Monday, March 31, 2014

အီဂျစ်သမ္မတ ရွေးကောက်ပွဲ မေလတွင် ကျင်းပမည်

Monday, March 31, 2014
အီဂျစ်နိုင်ငံမှာ ပထမအကျော့ သမ္မတရွေးကောက်ပွဲတွေကို မေ ၂၆ နဲ့ ၂၇ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ဦးစီးကျင်းပမယ့်အဖွဲ့က ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့မှာ ကြေညာပါတယ်။
သမ္မတ ရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ကနေ အနားယူသွားတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အဒဲဖာတာ့ အယ်လ်စီစီက အလွယ်တကူပဲ အနိုင်ရမယ်လို့ ခန့်မှန်းနေကြပါတယ်။
တကယ်လို့ ပထမအကျော့ ရွေးကောက်ပွဲမှာ သမ္မတလောင်း တယောက်ယောက်က ပြတ်ပြတ်သားသား အနိုင်မရရင် ဒုတိယအကျော့ ရွေးကောက်ပွဲတွေကို ဇွန်လမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကို ကျင်းပမယ့် ကော်မတီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘယ်လောက် ရာခိုင်နှုန်း အနိုင်ရရင် ပြတ်ပြတ်သားးသား အနိုင်ရတယ်လို့ သတ်မှတ်မလဲ ဆိုတာကိုတော့ မပြောပါဘူး။

ရွေးကောက်ပွဲ ဦးစီးကျင်းပတဲ့အဖွဲ့ကို တရားသူကြီးတယောက်က ဦးဆောင် စီစဉ်နေတာ ဖြစ်ပါတယ်။
လာလောဆယ်မှာတော့ အီဂျစ်မှာ ဇူလိုင်လတုန်းက ရွေးကောက်ခံ သမ္မတ မိုဟာမက်မော်စီကို ရာထူးကနေ ဖြုတ်ချခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း အယ်လ်စီစီကို အီဂျစ်နိုင်ငံ အကျပ်အတည်းကနေ ကယ်တင်နိုင်မယ့်သူအဖြစ် ထောက်ခံသူတွေက ယူဆနေကြပါတယ်။ ဒါပေမယ့် အစ္စလာမ္မစ်အုပ်စုတွေကတော့ သူ့ကို အာဏာသိမ်းမှုကို ကြိုးကိုင်သူအဖြစ် မြင်ကြပါတယ်။
အခုအထိတော့ အယ်လ်စီစီရဲ့ ပြိုင်ဘက်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ သမ္မတ ရွေးကောက်ပွဲမှာ တတိယ မဲအများဆုံးရခဲ့တဲ့ လက်ဝဲယိမ်း သမ္မတလောင်း ဟမ်ဒင် ဆာဘာဟီ တယောက်ပဲ ထွက်ပေါ်လာပါတယ်။
မဲဆွယ်တာတွေကတော့ မေ ၃ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း ခွင့်ပြုမယ်လို့ ရွေးကောက်ပွဲကျင်းပပေးမယ့် အဖွဲ့ရဲ့ ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
DVB

No comments:

Post a Comment

My Blog List