Wednesday, September 30, 2015

အင်းလေး၊ ပုဂံနှင့် နေပြည်တော်တို့ကို ခွေးရူးကင်းစင်နယ်မြေဖြစ်ရန် ဆောင်ရွက်မည်


အင်းလေး၊ ပုဂံနှင့် နေ ပြည်တော်တို့ကို ခွေးရူးကင်းစင် နယ်မြေဖြစ်စေရန် ဆောင်ရွက် မည်ဖြစ်ကြောင်းသတင်းရရှိသည်။ အဆိုပါဒေသများတွင် ကမ္ဘာလှည့်ခရီးသွားများ သွား ရောက်လည်ပတ်မှု များပြားခြင်း ကြောင့် ယခုကဲ့သို့ ခွေးရူးကင်း စင်သော နယ်မြေအဖြစ်ဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန် ဆေးတက္ကသိုလ် (၂)၊ဆေးပညာ ဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ တင့်တင့်ကြည်က ပြောသည်။

‘‘ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာတဲ့အခါမှာ ရောဂါ ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ဒေသ အတွင်း လုံခြုံစိတ်ချရတဲ့ နေရာ တွေဖြစ်အောင် လုပ်သွားဖို့ရှိပါ တယ်။ မြို့နယ်အဆင့်၊ ဇုန်အ ဆင့်ဆိုပြီး နေပြည်တော်၊ အင်း လေး၊ ပုဂံအဲဒီဒေသတွေမှာ ခွေး ရူးပြန်ရောဂါ Zero Reporting ဖြစ်အောင်လုပ်မယ်။ ပြီးရင် တစ် ဆင့်ပြီး တစ်ဆင့် မြို့နယ်တွေအ များကြီးကို ဆက်လက်ဆောင် ရွက်မှာပါ။ဒီလိုလုပ်ဖို့အတွက် တင်ပြထားတယ်’’ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအပါအ ၀င် အာဆီယံဒေသတွင်း နိုင်ငံ များသည် ၂၀၂၀ ပြည့်နှစ်၌ ခွေး ရူးရောဂါကင်းစင်သော နိုင်ငံများ ဖြစ်စေရန် ဆောင်ရွက်ခြင်း ဆို သည့် သဘောတူညီချက်ချမှတ် ထားခြင်းကြောင့် ယခုကဲ့သို့ စီမံ ချက်များရေးဆွဲဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ခွေးရူးရောဂါကင်းစင်သော နယ်မြေဖြစ်ပေါ်စေရေးဆောင် ရွက်ရာတွင် ခွေးများအားကာ ကွယ်ဆေးထိုးခြင်း၊ လူများအား ခွေးရူးပြန်ကာကွယ်ဆေး ထိုးခြင်းနှင့် အိမ်မွေးခွေးများကို မှတ်ပုံတင် ခြင်း စသည့်လုပ်ငန်းများ ပါဝင်ပြီး ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ခွေးရူး ရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း လျော့ကျလာနိုင်ကြောင်း ဒေါက် တာ တင့်တင့်ကြည်က ဆက် လက်ပြော သည်။

လက်ရှိတွင် ကျန်းမာရေးဝန် ကြီးဌာနသည် ခွေးရူးရောဂါဖြစ် ပွားနှုန်းနှင့် သေဆုံးနှုန်းလျှော့ချ နိုင်ရန် ပြည်သူ့ဆေးရုံများတွင် ခွေးရူးပြန်ကာကွယ် ဆေးအခမဲ့ ထိုးနှံပေးခြင်းနှင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီသည် လေလွင့်ခွေးများ လိုက် လံဖမ်းဆီး၍ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။

အာရှတွင် မြန်မာနိုင်ငံသည် လူဦးရေ တစ်သန်းလျှင် ၂၂ ဦး နှုန်းဖြင့် ခွေးရူးပြန်ရောဂါအဖြစ် အများဆုံးဖြစ်ပြီး ခွေးကိုက်ခံရ နှုန်းမှာ နှစ်စဉ် ခြောက်သိန်းခန့်ရှိ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ခန့်မှန်းထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List