Monday, March 31, 2014

တောင်တရုတ် ပင်လယ် အငြင်းပွားမှုအား ဖိလစ်ပိုင်မှ ကုလသမဂ္ဂသို့ တင်သွင်း

Monday, March 31, 2014 

တောင်တရုတ် ပင်လယ်တွင် တရုတ်နှင့် ပိုက်နက်အငြင်းပွားမှုကို ဖြေရှင်းရန် သက်သေခံ အထောက်အထားများကို ကုလသမဂ္ဂ ခုံရုံးသို့ ဖိလစ်ပိုင်မှ တင်သွင်းခဲ့သည်။ နှစ်ဖက်စလုံးမှ ပြောဆိုထားသော ပင်လယ်အတွင်း ပိုင်ဆိုင်သည့် နယ်နိမိတ် အငြင်းပွားမှုကြောင့် ပြင်းပြင်းထန်ထန် တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိသည်။
ကြားနာစစ်ဆေးမှုတွင် ပါဝင်ရန် တရုတ်မှ ငြင်းဆန်ထားပြီး ၎င်းကိစ္စရပ်သည် နှစ်ဖက် အပြန်အလှန် ဆက်သွယ်မှုကို ထိခိုက်စေမည် ဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့သည်။

Photo: တောင်တရုတ် ပင်လယ် အငြင်းပွားမှုအား ဖိလစ်ပိုင်မှ ကုလသမဂ္ဂသို့ တင်သွင်း
Monday, March 31, 2014 

တောင်တရုတ် ပင်လယ်တွင် တရုတ်နှင့် ပိုက်နက်အငြင်းပွားမှုကို ဖြေရှင်းရန် သက်သေခံ အထောက်အထားများကို ကုလသမဂ္ဂ ခုံရုံးသို့ ဖိလစ်ပိုင်မှ တင်သွင်းခဲ့သည်။ နှစ်ဖက်စလုံးမှ ပြောဆိုထားသော ပင်လယ်အတွင်း ပိုင်ဆိုင်သည့် နယ်နိမိတ် အငြင်းပွားမှုကြောင့် ပြင်းပြင်းထန်ထန် တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိသည်။

ကြားနာစစ်ဆေးမှုတွင် ပါဝင်ရန် တရုတ်မှ ငြင်းဆန်ထားပြီး ၎င်းကိစ္စရပ်သည် နှစ်ဖက် အပြန်အလှန် ဆက်သွယ်မှုကို ထိခိုက်စေမည် ဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့သည်။

၎င်းလှုပ်ရှားမှုကို အငြင်းပွားနေသော နယ်နိမိတ်ရှိ နေရာတွင် တပ်စွဲထားသော တပ်ဖွဲ့များသို့ ထောက်ပံရေး ပစ္စည်းများ တင်ပို့ရန် ဖိလစ်ပိုင် သင်္ဘောမှ တရုတ် သင်္ဘောများကို ရှောင်ကွင်းပြီး နောက်တစ်ရက်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တောင်တရုတ် ပင်လယ်ရှိ U ပုံသဏ္ဍာန် ဒေသကို ပိုင်ဆိုင်ကြောင်း တရုတ်မှ ပြောဆိုခဲ့ပြီး ၎င်းဒေသသည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်တို့မှ ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည့် နယ်နိမိတ်များ ပါဝင်လျက် ရှိသည်။

တရုတ်၏ ပြောဆိုမှုများသည် ကုလသမဂ္ဂ၏ ရေပိုင်နက်ဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း ဖိလစ်ပိုင်မှ ပြောဆိုထားသည်။

၎င်းကိစ္စရပ်များကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ ခုံရုံးသို့ ဖိလစ်ပိုင်မှ ဇန်နဝါရီလ အတွင်းက တောင်းဆိုထားခဲ့သည်။ ၎င်းကိစ္စရပ်ကို ၂၀၁၅ အဆုံးသတ် မတိုင်ခင်အတွင်း ဖြေရှင်းနိုင်ရန် မရှိကြောင်း သိရှိရသည်။

ခုံရုံးသို့ ကြားနာရန်အတွက် ဖိလစ်ပိုင်၏ နိုင်ငံခြားရေး ဝန်ကြီး အယ်လ်ဘတ်ဒယ်ရိုစာရီရိုမှ မြေပုံပေါင်း လေးဆယ်ကျော်နှင့် စာရွက်စာတမ်း ၄၀၀၀ ကျော်ကို တင်သွင်းထားကြောင်း သိရှရသည်။

“ ဒါဟာ တရားဝင် ကျွန်တော်တို့ တရားဝင် ပိုင်ဆိုင်မှုကို ကာကွယ်ခြင်းပါ။ နိုင်ငံအားလုံးအတွက် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို သေချာစေခြင်းပါ။ ပြီးတော့ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းပါ ” ဟု မစ္စတာ ရိုစာရီရိုမှ ပြောဆိုခဲ့သည်။

ခုံရုံး၏ ကြားနာမှုကို တရုတ်အနေဖြင့် လက်ခံမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဟောင်လိုင်းမှ ပြီးခဲ့သော သီတင်းပတ်တွင် ပြောဆိုခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်စေရန် ဖိလစ်ပိုင်အနေဖြင့် မှားယွင်းသည့် လမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းမှုကို မပြုလုပ်သင့်ကြောင်း သတိပေးထားခဲ့သည်။ တရုတ်အနေဖြင့် ၎င်းကိစ္စရပ်ကို ပြောဆိုဆွေးနွေးမှုများနှင့် တိုင်ပင်မှုများဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ဖိလစ်ပိုင် အစိုးရ သင်္ဘောမှ တရုတ်ကမ်းခြေစောင့် သင်္ဘောများကို ဖြတ်ကျော်ပြီး နှစ်နိုင်ငံ အငြင်းပွားနေသည့် ဒေသသို့ သွားရောက်မှု စနေနေ့က ဖြစ်ပေါ်ခဲ့သည်။ လေ့လာဆန်းစစ်သူများမှ နိုင်ငံပိုင် နယ်နိမိတ်အဖြစ် သက်မှတ်ထားသော ဖိလစ်ပိုင်၏ သံချေးတက် စစ်သင်္ဘောအနီးတွင် ဖိလစ်ပိုင်တပ်ဖွဲ့များမှ နေရာယူထားခဲ့ကြသည်။

၎င်းဒေသတွင်းသို့ ဖိလစ်ပိုင် သဘောင်္နှစ်စင်း ဝင်ရောက်ခြင်းကို တရုတ်မှ မတ်လ ၉ ရက်နေ့က တားမြစ်ထားခဲ့သည်။ ဖိလစ်ပိုင် အစိုးရမှ သင်္ဘောများသည် တပ်ဖွဲ့အတွက် ထောက်ပံ့ရေး ပစ္စည်းများကို သယ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောဆိုသော်လည်း တရုတ်မှ ၎င်းသဘောင်္များသည် ဆောက်လုပ်ရေး ပစ္စည်းများကို သယ်ယူခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းဖြစ်ရပ်ကြောင့် အငြင်းပွား ဒေသအတွင်းသို့ ဖိလစ်ပိုင် လေယာဉ်များဖြင့် ထောက်ပံ့ရေး ပစ္စည်းများ ကြဲချခဲ့ရသည်။

မြန်မာ့ခေတ် 

No comments:

Post a Comment

My Blog List