Thursday, October 01, 2015

ရွှေ့ပြောင်းများကို လက်ဗွေရာဖြင့် မှတ်ပုံတင်နိုင်ရေး အလေးထားဆောင် ရွက်မည်ဟု အီတလီပြော


ဥရောပအရာရှိများနှင့် ဒေသခံရဲတပ်ဖွဲ့တို့ ပူးပေါင်းကြီး ကြပ်မည့် ရွှေ့ ပြောင်းနေထိုင်သူ စင်တာများတွင် ရွှေ့ပြောင်းနေ ထိုင်သူများ၏ လက်ဗွေရာကို ရယူရေး အင်အားသုံး ဆောင်ရွက်သင့်ပါက ဆောင်ရွက်ရန် အီတလီအစိုးရ စီစဉ်သွားမည်ဖြစ် ကြောင်း အမျိုးသားရွှေ့ပြောင်း နေထိုင်မှု မူဝါဒအကောင်အထည်ဖော်ရေး တာဝန်ခံအရာရှိက ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူ ၉၀ ရာခိုင်နှုန်းအထိ လက်ဗွေရာများ ရယူရန် မျှော်လင့်ထားကြောင်း အီတလီစီမံခန့်ခွဲရေးမှူး မာရီယို မော်ကိုနီက ရိုက်တာသတင်းဌာန အား ပြောကြားသည်။

ရွှေ့ပြောင်းနေထိုင်သူများ ၏ လက်ဗွေရာများ ရယူရေး အီ တလီအစိုးရက သင့်လျော်သော အင်အား အသုံးပြုခွင့် ပေးသွား မည်ဖြစ်သည်။

ယခုနှစ်အတွင်း မြေထဲပင် လယ်ကိုဖြတ်၍ လှေများဖြင့် ဥရောပသို့ ရောက်ရှိ လာသည့် ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူ ငါးသိန်းကျော်အနက် ၁၃၁၀၀၀ တို့သည် အီတလီနိုင်ငံကို ဖြတ် သန်းသွားကြသဖြင့် ဒုတိယကမ္ဘာ စစ် နောက်ပိုင်း ဥရောပ၏ အ ကြီးမားဆုံး ဒုက္ခသည် ပြဿနာကို ရှေ့ဆုံးမှ ရင်ဆိုင်နေရသည့် နိုင်ငံ ဖြစ်လာသည်။

အီတလီနိုင်ငံပြီးနောက် ဂရိ နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူ များ လာရောက်မှု အများဆုံးဖြစ် သည်။

ရွှေ့ပြောင်းနေထိုင်သူများ စတင်ဝင်ရောက်သော အီးယူနိုင်ငံတွင် ခိုလှုံခွင့် တောင်းခံရမည်ဆိုသော အီးယူ၏ ဥပဒေကို ရှောင်ရှားရန် လက်ဗွေအနှိပ် ခံရန် ငြင်း ဆိုမှုများနှင့်အတူ အီတလီအစိုးရ သည် အီတလီကမ်းခြေများသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်း နေထိုင်သူ ထောင်ပေါင်းများစွာကို မည်သူ မည်ဝါဖြစ်ကြောင်း ခွဲ ခြားနိုင်ခြင်း မရှိခဲ့ပေ။

ယခုနှစ် ခြောက်လအတွင်း ရေကြောင်းမှ ရောက်လာသော ရွှေ့ပြောင်း ၉၂,၀၀၀ အနက် သုံး ပုံနှစ်ပုံကိုသာ အီတလီအစိုးရက လက်ဗွေရာဖြင့် မှတ်တမ်းတင်နိုင် ခဲ့သည်။

Ref: Reuters
7Day News Journal

No comments:

Post a Comment

My Blog List