Wednesday, September 30, 2015

ရွေးကောက်ပွဲတွင် မဲပေးမည့် အမတ်လောင်းနှင့် ပါတီများကို စဉ်းစားရွေး ချယ်ရန် ကာဒီနယ် ချားလ်စ်ဘို တိုက်တွန်း


ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် နီးကပ်လာချိန်တွင် မြန်မာ နိုင်ငံ၏ ကက်သလစ်ခရစ်ယာန် ဘာသာရေး အထင်ကရ အကြီး အကဲ တစ်ဦးက မြန်မာနိုင်ငံသား များ အနေဖြင့် မိမိတို့ မဲပေးရွေး ချယ်မည့် ပါတီနှင့် အမတ် လောင်းများကို အလေးအနက် စဉ်းစားရွေးချယ်ရန် အကြံပြု တိုက်တွန်း ပြောကြားခဲ့သည်။

မိမိတို့ ရွေးချယ်မည့် ပါတီ နှင့်အမတ်လောင်းများသည် ဒီမိုကရေစီ၊ လူ့အခွင့် အရေးနှင့် အ မျိုးသား ရင်ကြားစေ့ရေးတို့အ တွက် အမှန်တကယ်မြှင့်တင် ဆောင်ရွက်သူများ ဖြစ်စေရန် စဉ်း စားသင့်ကြောင်း ကာဒီနယ် (ပုပ် ရဟန်းမင်းကြီး၏ အတိုင်ပင်ခံ အမတ်အဖြစ် ရွေးချယ်ခံရသော ကက်သလစ် ဂိုဏ်းချုပ်ဆရာ တော်) ချားလ်စ်ဘိုက ဆိုသည်။

မြန်မာနိုင်ငံသား အားလုံး သို့ဟု လိပ်မူ ရေးသားထားသည့် အဆိုပြုစာလွှာ တွင် ကာဒီနယ် ချားလ်စ်ဘိုက နိုဝင်ဘာ ၈ ရက် တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ သည် ဒီမိုကရေစီစနစ်ကို လက် တွေ့ဖော်ဆောင်နိုင်ရန် မြန်မာ နိုင်ငံသားအားလုံး ပါဝင်လုပ် ဆောင်သင့်ကြောင်း တိုက်တွန်း ထားသည်။

စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်ရေးသည် ရှည်လျားပြီး ခက်ခဲကြမ်းတမ်း သည့် ခရီးစဉ် တစ်ရပ်ဟုလည်း ၎င်းက ဥပမာပြုခဲ့သည်။

‘‘မဲပေးခြင်း ဆိုတာဟာ ဒီမို ကရေစီ စနစ်ရဲ့ အခြေခံ အခွင့် အရေးပါ။ ဒီရွေးကောက်ပွဲမှာ သင်တို့ရဲ့ ထူးမြတ်တဲ့ တာဝန်ကို ပြည့်မြောက်အောင် ထမ်းဆောင် သင့်ပါတယ်။ ကျေးဇူးပြုပြီး မဲရုံ ကို သွားကြပါ။ သင်တို့ မှန်မှန် ကန်ကန် ရွေးချယ်ထားတဲ့ ကိုယ် စားလှယ်လောင်းကို မဲပေးကြပါ’’ ဟု ကာဒီနယ်ချားလ်စ်ဘိုက စက် တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန် သည့် ၎င်း၏ အဆိုပြု စာလွှာ၌ တိုက်တွန်း ရေးသားထားသည်။

‘‘ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံအတွက် အခွင့်အလမ်း ကောင်းတွေ ဖန်တီးနိုင်မယ့် ပြ တင်းတံခါး တစ်ချပ်ပါပဲ။ ငြိမ်း ချမ်းခြင်းနဲ့ ချမ်းသာဝပြောခြင်း တို့ဟာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့ အ သီးအပွင့်တွေ ဖြစ်ပါတယ်’’ ဟု လည်း ၎င်းက ဆိုသည်။

ကာဒီနယ်ချားလ်စ်ဘိုသည် ယင်းအဆိုပြုစာလွှာကို မထုတ် ပြန်မီတွင် ရွေးကောက်ပွဲ၌ ပြည် သူအများ အသင့်တော်အမှန်ကန် ဆုံး စဉ်းစားရွေးချယ်ရန် တိုက် တွန်းခဲ့ပြီး ယခုအခါ အမှန်တ ကယ် ပြောင်းလဲချိန်တန်သည့် ကာလသို့ ရောက်ရှိနေပြီဟု ပြော ကြားခဲ့သည်။

‘‘လူဟောင်းတွေ ကြီးစိုး ထားတဲ့ စနစ်ကတော့ ဘာအ ပြောင်းအလဲကိုမှ ဆောင်ယူမလာ နိုင်ခဲ့ဘူး။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ဘယ်သူက အမှန်တ ကယ် ပြောင်းလဲမှုတွေကို ဖော် ဆောင်ပေးနိုင်မလဲ ဆိုတာကို သတိပြုကြည့်ဖို့ လိုလာပါပြီ’’ ဟု ချားလ်စ်ဘိုက ဆိုသည်။

ယခုထုတ်ပြန်သည့် အဆိုပြု စာလွှာတွင် အမှန်တကယ် မဲပေး ထိုက်သည့် ကိုယ်စားလှယ် လောင်းကို မည်သို့ စဉ်းစား ရွေး ချယ်သင့်ကြောင်း အကြံပြုထား သည့် အချက် ၁၀ ချက်ကိုလည်း ဖော်ပြထားသည်။

အဆိုပါ အချက်များတွင် တိုင်းရင်းသား မျိုးနွယ်စုနှင့် ယုံ ကြည်ကိုးကွယ်မှု အမျိုးမျိုးတို့ကို လိုက်လျောညီထွေစွာ လက်တွဲ လုပ်ဆောင်နိုင်သည့် အရည်အ ချင်းမျိုးကိုလည်း ထည့်စဉ်းစား သင့်ကြောင်း အကြံပြုထားသည်။

အသက် (၆၇) နှစ် အရွယ်ရှိ ကာဒီနယ်ချားလ်စ်ဘိုသည် ပုပ် ရဟန်းမင်းကြီး ဖရန်စစ်၏ ရွေး ချယ်ခန့်အပ်မှုဖြင့် ရိုမန်ကက်သ လစ် ခရစ်ယာန် ဘာသာရေးတွင် အလွန်အရေးပါသည့် ကာဒီနယ် ရာထူးကို ပထမဆုံး မြန်မာနိုင်ငံ သားအနေဖြင့် ယခုနှစ်ဆန်းက စတင်တာဝန်ယူခဲ့သည်။

Ref: Radio Vaticana
7Day News Journal

No comments:

Post a Comment

My Blog List