Wednesday, September 30, 2015

လက်မှတ်ထိုးမည့် ၇ ဖွဲ့နှင့် မထိုးသည့်အဖွဲ့များ အကြား ဘယ်လိုရှေ့ဆက်ကြမလဲ






ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင် များ (EAOs) တတိယမြောက်နေ့ ဆွေးနွေးပွဲပြုလုပ်လျှက်ရှိသည်။

ယနေ့ဆွေးနွေးပွဲတွင် လက်မှတ် ထိုးမည့် အဖွဲနှင့် မထိုးသေးသည့် အဖွဲ့များအကြား ပူးပေါင်းကော်မတီဖွဲ့စည်းရန်၊ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကိစ္စ၊ NCCT နှင့် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD အဖွဲ့များ၏ ရှေ့ဆက်သွားမည့် အခန်းကဏ္ဍ အပါ အ၀င် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဟုသိရသည်။

ယနေ့ ထိပ်သီးအစည်းအဝေး တတိယမြောက်နေ့၏ သဘာပတိအဖြစ် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ထောမွန်၊ အရံသဘာပတိများအဖြစ် ကရင်နီးအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဌ ခွန်းအေဘယ်တွိနှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဦးခွန်မြင့်ထွန်းတို့က တာဝန်ယူဆောင်ရွက်နေကြသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List