Wednesday, April 02, 2014

ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်နှင့် မန္တလေးရှိ လစ်လပ်မဲဆန္ဒနယ်များတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထား

Wednesday, April 2, 2014
ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) မှ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းရှိ လစ်လပ်မဲဆန္ဒနယ်များတွင်သာ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားကြောင်း အဆိုပါပါတီမှ ဒုဥက္ကဋ္ဌ (၂) ဦးစိုင်းစောသန်းမြင့်က The Daily Eleven သို့ ပြောကြားသည်။
ဧပြီ ၁ ရက်က ပြုလုပ်သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးစိုင်းစောသန်းမြင့်က “ကျွန်တော်တို့ လောလောဆယ်တော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း အတွင်းမှာရှိတဲ့ လစ်လပ်မဲဆန္ဒနယ် ငါးနေရာမှာပဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတယ်။ နောက်ထပ်ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ လစ်လပ်မဲဆန္ဒနယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ကတော့ သင်္ကြန်အပြီး ဧပြီလကုန်ပိုင်းလောက်မှာလုပ်မယ့် နောက်ထပ်ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှပဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ လက်ရှိတွင် လစ်လပ်မဲဆန္ဒနယ်မြေ ၃၁ နေရာရှိပြီး အဆိုပါ နယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်မကုန်မီ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

ကျွန်တော်တို့ လောလောဆယ်တော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း အတွင်းမှာရှိတဲ့ လစ်လပ်မဲဆန္ဒနယ် ငါးနေရာမှာပဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတယ်။ နောက်ထပ်ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ လစ်လပ်မဲဆန္ဒနယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ကတော့ သင်္ကြန်အပြီး ဧပြီလကုန်ပိုင်းလောက်မှာလုပ်မယ့် နောက်ထပ်ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှပဲ ဆုံးဖြတ် . . . . .
ဖက်ဒရယ်ပြည်ထောင်စုပါတီကို ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် မှတ်ပုံတင်ရရှိထားသည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီ အနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ၀င်ရောက်ယှဉ်ပြိုင်မှု မရှိသည့် မဲဆန္ဒနယ်အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အင်အားအကြီးဆုံး ပါတီဖြစ်ရန် ရည်ရွယ်ထားကြောင်း အဆိုပါပါတီ ခေါင်းဆောင်များက ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List