၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြတ်အသတ်အနိုင်ရရှိရေး သန္နိဋ္ဌာန်ချပြီး ကြိုးပမ်းဆောင်ရွက်ကြရန် ယင်းပါတီတည်ထောင်ခြင်း(၂၇)နှစ်မြောက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ တိုက်တွန်းထားသည်။
မြန်မာ့နိုင်ငံရေးအပြောင်း အလဲကို အမှန်တကယ်လက်တွေ့ ကျကျပြောင်းလဲပေးနိုင်မည့် နိုင်ငံ ရေးပါတီသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ တစ်ပါးအခြားပါ တီများမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် အားကောင်းသော ခေါင်းဆောင်မှု၊ တောင့်တင်းခိုင်မာ သော လူထုထောက်ခံမှုရှိသည့် ပါတီ၊ ပြည်သူလူထုနှင့် တစ်သား တည်းကျသော ဒီမိုကရေစီမူဝါဒ လမ်းစဉ်စသည့် အရည်အချင်း များရှိနေသည်ဟု ပါရှိသည်။
ပြီးခဲ့သည့် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး လာမည့်ရွေးကောက်ပွဲ၌လည်း ပြည်သူလူထု၏ ထောက်ခံမှုကြောင့် အပြတ်အသတ်အနိုင်ရရမည်ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလအဖွဲ့ချုပ်ကြီးကို ခေါင်း ဆောင်လျက် ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကြီးမှတစ်ဆင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပုံဖော်ပေးခဲ့ကြောင်း၊ ထို့အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပဲ့ကိုင်လမ်းညွှန်လျက် လာမည့်အထွေထွေ ရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးအလှည့်အပြောင်းကို ပြောင်းလဲနိုင်တော့မည်ဖြစ် ကြောင်း ပါတီတည်ထောင်ခြင်း (၂၇) နှစ်မြောက်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ယခုလ ၂၇ ရက်တွင် ကျ ရောက်သော အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်တည်ထောင်ခြင်း (၂၇ ) နှစ်မြောက်အထိမ်းအမှတ်အခမ်း အနားကို ရန်ကုန်မြို့ရှိ ပါတီဌာန ချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒီမိုကရေစီအင်အားစုများတက်ရောက်ခဲ့ကြသည်။
၂၀၁၅ သည် အမျိုးသား ခေါင်းဆောင် လွတ်လပ်ရေးဗိသု ကာ တပ်မတော်ဖခင်ကြီး ဗိုလ် ချုပ်အောင်ဆန်း၏ နှစ်တစ်ရာ ပြည့်အချိန်အခါသမယနှင့် တိုက် ဆိုင်နေသည်။ ထို့ကြောင့် ကျွန်ုပ် တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်ကို ဂုဏ်ပြုသော အားဖြင့် စစ်မှန်သော နိုင်ငံရေးအ ပြောင်းအလဲကို ပေါင်းစည်းဖြည့် ဆည်းသောအားဖြင့် အဖွဲ့ချုပ် အား နှစ်ပေါင်း (၂၇) နှစ်တိုင်တိုင် ဘ၀နှင့် ဆန္ဒကို အရင်းတည်ခဲ့ကြ သော အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ တိုင်းရင်းသားပြည်သူလူထုများကို အ လေးအမြတ် ပြုသောအားဖြင့် ၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ၌ အဖွဲ့ချုပ်အပြတ်အသတ်အနိုင်ရရမည်ဟု သန္နိဋ္ဌာန်ချရင်း ကြိုးပမ်းဆောင် ရွက်ကြပါစို့ဟု ကြေညာချက်တွင် တိုက်တွန်းထားသည်။
၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲကို ဒီချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
7Day News Journal
No comments:
Post a Comment