Wednesday, September 30, 2015

သမ္မတ အကြံပေး လုပ်ခဲ့သူ ဦးနေဇင်လတ် ၏ NDP ပါတီ (အမျိုးသား တိုးတက်ရေးပါတီ) မျိုးစောင့်ဥပဒေ ထောက်ခံပွဲပြုလုပ်



သမ္မတဦးသိန်းစိန်၏ အကြံပေးလုပ်ခဲ့သူ ဦးနေဇင်လတ် ဥက္ကဌတာဝန်ယူ တည်ထောင်ထားသည့် NDP ပါတီအနေဖြင့် မျိုးစောင့်ဥပဒေကို ထောက်ခံပြီး ကိုယ့်လူမျိုးကိုယ့် ဘာသာ ကာကွယ်စောင့်ရှောက်မည် ဖြစ်ကြောင်း ၊ အမျိုး ဘာသာ သာသနာအတွက် ဗုဒ္ဓဘာသာကို အစွမ်းကုန် ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း ယင်းပါတီမှ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဦးမြတ်စိုးက The Ladies သတင်းဂျာနယ်သို့ ပြောသည် ။

“မျိုးစောင့်ဥပဒေကို ထောက်ခံပါတယ် ။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာပေါ့ ၊ နိုင်ငံအသီးသီးမှာပေါ့ ။ သူ့လူမျိုး သူ့ဘာသာကို အစွမ်းကုန် ကူညီပံ့ပိုးကြ တယ် ။ ကျွန်တော်တို့ကလည်း ကိုယ့်ဘာသာကို ကာကွယ် စောင့်ရှောက် ကြရမှာပဲ ။ အစွန်းရောက်တဲ့ သဘောပေါ့ မဟုတ်ပါဘူး” ဟု ၄င်းကဆိုသည် ။ NDP ပါတီသည် ဒေါင်းတံဆိပ်ကို အသုံးပြုထားသဖြင့် နယ်ဘက်က ပြည်သူ များအနေဖြင့် NLD ပါတီဟု ထင်မြင်နေမှုအပေါ်တွင် တတ်စွမ်းသမျှ ရှင်းလင်းသွားမည်ဟုလည်း ဦးမြတ်စိုးက ဆိုသည်။

"အဲဒါတွေက ဖြစ်ပေါ်လာတဲ့ အနေအထားတွေပေါ့နော် ။ ပြည်သူကို အသိပေးရမှာပေါ့ ။ ကျွန်တော်တို့ပါတီက သက်တမ်းနုသေးတော့ ခုလိုမျိုးမေးတာတွေ စအချိန်ကတည်းက မေးခံရတယ် ။ သို့လော သို့လော ထင်နေကြတယ်ပေါ့ ။ ရှင်းရမှာပေါ့ " ဟု ၄င်းက ပြန်လည်ပြောဆိုသည် ။

NDP ပါတီသည် ပြည်နယ်နှင့် တိုင်း ၁၂ ခုတွင် ၃၅၄ နေရာ ပါဝင် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ၊ ဧရာဝတီတိုင်း တစ်တိုင်းလုံးတွင် ၁၃ မြို့တွင် အခြေအနေ ကောင်းကြောင်း ၊ ပဲခူးတိုင်းတွင် မြို့ ၂၀ တွင် ၆၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ရာ ၅၀ ရာခိုင်နှုန်း အောင်မြင်မည်ဟု ယုံကြည်ကြောင်း ယင်းပါတီ၏ ဧရာဝတီ တိုင်း ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးကျော်သူရ ထံက သိရသည် ။

သတင်း - မင်းဝသ၁န်
The Ladies News Journal

No comments:

Post a Comment

My Blog List