Thursday, October 01, 2015

ပြည်နယ်ကော်မရှင်ခွင့်မပြုသော်လည်း ဒေါ်အောင်ဆန်းစုကြည် မူလအစီအစဉ်အတိုင်း မနောကွင်းတွင် မဲဆွယ်ဟောပြောမည်


ပြည်နယ်ကော်မရှင်ကခွင့်ပြုချက်မပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ မြစ်ကြီးနားလူထု တွေ့ဆုံပွဲ ကို မူလစီစဉ်ထားသည့်အတိုင်း မနောကွင်း ၌ပင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည် နယ်အောင်နိုင်ရေးကော်မတီမှ သတင်းရရှိသည်။
အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ၏ လူထုတွေ့ဆုံ ပွဲကို မြစ်ကြီးနားမြို့ မနောကွင်း၌ ပြုလုပ်ရန် ကချင်လူမျိုး များရိုးရာ ယဉ်ကျေးမှုကော်မတီက ခွင့်ပြု ထားခြင်းဖြစ်သည်။ သို့သော် ကချင်ပြည်နယ် အစိုးရအဖွဲ့က ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင် သည့်အတွက် မနောကွင်းကို နိုင်ငံရေးပါတီနှင့် ကိုယ် စားလှယ်လောင်းများ စည်းရုံး ဟောပြောခွင့်မပြုရန်နှင့် ခွင့်ပြု ပေးခြင်းကြောင့် ပါတီများနှင့် မျိုးနွယ်စုများကြား ပြဿနာတစ် စုံတစ်ရာဖြစ်ပွားခဲ့ပါက သက် ဆိုင်ရာ တာဝန်ရှိသူများကို ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့ သည်။

ထို့ကြောင့် ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ခွင့်ပြုချက်ထပ်မံ တင်ထားသော် လည်း စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီကျော်အထိ ပြန် လည်အကြောင်းကြားခြင်းမရှိ သေးကြောင်း ဒီချုပ်ကချင်ပြည် နယ်အောင် နိုင်ရေး တာဝန်ခံ ဦးဝင်းဗိုလ်ကပြောသည်။

‘‘ဘာပဲတားတား မနောကွင်းမှာပဲ လုပ်မှာပါ။ ရိုးရာကော်မတီ ကလည်း ခွင့်ပြုပြီးသားပဲ’’ ဟု အထက်ပါ ပုဂ္ဂိုလ်ကဆက်လက် ပြောသည်။

ကချင်ပြည်နယ် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ ဆက်သွယ်မေးမြန်းခဲ့ရာ ‘‘ခွင့်မပြု ဘူးဆိုတာ အခုပဲစာပေးလိုက်ပါ တယ်’’ဟု ယင်းကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက စက်တင် ဘာ ၃၀ ရက်ညနေ ၆ နာရီခန့်တွင် 7Day Daily ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ကချင်ပြည်နယ် ခရီးစဉ် အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ အင်းတော် ကြီးအပါအဝင် မြို့ပေါင်း ခုနစ်မြို့ ခန့်သို့ သွားရောက်ရန်စီစဉ်ထား ကြောင်း ဒီချုပ်ကချင်ပြည်နယ် အောင်နိုင် ရေး ကော်မတီမှ သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List