Wednesday, September 30, 2015

မြေယာကိစ္စဖြင့် ဝန်ထမ်း ၃ ဦးထောင်ချကာ ၃၅ ဦးအငြိမ်းစားပေး အရေးယူခဲ့ရ


မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ မြေယာကိစ္စများတွင် ပါဝင်ပတ်သက်မှုမရှိစေရန် ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း ကပြောသည်။                                                

“မြေယာကိစ္စနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ အများကြီး  အောက်ခြေ အထိကို တော်တော်ကို ပြင်းပြင်းထန်ထန် သတိပေးထားတယ်။ မြေယာကိစ္စ ကို ပါဝင်ပါတ်သက်မှုမရှိအောင်” ဟု စက်တင်ဘာလ ၂၉ ရက်က နေပြည် တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ် ၁၁ တွင် ကျင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အစိုးရသစ်သက်တမ်းအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို မြေယာကိစ္စနှင့် ပတ်သက်၍ သုံးဦး ထောင်ချခံရပြီး အင်ဂျင် နီယားမှူးကြီးအဆင့်ရှိ အပါဝင် ဝန်းထမ်း(၃၅)ဦးကို အငြိမ်းစားပေးကာ အပြစ်ပေး အရေးယူခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းကပြောသည်။ ဘာကြောင့် ထိုသို့ အပြစ်ပေးသည် ကိုမူ ၎င်းက အသေးစိတ် မပြောပေ။

ထို့ပြင် ဝန်ထမ်းတစ်ရာကျော်ကို သတိပေးဆုံးမခဲ့ရပြီး ဝန်ထမ်းသုံးဦးအား လည်း ရာထူးတစ်ဆင့် လျော့ချခဲ့ကြောင်းလည်း ဦးကျော်လင်းကပြောသည်။    
                    
အဆိုပါရှင်းလင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း၊ အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းတင့်နှင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဦးမင်းထိန်တို့ တက်ရောက်ခဲ့ကြသည်။
    
အစိုးရသစ်သက်တမ်းတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက နိုင်းငံအတွင်း တန်ဖိုးနည်းအိမ်ရာ ၂၃,၇၄၆ ယူနစ် ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် တန်းဖိုးနည်း အိမ်ရာများကို ဦးစားပေးဆောက်ရွက်နေကြောင်း ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောကြား ခဲ့သည်။

ယုခုနှစ်အတွင်း တန်ဖိုးနည်း၊ တန်းဖိုးသင့် အိမ်ရာများ ဆက်လက်ဆောင်ရွက်ရန် စီမံထားမှုများ မြောက်များစွားရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“ဒီဘက်မှာ နိုင်ငံတော်အစိုး ရအနေနဲ့ ပြည်သူတွေရဲ့ နေရေးကို အဓိက ထားပြီးတော့ တန်ဖိုးနည်းအိမ်ရာတွေဟာ တစ်ကယ့် ဆင်းရဲသားလုပ်သား ပြည်သူတွေ နေနိုင်လောက်တဲ့ အဆင့်ကို ရည်မှန်ပြီးတော့ ဆောင်ရွက်တာ ဖြစ်သလို တန်းဖိုးလတ်နဲ့ တန်ဖိုးမြင့် အိမ်ရာတွေကလည်း အဆင့်အတန်း အနည်းငယ်ရှိတဲ့ ပြည်သူတွေ ဝန်ထမ်းတွေအတွက် ကျွန်တော်တို့ ဆောင် ရွက်ထားခြင်းဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးစိုးတင့်က ပြောကြားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List