Thursday, October 01, 2015

ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်ယုံကြည်သကဲ့သို့ သမီးဖြစ်သူကိုလည်း အားပေးထောက်ခံကြရန် ဦးတင်ဦး မန္တလေးမြို့ခံများအား မေတ္တာရပ်ခံ တိုက်တွန်း


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလအတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ယုံကြည်ချစ်ခင် ကြသကဲ့သို့ မြန်မာ့ဒီမိုကရေစီအ ရေးကြိုးပမ်းမှုတွင်လည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံကြရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက မန္တလေးမြို့ခံများအား မေတ္တာရပ်ခံတိုက်တွန်းသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏   လွတ်လပ်ရေး ခေါင်းဆောင်၊   တပ်မတော်၏ ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်ပြီး သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်သည်လည်း မြန်မာ့ဒီ မိုကရေစီအရေးနှင့် ငြိမ်းချမ်း ရေး မီးရှူးတန်ဆောင်ဖြစ်သည့်အတွက်  မန္တလေးမြို့ခံများအနေဖြင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင်  ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံမဲပေးကြရန် ဦးတင်ဦးက စက်တင်ဘာ ၃၀ ရက်ညနေက မန္တလေး မြို့လူထုဟစ်တိုင်ကွင်းတွင် မြို့လူထုနှင့် တွေ့ဆုံစဉ် မေတ္တာရပ်ခံပြောကြား ခြင်း ဖြစ်သည်။

‘‘ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ တော်ကို ကြွေးကြော်ထားပြီး ဖြစ် တယ်။ အဲဒါ ကြောင့်မို့ ဒီမိုကရေစီ နိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို အောင်မြင်စွာ တည်ထောင် နိုင်ဖို့အတွက် လစ်ဟင်းချို့ယွင်း နေတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် ဒီတစ်ခါမှာ လည်း မလွတ်တမ်းခင်ဗျားတို့ သည် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပြည့်အစုံပါဝင်နိုင်ဖို့အ တွက် ထိုက်ထိုက်တန်တန်ဆောင်ရွက်နိုင်အောင်၊ ဆောင်ရွက်နိုင် စွမ်းရှိဖို့အတွက် ၀ိုင်းဝန်းပြီးတော့ အပြည့်အ၀တစ်ခဲနက်နဲ့ မိမိတို့ရဲ့ အသည်းကြားက မဲတစ်ပြားကို အောင်မြင်စွာပေးလိုက်ကြပါဆိုတာ ကို လေးလေးနက်နက်တိုက်တွန်းပါတယ်’’ဟု ဦးတင်ဦးက ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List