Wednesday, September 30, 2015

ဘန်ကောက်ဗုံးကွဲမှုဖြစ်စဉ်အားလုံး သုံးသပ်ရှင်းလင်း







ပြီးခဲ့တဲ့လလယ်လောက်က လူပေါင်း ၂၀ သေဆုံးပြီး ၁၂၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့က ထိုင်းအမျိုးသားရဲ တပ်ဖွဲ့ဌာနချုပ်မှာ ဖြစ်စဉ်အားလုံး အနှစ်ချုပ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သနေးရှင်း သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်ပေါက်ကွဲမှုအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးထားတဲ့ လူ၂ ဦးက သူတို့ဟာ ဖောက်ခွဲမှုကျူးလွန်ခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့က သူတို့ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်လည်သရုပ်ပြပြီးခဲ့တဲ့နောက် ရဲတပ်ဖွဲ့က တရားစွဲဖို့ အမှုတွဲတည်ဆောက် ပြီးစီးကြောင်း သတင်းစာရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်က ဖြစ်ပွားတဲ့ ဧရာဝဏ်ဘုရားအနီးပေါက်ကွဲမှု၊ သြဂုတ်လ ၁၈ ရက်နေ့က ဖြစ်ပွားတဲ့ မယ်နမ့်ကျောက်ဖယားမြစ် ဆာထောင်းန်လှေဆိပ်က ပေါက်ကွဲမှုတို့ဟာ ဆက်စပ်မှုရှိပြီး ကျူးလွန်သူတွေဟာလည်း တဖွဲ့တည်းဘဲဖြစ်တယ်လို့ ဘန်ကောက်ပေါက်ကွဲမှု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျထစ်ပ် ချိုင်းကျင်းဒါးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ဧရာဝဏ်ဘုရားပေါက်ကွဲမှုကိစ္စမှာ လူသက်သေ ၂၀၀ ဦး၊ ဆာထောင်းန်လှေဆိပ်ပေါက်ကွဲမှုအတွက် လူသက်သေ ၃၀ ဦးတို့ကို ခေါ်ယူစစ်ဆေးခဲ့တဲ့အပြင် အရာဝတ္ထုသက်သေများကို စီစီကင်မရာ၊ မှုခင်းဆေးသိပ္ပံပညာတွေနဲ့ တိုက်ဆိုင်စစ်ဆေး ခဲ့ကြောင်း၊ အတင်းအကျပ် ၀န်ခံခိုင်းတာ မဟုတ်ဘဲ ကျူးလွန်သူက နုတ်ဖြင့် ၀န်ခံတဲ့အပြင် ခိုင်လုံလောက်သော အကြောင်းပြချက်များကြောင့် အမှုတွဲကို မှန်ကန်စွာ တည်ဆောက်ခဲ့ တယ်လို့ ရဲချုပ်ကြီးက ပြောပါတယ် ။

ဒီအမှုမှာ  နိုင်ငံခြားသား ၁၅ ဦး နဲ့ ထိုင်းနိုင်ငံသား ၂ ဦးတို့ပါဝင်တဲ့ လူပေါင်း ၁၇ ဦး ကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး  လောလောဆယ် ၂ ဦးကို ဖမ်းဆီးမိကာ ၁၅ ဦး လွတ်မြောက်နေဆဲလို့  ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးမှာ နောင်ကျောက်မြို့နယ် ဖူးလ်အာနန်တိုက်ခန်းမှာ ဖမ်းမိထားတဲ့ တူရကီ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အာဒင် ခါရာဒတ် ခေါ် ဗီလာဒစ် မိုဟာမက်နဲ့  ကမ္ဘောဒီးယားနယ်စပ် ဆာကျေက်ခရိုင်မှာ ဖမ်းမိတဲ့ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မိုင်လိုင်လီ ယူဆူဖူတို့ ဖြစ်ပါတယ်။

