Friday, October 02, 2015

အီးယူရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွင် လူတစ်ရာကျော်ပါမည်


 မြန်မာနိုင်ငံ၏ ရွေး ကောက်ပွဲကို ပထမဆုံးစောင့် ကြည့်လေ့လာမှုအဖြစ် ဥရောပ သမဂ္ဂ(EU) မှ စေလွှတ်မည့် ရွေး ကောက်ပွဲလေ့လာစောင့်ကြည့် ရေးအဖွဲ့ (EOM) တွင် လူတစ်ရာ ကျော်ပါဝင်မည်ဖြစ်ကြောင်း စက် တင်ဘာ ၂၉ ရက်စွဲဖြင့် အီးယူက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ ဖိတ်ကြား ချက်အရ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန် ဥရောပ သမဂ္ဂသည် EOM ကို ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ကို ဥရောပပါလီမန် ဒုဥက္ကဋ္ဌ အလက်ဇန္ဒားဂရက်ဖ် လမ့်ဒေါ့ဖ်က ဦးဆောင်ထားသည်။

အီးယူရွေးကောက်ပွဲ လေ့ လာသုံးသပ်သူ ကိုးဦးပါဝင်သည့် EOM Core Team သည် စက် တင်ဘာ ၂၆ ရက်မှစ၍ မြန်မာ နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး ရွေး ကောက်ပွဲလုပ်ငန်းစဉ် ပြီးဆုံး သည်အထိ နေကြမည်ဖြစ်သည်။ EOM တွင် ကာလတို၊ ကာလရှည် အစီအစဉ်နှစ်ရပ်ရှိသည့်အနက် ရွေးကောက်ပွဲကို ကာလရှည်လေ့ လာစောင့်ကြည့်မည့်သူ ၃၀ ဦး သည် အောက်တိုဘာ ၇ ရက်၌ ရောက်ရှိမည်ဖြစ်ပြီး EOM Core Team ကို ပူးပေါင်းမည်ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာ ၈ ရက် တွင် နိုင်ငံတစ်ဝန်း ဖြန့်ကြက်လေ့ လာမည့် ရေတိုလေ့လာစောင့် ကြည့်သူ ၆၂ ဦးကလည်း နိုဝင် ဘာ ၂ ရက်၌   EOM CT ကို ပူး ပေါင်းကြမည်ဖြစ်သည်။ ၎င်းတို့ ကို အီးယူပါလီမန်အဖွဲ့ဝင် ခုနစ် ဦးနှင့် အီးယူအဖွဲ့ဝင်နိုင်ငံ အသီး သီးတို့၏ မြန်မာနိုင်ငံအခြေစိုက် သံတမန်များက ရွေးကောက်ပွဲ နေ့တွင် အားဖြည့်ကူညီသွားရန် စီစဉ်ထားသည်။

လွတ်လပ်သည့် အဖွဲ့တစ် ဖွဲ့ဖြစ်သော EOM အနေဖြင့် ရွေး ကောက်ပွဲလုပ်ငန်းစဉ်တွင် မည် သည့်နည်းနှင့်မျှ ၀င်ရောက်စွက် ဖက်မည် မဟုတ်သကဲ့သို့ ရွေး ကောက်ပွဲရလဒ်များကို တရားဝင် အတည်ပြုမှုလည်း လုပ်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအ သွင်ကူးပြောင်းမှုနှင့် အများယုံ ကြည်လက်ခံလောက်သော ပွင့် လင်းမြင်သာသည့် အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်ရေး ကတိက၀တ်တို့ကို ဥရောပသမဂ္ဂ က  အထောက်အကူပြုကြောင်း EOM က မီးမောင်းထိုးပြသည်ဟု ဆိုသည်။

‘‘ရွေးကောက်ပွဲကို ငြိမ်းချမ်း ပြီး အားလုံးပါဝင်တဲ့ ပတ်ဝန်း ကျင်အခြေအနေမှာ ကျင်းပနိုင် ခြင်းဟာ နိုင်ငံမှာ တောင့်တင်း ခိုင်မာတဲ့ နောက်ကြောင်းပြန် မလှည့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို ကူညီဖော်ဆောင်ပါလိမ့်မယ်’’ ဟု ဥရောပသမဂ္ဂ၏ ဒုဥက္ကဋ္ဌ လည်းဖြစ်၊ နိုင်ငံခြားရေးနှင့် လုံ ခြုံရေးမူဝါဒဆိုင်ရာ သမဂ္ဂ၏ အဆင့်မြင့်ကိုယ်စားလှယ်လည်း ဖြစ်သည့် ဖက်ဒရီကာ မော်ဂါရီနီ က ပြောကြားကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အလက်ဇန္ဒားဂရက်ဖ်လမ့် ဒေါ့ဖ်ကို လေ့လာစောင့်ကြည့်သူ အကြီးအကဲအဖြစ် မော်ဂါရီနီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မော်ဂါရီ နီ၏   ဆုံးဖြတ်ချက်ချပြီးနောက် တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အီးယူကြား နား လည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီး ကြိုတင်မဲပေးခြင်း အပါအ၀င် နိုင်ငံအနှံ့ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ ရွေး ကောက်ပွဲလုပ်ငန်းစဉ် အခြေအ နေအဆင့်အရပ်ရပ်၌ အီးယူလေ့ လာစောင့်ကြည့်သူများ ရောက်ရှိ စောင့်ကြည့်ခွင့်ကို သဘောတူခဲ့ ကြသည်။

EOM အနေဖြင့် ရွေးကောက် ပွဲနေ့ပြီးနောက် ၄၈ နာရီအကြာ တွင် ပဏာမကြေညာချက်တစ် စောင် ထုတ်ပြန်မည်ဖြစ်ပြီး နောက်တစ်ဆင့်အနေဖြင့် ထောက်ခံ ချက်များနှင့် စွပ်စွဲပြောဆိုချက် များကို သုံးသပ်ထားသည့် နောက် ဆုံးအစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်မည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သည့် Carter Centre၊ အမေရိကန်နိုင်ငံအခြေစိုက် International Republican Institute ၊ နယ်သာလန်နိုင်ငံအ ခြေစိုက် Gender Concern International၊ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက်  National Citizen Movement for Free Elections - NAMFREL တို့ကို ရွေးကောက် ပွဲစောင့်ကြည့်လေ့လာခွင့်ပေး ထားပြီး ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List