Thursday, October 01, 2015

မွမ်ဘိုင်း ရထားဗုံးခွဲမှု တရားခံငါးဦးအား သေဒဏ်များချမှတ်


အိန္ဒိယနိုင်ငံ အ နောက်ပိုင်း မွမ်ဘိုင်းမြို့မှ တရား ရုံးတစ်ခုသည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် မွမ်ဘိုင်းရထားတွဲများ ဗုံး ပေါက်ကွဲမှုအတွက် တရားခံ ငါး ဦးအား သေဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။ တရားရုံးသည် ၎င်းတို့ ဖမ်းဆီးထားသည့် တရားခံ ၁၂ ဦးမှ ခုနစ်ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ထိုစဉ် ၂၀၀၆ ဇူလိုင် ၁၁ ရက် ညနေပိုင်း ရုံးဆင်းချိန်တွင် ရထားတွဲများမှာ ခုနစ်ကြိမ် ဆက်တိုက် ဗုံးပေါက် ကွဲမှုများဖြစ်ခဲ့ပြီး ၁၈၉ ဦး သေ ဆုံးကာ ၈၀၀ ကျော် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုကို ပါကစ္စ တန် စစ်သွေးကြွများ လုပ်ဆောင် ခဲ့သည်ဟု အိန္ဒိယက စွပ်စွဲခဲ့သော်လည်း ထိုနိုင်ငံကမူ ငြင်းဆန်ခဲ့ သည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် ၎င်း ၏ အမှုသည်များမှာ အပြစ်မရှိ သူများဖြစ်ပြီး အမှုနှင့်မဆိုင်ဘဲ ဆွဲထည့်ခံရသူများ ဖြစ်ကြောင်း နှင့် အထက်တရားရုံးတွင် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း တရား ခံများ၏ ရှေ့နေက ဆိုသည်။

အဆိုပါ တရားခံ ၁၂ ဦးမှာ လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ နိုင်ငံတော်ကို စစ်ရေးတိုက်ခိုက်မှု စွဲချက်များဖြင့် ယခုလဆန်းကပင် တရားရုံးတင် တရားစွဲဆိုခံရပြီး နောက် ယခုကဲ့သို့ ပြစ်ဒဏ်များ အသီးသီး ချမှတ်ခံခဲ့ရခြင်း ဖြစ် သည်။

ထိုစဉ်က မွမ်ဘိုင်းရထား များတွင် တိုက်ခိုက်မှုကြောင့် သေ ဆုံးသူ များပြားခဲ့ရခြင်းမှာ ထို ရထားစနစ်သည် ကမ္ဘာတွင် လူအ များဆုံး အသုံးပြုသည့်စနစ်ဖြစ် ပြီး တစ်နေ့လျှင် လူရှစ်သန်းခန့် စီးနင်းလျက်ရှိသည်။

ထိုစဉ်က ဗုံးများကို ထမင်း ပေါင်းအိုးများအတွင်း ထည့်ထား ပြီးနောက် အိတ်ဖြင့် ထပ်ဖုံးအုပ် ကာ တစ်လုံးနှင့်တစ်လုံး ၁၅ မိနစ်စီခြား၍ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

ရှစ်နှစ်ကြာ စစ်ဆေးခဲ့သည့် ထိုအမှုကို ယမန်နှစ် ဩဂုတ်လက အပြီးသတ် ခဲ့ပြီး မျက်မြင်သက် သေ ၂၀၀ ကျော်ကိုလည်း စစ် ဆေးခဲ့ကြောင်း သိရသည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List