အာဒင်မှာ စီစီကင်မရာမှဖမ်းယူခဲ့တဲ့ အင်္ကျီအ၀ါရောင်ဝတ်ပြီး ဗုံးပါတဲ့ ကျောပိုးအိတ်ကို ထိုင်ခုံအောက်မှာ ထားခဲ့သူဖြစ်ကာ မိုင်လိုင်လီကတော့ ဗုံးပါတဲ့အိတ်နဲ့ မိုင်လိုင်လီ ရဲ့ ကျောပိုးအိတ်ကို အလဲအလှယ်ပြုခဲ့သူဖြစ်ပြီး ၂ ဦးစလုံးဟာ ဖောက်ခွဲရေးပစ္စည်း လုပ်ဆောင်ရာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဖမ်းဝရမ်းထုတ်ခဲ့တဲ့လူတွေထဲက ထိုင်းလူမျိုး  ၂ ဦးမှာ နန်းဝမ်းနား ဆုန်ဆန် နဲ့  နိုင်းအွတ် ခေါ် ယုံးယုဒ် ဖုက်ကယောက် ဆိုသူဖြစ်ပြီး  နန်းဝမ်းနားဟာ တူရကီနိုင်ငံရောက်ရှိနေကာ အမှုလာရောက်ရင်ဆိုင်ခြင်း မရှိတဲ့အတွက် ထိုင်းနိုင်ငံမှ သူမရဲ့ နိုင်ငံကူးလက်မှတ်ကို ရပ်ဆိုင်း လိုက်ပါတယ်။

နိုင်းအွတ်မှာ ယခုဘန်ကောက်ပေါက်ကွဲမှုမှာ ပတ်သက်တယ်လို့ သံသယရှိတဲ့အပြင် လွန်ခဲ့တဲ့ ၅ နှစ်က ထိုင်းနိုင်ငံရေးပြဿ     နာနဲ့ ပတ်သက်တဲ့ ဗုံးပေါက်ကွဲမှုမှာလည်း ဖမ်းဝရမ်းထုတ်ခံထားရ သူုဖြစ်တယ်လို့ ဆိုပါတယ် ။

ဒါကြောင့် ဘန်ကောက်ပေါက်ကွဲမှုမှာ နိုင်ငံရေးကိစ္စပါဝင်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ချန်လှပ်ထားခြင်း မရှိပါဘူး။ အဓိကမှာ ထိုင်းအစိုးရရဲ့ လူကုန်ကူးမှုပြဿ နာဖြေရှင်း ကိုင်တွယ်တဲ့ အပေါ်မှာ မကျေနပ်လို့ လုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့လပိုင်းက ၀ီဂါတိုင်းရင်းသားလူမျိုး ၁၀၉ ဦင်္းကို တရုတ်အစိုးရထံ လွှဲပြောင်းပေး အပ်ခဲ့တာနဲ့ ပတ်သက်မှုရှိသလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်ကတော့ အဲဒီကိစ္စမှာ နိုင်ငံသားစိစစ်ပြီး တရုတ်နိုင်ငံသားနဲ့ တူရကီနိုင်ငံသားတွေ ဖြစ်ကြောင်း တွေ့ရှိကာ ထိုင်းနိုင်ငံ လ၀က ဥပဒေနဲ့ အညီ ဆောင်ရွက်ခဲ့ တာဖြစ်ကြောင်း၊ နိုင်ငံတာကာကလည်း ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုပြဿ     နာ ဖြေရှင်းမှုအပေါ် စောင့်ကြည့်နေတဲ့ အတွက် နိုင်ငံတကာ လ၀က ဥပဒေနဲ့အညီ တရားမျှတစွာ ဆောင်ရွက်ခဲ့တယ်လို့ဘဲ  ဖြေကြား ခဲ့ပါတယ်။

ဒီအမှုဟာ စစ်သုံးပစ္စည်းကိရိယာများဆိုင်ရာ အက်ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက်  ဖမ်းဆီးရမိ ထားသူတွေကို စစ်ခုံရုံးတင် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၀မ်းဝရမ်းထုတ်ထားသူတွေရော အနောက်ကနေ ကြိုးကိုင်တဲ့ သူတွေပါ ဖမ်းဆီး ဖော်ထုတ်အရေးယူသွားမယ်လို့  ထိုင်းရဲချုပ်က ပြောသွားပါတယ် ။

ဒီအမှုပေါ်ပေါက်ရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့သူ တာဝန်ရှိသူနဲ့ သတင်းပေး ပြည်သူအားလုံးကို ထိုင်းရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်မှ ကျေးဇူး တင်စကား ပြောကြားခဲ့ပြီး  သူ့ရဲ့ လုပ်ငန်းရှင်မိတ်ဆွေများမှ အပ်နှံထားတဲ့ဆုငွေ ဘတ် ၃ သန်းကို အမှုမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ထိုင်းစစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝန်ထမ်းများကို အပ်နှံကြောင်း ပြောကြားခဲ့ပါတယ်။


DVB

No comments:

Post a Comment

My Blog List