Friday, October 02, 2015

တိုက်ပွဲဖြစ်နေသည့် မံစီဒေသအတွင်း ကျေးရွာအုပ်စု ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲကျင်းပမည်


အစိုးရတပ်မတော်နှင့် ကေအိုင် အေ ကချင်လွတ်မြောက်ရေးအဖွဲ့တို့ အကြား တိုက်ပွဲများဖြစ်ပွားနေသည့် မံစီ မြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း မံစီမြို့ နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးမြင့် မောင်က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

''ကျွန်တော်တို့က တချို့ကျေးရွာ အုပ်စုတွေကို နဂိုကတည်းက ကေအိုင် အေတို့၊ ဘာတို့ရှိနေတဲ့အတွက် မဲစာ ရင်း သွားမကောက်ထားဘူး။ အဲဒီတော့ မဲစာရင်းကောက်ထားတဲ့ ၂၄ အုပ်စု မှာကိုပဲ ရွေးကောက်ပွဲကျင်းပမယ်။ မြို့ ပေါ်ကတော့ ရပ်ကွက်အားလုံးကျင်းပ ဖြစ်မှာပါ''ဟု ဦးမြင့်မောင်က ပြော သည်။

လတ်တလော တိုက်ပွဲများဖြစ် ပွားနေသည့် ဂျေဆန်း၊ ခါနမ်ကျေးရွာ အုပ်စုကဲ့သို့သော ကျေးရွာအုပ်စုများ တွင်မူ ရွေးကောက်ပွဲပြုလုပ်ရန် ယခင် ကတည်းက လျာထားခြင်းမရှိဘဲ လတ် တလော တိုက်ပွဲများအတွက် စစ်ဘေး ရှောင်များ ယာယီခိုလှုံနေသည့် မိုင်း ခေါင်ကျေးရွာအုပ်စုတွင်မူ ရွေးကောက် ပွဲကျင်းပရန်ရှိနေကြောင်း သိရသည်။

မံစီမြို့နယ်အတွင်း တိုက်ပွဲဖြစ် ပွားနေသည့်ဒေသများနှင့် ရွေးကောက် ပွဲပြုလုပ်နိုင်ခြင်းမရှိသည့် ဒေသအများ စုတွင်နေထိုင်သူများမှာ ကချင်နှင့်ရှမ်း တိုင်းရင်းသားများဖြစ်ပြီး အဆိုပါဒေသ များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့်အတွက် တိုင်းရင်းသားပါတီ များအတွက် နစ်နာမှုများရှိနိုင်ကြောင်း မံစီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည် ရွယ်ထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းဇင်မင်း အေးက မှတ်ချက်ပြုပြောဆိုသည်။

လတ်တလောအတွင်းမှာပင် က ရင်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု ပေါင်း ၁ဝဝ ကျော်တွင် လုံခြုံရေးအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိ ကြောင်း ကရင်ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က ကြေညာထားသည်။

YangonMediaGroup

No comments:

Post a Comment

My Blog List