Wednesday, September 30, 2015

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် မိုင်းလား NDAA ပါဝင် လက်မှတ် ရေးထိုးမည် မဟုတ်


အစိုးရမှ အောက်တိုဘာလအတွင်း ပြုလုပ်ရန်စီစဉ်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် မိုင်းလား NDAA အဖွဲ့ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း NDAA ၏ အထွေထွေ အတွင်းရေး မှူး ဖြစ်သူ ဦးကြည်မြင့်က ပြောသည်။

“ကျနော်တို့ဘက်က သဘောထားမပြောင်းပါဘူး၊။ အရင်ကတည်းက ကြေငြာထားတဲ့ အတိုင်းပါပဲ။ အစိုးရက အားလုံးပါဝင်ရေးကိုလည်း လက်မခံဘူး။ ကျနော်တို့က လက်မှတ်မထိုးဘုး။ နိုင်ငံရေး ဆွေးနွေးပွဲကျမှ တက်မယ် ”- ဟု ဦးကြည်မြင့်က ပြောသည်။

မိုင်းလားအဖွဲ့အနေဖြင့် ၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်လာပြီးကတည်းက ငြိမ်းချမ်းရေးရယူထားပြီး ဖြစ်သဖြင့် အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရေးဆိုသည်မှာ ငြိမ်းချမ်း ရေး မှ အောက်ဘက် သို့ ပြန်ဆင်းသလို ဖြစ်နေကြောင်းလည်း မိုင်းလားအဖွဲ့တာဝန်ရှိသူက ဆိုသည်။

UWSA ၀ တပ်ဖွဲ့နှင့် မိုင်းလားအဖွဲ့တို့အား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်ကြရန်အတွက် အစိုးရ၏ ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ တာဝန်ရှိ သူများသည် စက်တင် ဘာလ ၁၂ ရက်နေ့က ၀ နှင့် မိုင်းလား တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြသည်။

ဝ နှင့် မိုင်းလားအဖွဲ့တို့ တောင်းခံထားသည့် ပြည်နယ်ကိစ္စနှင့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ဒေသတို့အတွက် ဆွေးနွေးမှုများ မှာ နိုင်ငံရေးဆွေးနွေးပွဲရောက် မှသာ ဆွေးနွေးနိုင်မည် ဖြစ်သဖြင့် NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ကြရန်လိုကြောင့် UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်မှ သတိပေးပြောဆိုထားသည်။

လေ့လာသူများကမူ ၀ ၊ မိုင်းလားတို့အနေဖြင့် ၄င်းတို့၏ မူလ ရထားသည့် အခြေအနေမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် ပေးထားသည့် အခြေနေထက် ပိုမို မြင့်မားစွာရရှိနေသည့်အတွက် လက်မှတ်ရေးထိုးရန် မဖြစ်နိုင်ဟု ခန့်မှန်းကြသည်။

“သူတို့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလို့လည်း ပြောသေးတယ်။ အခုထိ ကိုးကန့်အပါဝင် အခြား အဖွဲ့တချို့ကို လက်မခံသေးဘူး။ ဘယ်လိုလုပ်နာမည်က အဓိပ္ပာယ်ရှိမလဲ တချို့နေရာတွေ မှာလည်း ပစ်နေခတ်နေ တိုက်နေတုန်းပဲ”- ဟု NDAA မိုင်းလားအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က မှတ်ချက်ပြုပြောဆိုသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List