Thursday, October 01, 2015

"မွတ်ဆလင် ကိုယ်စားလှယ်လောင်း တစ်ဦးတစ်ယောက်ကိုပင် ရွေးချယ်ခဲ့ရင် မဘသ က NLD ကို အကြီးအကျယ် ထိုးနှက်လာမှာ ဖြစ်လို့ ရှောင်လွှဲခဲ့တာပါ” ဟု ဦးဝင်းထိန် ပြောကြား


အဓိက အတိုက်အခံ NLD ပါတီသည် ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ရွေးချယ်ရာတွင် အစ္စလာမ်ဘာသာဝင်များ မပါဝင်ခြင်းမှာ အောင်နိုင်ရေးမဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည် ဟု NLD ၏ ၀ါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောကြားသည်။

အသက် ၇၄ နှစ်ရှိ လွှတ်တော်အမတ် ဦးဝင်းထိန်က NLD ကိုယ်စားလှယ်လောင်း စာရင်းတွင် အစ္စလာမ်ဘာသာဝင်များ ချန်လှပ်ထားရခြင်းမှာ နိုင်ငံရေး အကြောင်းပြချက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။

“အရည်အချင်းမီတဲ့ မြန်မာနိုင်ငံသားစစ်မှန်တဲ့ မွတ်ဆလင်တွေ ကိုယ်စားလှယ်အဖြစ် လျောက်ထားမှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေကြောင့် ရွေးချယ်လို့ မရခဲ့ပါဘူး” ဟု ရန်ကုန်မြို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကော်မတီ ရုံး၌ ပြုလုပ်သည့် UCA သတင်းဌာန နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားသည်။

“သူတို့တွေကလည်း အခြေအနေမှန်ကို နားလည်သဘောပေါက်မှုရှိပြီး ကျွန်တော်တို့ကို နားလည်ပေးပါတယ်” ဟု ဦးဝင်းထိန်ကဆိုသည်။ "ဒါဟာ လူမျိုးရေး ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ဖြစ်တည်နေတဲ့ နိုင်ငံရေး ကွင်းပြင်ပေါ်မှာပဲ အောင်နိုင်ရေးအတွက် Plan ချ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်"

“တကယ်လို့ ကျွန်တော်တို့က မွတ်ဆလင် ကိုယ်စားလှယ်လောင်း တစ်ဦးတစ်ယောက်ကိုပင် ရွေးချယ်ခဲ့ရင် မဘသက NLD ကို အကြီးအကျယ် ထိုးနှက်လာမှာ ဖြစ်တဲ့အတွက် ရှောင်လွှဲခဲ့တာပါ” ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားသည့် ကိုယ်စားလှယ်လောင်းများအနက် ၁၂၄ ဦးကို နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် အချက်များကြောင့် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့
သည်။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List