Tuesday, April 01, 2014

ပုဂ္ဂလိကသတင်းစာ Myanma Freedom Daily ထုတ်ဝေမှု ဆိုင်းငံ့

Tuesday, April 1, 2014
အင်္ဂလိပ်ဘာသာဖြင့် Myanma Freedom Daily ပုဂ္ဂလိက သတင်းစာကို မတ်လ ၃၁ ရက်နေ့မှ စတင်ကာ ထုတ်ဝေမှု ဆိုင်းငံ့လိုက်ကြောင်း အဆိုပါ သတင်းစာ တည်ထောင်သူ ဦးသီဟစောက ပြောကြားသည်။
လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကိစွရပ်များ ပြန်လည်ပြင်ဆင်ရေးအတွက် လအနည်းငယ် ဆိုင်းငံ့ခြင်းဖြစ်ပြီး ထုတ်ဝေမှု အပြီးတိုင် ရပ်ဆိုင်းခြင်း မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လောကမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာပြီး အချိန်ယူ တည်ဆောက်ရမည့် ဖြစ်သည့်အတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ တွဲဖက်လုပ်ကိုင်သူများနှင့်လည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးသီဟစောက ပြောကြားသည်။
“သတင်းစာလုပ်ငန်း ဆိုတာက အခြားစီးပွားရေး လုပ်ငန်းတွေလို အခုလုပ် ခုချက်ချင်း မြတ်တာမျိုး မဟုတ်ဘူး၊ ကျွန်တော်တို့ မှန်းထားတာထက် ပိုရှုံးတယ်” ဟု ၎င်းက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ဆယ်စုနှစ်ပေါင်းများစွာ ကန့်သတ်ထားရာက ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ ပြန်လည်ထုတ်ဝေခွင့် ပြုခဲ့ပြီး တစ်နှစ်အကြာ ပုဂ္ဂလိကသတင်းစာ ၂၀ ကျော် ထုတ်ဝေလျက်ရှိကြောင်း ထုတ်ဝေသူများထံမှ သိရသည်။

ပုဂ္ဂလိကသတင်းစာများမှာ ထုတ်ဝေမှု ကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ ပြည်သူ့ဘဏ္ဍာဖြင့် ထုတ်ဝေနေသော နိုင်ငံပိုင် သတင်းစာများကို ဓနအင်အား ယှဉ်ပြိုင်နိုင်မှု မရှိခြင်း၊ သတင်းစာဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် မရှိခြင်း တို့ကြောင့် အခက်အခဲများဖြင့် ကြုံတွေ့နေရပြီး နေ့စဉ် အရှုံးပေါ်နေကြောင်း သတင်းစာ ထုတ်ဝေသူများက ဆိုသည်။

ပုဂ္ဂလိကသတင်းစာများ အပြိုင်အဆိုင် ထွက်ပေါ်လာပြီး တစ်နှစ်အတွင်း ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ၊ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာတို့ အပါအဝင် ပုဂ္ဂလိကသတင်းစာ အချို့ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ဝေမှု အပြီးတိုင် ရပ်ဆိုင်းခဲ့ရသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော နေ့စဉ်သတင်းစာများမှာ Myanma Freedom Daily နှင့် International Herald Tribune သတင်းစာ နှစ်စောင်သာ ရှိပြီး Myanma Freedom Daily မှာ စောင်ရေ တစ်သောင်းဝန်းကျင် ရှိကြောင်း ထုတ်ဝေသူထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List