မွန်ပြည်နယ်တွင် မြို့နယ် (၁၀) ခု၊ မြို့နယ်ခွဲ (၂)ခု၊ ရပ်ကွက် (၈၆) ခု၊ ကျေးရွာအုပ်စု (၃၇၆) အုပ်စုနှင့် ကျေးရွာပေါင်း (၁၁၈၄) ရွာ ရှိပြီး အိမ်အကြာင်းအရာနှင့် သန်းခေါင်စာရင်း ကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်နှင့် အရံ ဆရာ/ဆရာမအင်အား (၄၄၆၄) ဦးဖြင့် ကောက်ကွက်ပေါင်း (၃၀၃၀) တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ်လ (၃၀) ရက် နံနက် (၇) နာရီ မှ စတင်ကောက်ယူလျှက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းစတင်ကောက်ယူခြင်း ဖွင့်ပွဲ အခမ်းအနား ကို မတ်လ (၃၀) ရက်နေ့၊ နံနက် (၇) နာရီတွင် မော်လမြိုင်မြို့ အထက (၁၁) ၌တွင် ကျင်းပဲ့ကြောင်း သိရသည်။

ထူးထူး(မော်လမြိုင်)
Popular Myanmar News Journal
No comments:
Post a Comment