Tuesday, April 01, 2014

ပြည်သူ့အသံမပါဝင်သည့် အမျိုးသားပညာရေးဥပဒေကြမ်းကို လက်မခံဟု တက္ကသိုလ်ဆရာများဆို

Tuesday, April 1, 2014
နိုင်ငံပိုင်သတင်းစာများဖြစ်သည့်ကြေးမုံသတင်းစာနှင့်မြန်မာ့အလင်းသတင်းစာများ၌ မတ်လ ၁၆၊ ၁၇၊ ၁၈ရက်နေ့များတွင် ပြည်သူများလေ့လာနိုင်စေရန်ဖော်ပြခဲ့သည့် အမျိုးသားဥပဒေကြမ်းမှာ
ပြည်သူ၏ အသံများမပါဝင်ပဲ ရေးဆွဲထားသည့်အတွက် လက်ခံနိုင်မည်မဟုတ်ဟုရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ဆရာများအသင်းမှ သိရှိရသည်။
လက်ရှိဖြစ်ပေါ်နေသော ဆန္ဒထုတ်ဖော်မှုများကို လေ့လာကြည့်ပါကပြည်သူလူထု၏အသံကို နားထောင်ခြင်းမရှိ သည့်အတွက်ပဋိပက္ခများဖြစ်ပေါ်နေခြင်းဖြစ်ပြီး အမျိုးသားဥပဒေကြမ်းအားလက်မခံနိုင်ရခြင်း အကြောင်း အရင်းမှာလည်း ထိုအချက်ကြောင့်ပင်ဖြစ်ကြောင်းနှင့် ၄င်းတို့အနေဖြင့် အဆိုပါဥပဒေကို သချာလေ့လာပြီးမှသာထိုသို့ကန့်ကွက်ချင်းဖြစ်ကြောင်း ယင်းဆရာအဖွဲ့ အစည်းများမှ သိရှိရသည်။ “သတင်းစာမှာဖော်ပြထားတဲ့ ဥပဒေကြမ်းက ပြည်သူတွေကိုဘယ်လောက်ထိ့အကျိုးပြုမလည်းလေ့လာကြည့် တော အဲဒီထဲမှာ ပါတဲ့အချို့အချက်တွေကနိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံနေတာတွေ ရှိနေတယ်
အဲဒီထဲမှာပါတဲ့မှုဝါဒတွေက အရင်တုန်းက အာဏာကိုလက်ကိုင်ဆွဲထားတဲ့သူတွေဆွဲထားတဲ့အတွက် သိပ်ပြီးတော့ပညာရှင်မဆန်ဘူးဖြစ်နေတယ် ပညာရှင်တစ်ရောက်ရဲ့ လွတ်လပ်ခွင့်တွေဆုံးရှုံးနေတာ တွေရှိတယ် လူအခွင့်အရေး အရကြည့်မယ်ဆိုရင်လည်းမကိုက်ညီတာတွေရှိနေသလို ဖွဲ့စည်းပုံ အခြေခံမှာပါတဲ့ အချက်တွေနဲ့ လည်းဖီလာဆန့်ကျင်နေတာတွေ ရှိနေတယ်”ဟု ဒဂုံတက္ကသိုလ်ဆရာများအသင်း ဥက္ကဌ ဒေါက်တာအာသာမိုးသူက ပြောသည်။

အဆိုပါဥပဒေကြမ်းအား လေ့လာကြည့်ချက်အရ အစိုးရပိုင်းအနေဖြင့်လုပ်ပိုင်ခွင့်အပိုင်းကို အပြည့်အ၀ယူထား သော်လည်း တာဝန်ယူမှုအပိုင်းတွင်မှုလစ်လျူရှုမှုများတွေ့မြင်နေရသဖြင့် ပညာရေးသည်ပြည်သူလူထုအတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း၊ ပြည်သူများအနေဖြင့်ဝိုင်းဝန်းဆောင်ရွက်မည်ဆိုသည်မှာ မှန်သော်လည်း အစိုးရပိုင်း အနေဖြင်လည့်းတာဝန်ရှိကြောင်း၊ လုပ်ပိုင်ခွင်များရယူထားသည့်အတွက် တာဝန်ယူမှုအပိုင်းကို ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တာဝန်မယူနိုင်ပါကလုပ်ပိုင်ခွင့်များကိုလည်း မယူသင့်ကြောင်း ၄င်းက ဆက်ပြောသည်။

