Tuesday, September 29, 2015

အပ်ထည်များလွန်းသဖြင့် မင်္ဂလာဒုံဈေးတွင် တပ်မတော်ဝတ်စုံသစ် အပ်ထည်သစ်များ လက်မခံတော့


အောက်တိုဘာ ၁ ရက် မှစ၍ တပ်မတော်၏ ဝတ်စုံအချို့ ကို ပြင်ဆင်ပြောင်းလဲမည်ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပြီး နောက် အပ်ထည်များပြားလွန်း၍ တပ်မတော်စစ်သည်တော်များ၏ ဝတ်စုံသစ်အပ်ထည်များကို မင်္ဂလာဒုံဈေးရှိ အပ်ချုပ်ဆိုင်တွင် လက်မခံနိုင်တော့ကြောင်း သတင်းရရှိသည်။

‘‘စက်တင်ဘာ အစပိုင်း လောက်မှာတော့ ဒီလောက်အပ် ထည်မများဘူး။ အပ်ထည်လည်း နည်းတယ်။ နောက်ပိုင်းရက်တွေ ပိုများလာတယ်။ အခုဆို ဒီဈေးမှာ ဖွင့်ထားတဲ့ဆိုင်တွေ အကုန်လုံး လည်း အပ်ထည်တွေ လက်မခံ နိုင်တော့ဘူး။ လက်ရှိအပ်ထားတဲ့ အထည်တွေတောင် ပြီးအောင် မနည်းချုပ်နေရတယ်’’ဟု မင်္ဂလာ ဒုံဈေးမှ အနှစ် ၃၀ ကျော်ရှိအပ် ချုပ်ဆိုင်ပိုင်ရှင် အမျိုးသားက ပြောသည်။

စက်တင်ဘာ ၂၃ ရက်က ကယားပြည်နယ် ဖရူဆိုတပ်နယ် ရှိ တပ်မတော်တန်းမြင့် လေ့ကျင့် ရေးသင်တန်းကျောင်းမှ အရာရှိ စစ်သည်များ၊ သင်တန်းသားများ နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာထူးတိုးမြှင့်ပေးရန်နှင့် ဝတ်စုံပြောင်းလဲမည့်ကိစ္စကို ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် ချုပ်ခဈေးနှုန်း မှာ ပုံမှန်ကြေး ကျပ် ၆,၀၀၀၊ အမြန်ကြေး ကျပ် ၈,၀၀၀ ဖြင့် ချုပ်လုပ် နေပြီး ပြင်ဆင်ရမည့် အဝတ် အထည်များကို ပုံမှန်ကျပ် ၄,၀၀၀၊ ကျပ် ၅,၀၀၀ နှုန်းဖြင့် ချုပ်လုပ် ပြင်ဆင်ပေးနေသော်လည်း ယခု လ ၁၅ ရက်မှစတင်ကာ အပ်ထည်၊ပြင်ထည်များကို လက်မခံနိုင် တော့ကြောင်း မင်္ဂလာဒုံဈေးတွင် ဖွင့်လှစ်ထားသည့် စက်ချုပ်ဆိုင် ပိုင်ရှင်များက ပြောသည်။

‘‘လာအပ်တဲ့သူတွေထဲမှာ တော့ အရာရှိတွေလာအပ်တာ များတယ်။ အခုရက်ပိုင်း နယ် ဘက်ကတက်လာတဲ့ အရာရှိတွေ လာအပ်ပေမယ့် မချုပ်ပေးနိုင် တော့ဘူး။ ကိုယ်တိုင်းယူပြီးချုပ် တာမြန်တယ်။ ပြန်ပြင်တဲ့အထည် တွေကတော့ ပိုကြာတယ်။ ဈေး ပိုပေးလည်း အပ်ထည်တွေများ တော့ လက်မခံနိုင်ဘူး’’ဟု အပ် ချုပ်ဆိုင်နှင့် စစ်အသုံးဆောင် ပစ္စည်းရောင်းချသည့် ဆိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုကဲ့သို့ တပ်မတော်သား များ၏ ဝတ်စုံများပြောင်းလဲရန် စီစဉ်မှုမှာ သမ္မတဦးသိန်းစိန် လက်ထက်တွင် ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၁၂ ဒီဇင်ဘာ၌ ပြုလုပ်ခဲ့သည့် စစ်တက္ကသိုလ်ဗိုလ်လောင်း သင် တန်း အမှတ်စဉ် (၅၅)သင်တန်း ဆင်း ဂုဏ်ပြုညစာစားပွဲတွင် ဝတ်စုံသစ်ကို ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်အပါအဝင် တာဝန်ရှိသူများက ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

‘‘တပ်မတော်မှာ အသစ် ပြောင်းလဲဝတ်ဆင်ရမယ့် ယူနီ ဖောင်းများကို အောက်တိုဘာ ၁ ရက်တွင် တပ်မတော်၏ တပ်ရင်း တပ်ဖွဲ့အားလုံး စတင်ဝတ်ဆင်ရ မှာဖြစ်ပါတယ်။ အခုယူနီဖောင်း အသစ်တွေကို တပ်ကထုတ်ပေး ထားပြီးပါပြီ။ မင်္ဂလာဒုံဈေးမှာဆို ရင် ထုတ်ပေးတဲ့ ယူနီဖောင်း အသစ်တွေ ကျယ်နေတာတို့၊ ကျပ်နေတာတို့ကို လာပြင်တဲ့သူ တွေအများကြီးပါပဲ။ ရုံးထိုင်ဆိုရင် အပေါ်က ငှက်ပျောနုရောင်နဲ့ အောက်ကတော့ အရင်စစ်စိမ်း ရောင်ကို တွဲဝတ်ရပါမယ်။ တိုက် ပွဲထွက်ရရင်၊ ရှေ့တန်းဆိုရင်တော့ နဂိုမူလ စစ်စိမ်းကိုဝတ်ရပါမယ်’’ဟု ရန်ကုန်တိုင်းစစ်ဌာန ချုပ် အရာရှိတစ်ဦးက ပြောသည်။

မင်္ဂလာဒုံဈေးအတွင်း စက် ချုပ်ဆိုင်နှင့် စစ်တပ်ပစ္စည်း တွဲဖက်ရောင်းချသည့် ဆိုင် ၅၀ ကျော်ဖွင့်လှစ်ထားပြီး လက်ရှိချုပ်ပေးနေသော ယူနီဖောင်းအရောင်မှာအပေါ်အင်္ကျီဒေါနစိမ်းရောင်နှင့် အောက်ဘောင်းဘီအရောင်မှာ ရေညှိစိမ်းရောင်ဖြစ်ကြောင်း သိရသည်။

တပ်မတော်မှ အသစ်ပြောင်းလဲမည့် ၀တ်စုံအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
7Day Daily

No comments:

Post a Comment

My Blog List