Thursday, October 01, 2015

ညိမ်းအထူးကုဆေးရုံဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရ၍ မန္တလေးတွင် လုံခြုံရေး အထူးတင်းကျပ်


မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ ညိမ်းအထူးကု ဆေးရုံတွင် ၂၄ နာရီအတွင်း ဗုံးခွဲမည်ဟု ဖုန်းဖြင့် ခြိမ်းခြောက်ခံရ၍ မန္တလေးမြို့ပေါ်၌ လုံခြုံရေးအထူး တင်းကျပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။
ချမ်းအေးသာစံမြို့နယ် ၈၂ လမ်း၊ ၂၉×၃၀ လမ်းကြားရှိ ညိမ်း အထူးကု ဆေးရုံရှိ ဧည့်ကြိုဌာနသို့ ဗုံးခွဲမည်ဖြစ်၍ ၂၄ နာရီအတွင်း ဆေးရုံအအတွင်းမှ အမြန်ထွက် ခွာရန်စက်တင်ဘာ ၂၉ ရက် ည ၈ နာရီခွဲက ဖုန်းဖြင့် ပြောကြားခဲ့ ကြောင်း အဆိုပါအကြီးတန်းရဲအ ရာရှိက ထပ်မံပြောသည်။

‘‘လတ်တလော သုံးသပ် ထားတာကတော့ ဆေးရုံက ဆ ရာဝန်တွေ စောင့်ရတာကြာတာ ရယ်၊ ဝန်ထမ်းတွေရဲ့ဆက်ဆံရေး မပြေလည်လို့ တစ်ယောက် ယောက်က ခြိမ်းခြောက်ပြောဆို တာမျိုးလည်း ဖြစ်နိုင်တယ်။ ဖုန်း အဝင်မှတ်တမ်းက ပြန်စစ်လို့မရ ဘူး။ အထွက်ပဲ မှတ်တမ်းလုပ် ထားတာရှိတော့ အဆင်မပြေဘူး။ ဆေးရုံပတ်ဝန်းကျင်မှာ ရဲဝတ်စုံနဲ့ အစောင့်ချထားရင် ပြည်သူတွေ ထိတ်လန့်မှာစိုးလို့ အရပ်ဝတ်နဲ့လုံခြုံရေး ချထားတယ်’’ဟု   ၎င်းက ပြောသည်။

ဆေးရုံအတွင်း ဗုံးထောင် ထားသည်ဟု ဆက်သွယ်ခြောက် လှန့်ခဲ့သဖြင့် မိုင်းရှာကိရိယာများ ဖြင့် အခန်းပေါင်း ၁၀၀ ကျော်တွင် ရှာဖွေစစ်ဆေးခြင်း၊ လုံခြုံရေး ကင်မရာများဖြင့်    ကြည့်ရှုစစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။

‘‘ဗုံးတွေ့တယ်ဆိုပြီး စစ်ခွေး တွေနဲ့ရှာနေတာ အရင်တုန်းက လည်း ဆေးရုံနဲ့မျက်နှာချင်းဆိုင် အိမ်မှာ လက်နက်တွေ တစ်ခါ တွေ့ဖူးတယ်’’ဟု အဆိုပါဆေးရုံ အနီးတွင် နေထိုင်သည့် အမျိုး သားတစ်ဦးက ပြောသည်။

မန္တလေးမြို့ လုံခြုံရေးကို စီမံ ချက်များရေးဆွဲ၍ ဆောင်ရွက် လျက်ရှိသော် လည်း ရွေးကောက် ပွဲစည်းရုံးရေးကာလများဖြစ်သည့် အတွက် လုံခြုံရေးကို ယခင်က ထက် ပိုမိုကြပ်မတ်ဆောင်ရွက် မည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီးစိန်ထွန်းက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List