“သတင်းစာထဲမှာပါတဲ့အချက်တွေကိုက ရှေနောက်မညီဘူးဖြစ်နေတယ် အခန်း(၃)ကပညာရေး အခြေခံမှုများ ဆိုတဲ့ အချက်ထဲက နံပါတ်(၄-ဇ)မှာ လွတ်လပ်သောတက္ကသိုလ်ကောလိပ်တွေဖြစ်ရမယ်လို့ဆိုထားပေမယ့် အခန်း(၁၀) ပညာရေး ခန့်ခွဲမှုဆိုတဲ့အပိုင်း ပုဒ်မ ၆၀ (က) မှာဆိုရင် အမျိုးသားပညာရေးအဖွဲ့ကောင်စီ
အဖွဲ့ဖွဲ့စည်းမယ်(၆၁) မှာဆိုရင်လည်း အဆင့်မြင့်ပညာပေါင်းစပ်ညှိနိုင်းရေးကော်မတီကို ဖွဲ့စည်းမယ်လို့ ဆိုထားတယ်ဘဏ္ဍာရေးအပိုင်းတွေမှာလည်း ချုပ်ကိုင်ထားတာတွေ ရှိနေတယ်၊အလုပ်နဲ့နှီးနွယ်နေတဲ့ သူရဲ့အောက်မှာရှိတဲ့ တက္ကသိုလ်ကောလိပ်တွေကိုဘဏ္ဍာရေးအရ တလုံးတခဲတည်း ပေးမယ်ဆိုထားတော့ တစ်ခြားဟာတွေနဲ့ ခွဲခြားထားတာတွေရတယ်” ဟု အရှေ့ပိုင်းခရိုင် (တာဝ) ဆရာများအသင်း ဥက္ကဌ
ဦးသန်းထိုက်အောင်က ပြောသည်။

လွပ်လပ်သောတက္ကသိုလ်ကောလိပ်များဖြစ်ရမည်ဟု ဆိုထားသော်လည်းဥပဒေတွင်ပါရှိသည့် ပညာရေးစီမံ ခန့်ခွဲမှု နှင့် ဘဏ္ဍာရေးကဏ္ဍများတွင်ပြန်လည်ချုပ်ကိုင်ထားသည့်အတွက် အဆိုပါဥပဒေ၌ပင် ရှေနောက်မညီဖြစ်နေကြောင်း၊ အစိုးရပိုင်း အနေဖြင့်ထောက်ပံ့ပေးမှုအပိုင်းတွင် သာရှိနေရမည်ဖြစ်ပြီး လွှမ်းမိုး ချုပ်ကိုင်
မှုအပိုင်းတွင် ရှိမနေသင့်ကြောင်း၊ တက္ကတစ်ခုချင်းစီ၌သက်ဆိုင်ရာကောင်စီများ မရှိသည်အပေါ်တွင် တက္ကသိုလ်များ ဗဟိုကောင်စီဆိုသည်မှာ မရှိသင့် ကြောင်း၊လက်ရှိသတင်းစာများတွင်ဖော်ပြနေသည့်
ပညာရေး ဥပဒေကြမ်းတွင် တက္ကသိုလ်မှဆရာ/ဆရာမများ ကျောင်းသား/ သူများ၏သဘောထားများ ပါဝင်ခြင်းမရှိဟု ၄င်းကဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါဥပဒေကြမ်းကြောင့်ပင် ကျောင်းသား/သူများလမ်းပေါ်ထွက် ဆန္ဒပြီဖြစ်ကြောင်း မည်သည့် ဥပဒေကို ရေးဆွဲစေကာမှုပြည်သူအသံကိုနားထောင်ဖို့ လိုကြောင်း၊ ပြည်သူ၏အသံကို အလေးနက်မ ထားသဖြင့်နိုင်ငံအ၀န်း ရှိ ကဏ္ဍ ပေါင်းဆုံမှဆန္ဒထုပ်ဖော်ထုတ်မှုများဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော် သမ္မတအနေဖြင့်အထက်ပိုင်းမှလူများဖြင့်သာ တွေ့နေရုံဖြင့်မပြီးပဲအောက်ခြေမှပြည်သူများဖြင့် တွေ့ဆုံရန်လို အပ်လျက်ရှိကြောင်းနှင့်သမ္မတကြီးအနေဖြင့် သမ္မတ အိုဘားမား ကဲ့သို့ သတ္တိရှိရန်လိုအပ်နေပြီဖြစ်ကြောင်း ၄င်းတို့ကဆိုသည်။

သီဟ (မြစ်မခ)

No comments:

Post a Comment

My Blog List