံ ကကန့်ကွက်ခဲ့ပြီး အရပ်ဘက်လူမှု အဖွဲ့အစည်းများအနေဖြင့် အ ကန့်အသတ်များစွာဖြင့် မဲဆန္ဒရှင် များအား အသိပညာပေးနေရ ကြောင်း တုံ့ပြန်ခဲ့သည်။

အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သော တစ်နိုင်ငံလုံးမဲ ဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်းအစီရင် ခံစာအတွက် ပြည်သူများ ပူး ပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) သည် တိုင်းဒေသကြီးနှင့်ပြည်နယ် များအပါအ၀င် မြို့နယ်ပေါင်း ၁၁၀ သို့ စောင့်ကြည့်လေ့လာသူ ၁၁၀ ဦးကို စေလွှတ်ခဲ့ပြီး မြို့ပြနှင့် ကျေးလက်ဒေသများကို အညီအ မျှ စောင့်ကြည့်ခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

7Day News Journal

No comments:

Post a Comment

My Blog List