Monday, March 31, 2014

မိကျောင်းကန်နှင့် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနှစ်ခု နံနက် ၃ နာရီတွင် အင်အားသုံး ဖျက်ဆီးခံရ၊ သပိတ်စခန်းများ ပူးပေါင်းဆန္ဒထုတ်ဖော်

Monday, March 31, 2014 
သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်လျက် ရှိသော မိကျောင်းကန်နှင့် ဝါဝါဝင်း သပိတ်စခန်း နှစ်ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုံခြံရေးတပ်ဖွဲ့၏ အကူအညီဖြင့် မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အင်အားသုံး ဖျက်သိမ်းခဲ့ရာ ဖျက်ဆီးခံရသော သပိတ်စခန်း နှစ်ခုနှင့် မရမ်းကုန်း (၆) ရပ်ကွက်မှ မြေသိမ်းခံရသူများ ပူးပေါင်းကာ အင်အား ၂၀၀ ခန့်က ယင်းနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။အဆိုပါ သပိတ်စခန်း နှစ်ခု၏ အမိုးအကာများမှာ စည်ပင်ဥပဒေနှင့် မညီညွတ်သောကြောင့် မတ်လ ၃၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရဲတပ်ဖွဲ့၊ စည်ပင်ဝန်ထမ်း အင်အား ရာနှင့်ချီကာ အဆိုပါ သပိတ်စခန်းတို့ကို ဖျက်သိမ်းခဲ့ရာ ယင်းကဲ့သို့ ဆောင်ရွက်မှုကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဆန္ဒထုတ်ဖော်သူ များက အကြမ်းဖက် ဖြိုခွင်းမှု အလိုမရှိ၊ မြေယာပြဿနာကို အစိုးရက ဖြေရှင်းပေးရေးတို့ကို ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
ယင်းသို့ သပိတ်စခန်းများကို စည်ပင်ဝန်ထမ်းများ ဝင်ရောက်ကာ အကြမ်းဖက် ဖျက်သိမ်းသည့် အပြုအမူမှာ လက်မခံနိုင်သဖြင့် မြေသိမ်းခံရသူချင်း ပူးပေါင်းကာ မိကျောင်းကန် သပိတ်စခန်းတွင် လာရောက်ရှုတ်ချ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံထောင့်ရှိ မိကျောင်းကန် သပိတ်စခန်းမှ ဦးဆောင်သူ ဦးစိန်သန်းက ပြောကြားသည်။ 

“ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူကို အချိန်မတော်ကြီး တုတ်၊ ဓား၊ လက်နက်နဲ့ အနိုင်ကျင့်တာ ဥပဒေ မရှိဘူးလားလို့ သမ္မတကြီးကို မေးချင်တယ်” ဟု ဝါဝါဝင်း သပိတ်စခန်းမှ ဦးဆောင်သူ ကိုအောင်ကျော်သက်က ပြောကြားသည်။ 

အဆိုပါ သပိတ်စခန်းများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ခွင့်ပြုချက်မရဘဲ တိုင်ထောင်ခြင်း၊ အမိုးအကာ ပြုလုပ်ခြင်း တို့ကြောင့် စည်ပင်သာယာ ဥပဒေနှင့်အညီ ဖျက်သိမ်းခြင်း ဖြစ်ကြောင်း၊ သပိတ်စခန်း ဖွင့်လှစ်သူများက ဆက်လက် လုပ်ဆောင်ပါက စည်ပင်သာယာရေး ဥပဒေအရ ငွေဒဏ်နှင့် ထောင်ဒဏ်တို့ကို ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ သပိတ်စခန်းများကို စည်ပင်ဝန်ထမ်းနှင့် အရပ်ဝတ်များက တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဝင်ရောက် ဖျက်သိမ်းခဲ့မှုကြောင့် တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင် အိမ်ရာရှေ့တွင် ဖွင့်လှစ်ထားသည့် ဝါဝါဝင်း သပိတ်စခန်းတွင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး၊ မိကျောင်းကန် သပိတ်စခန်းတွင် အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ သပိတ်စခန်းထံမှ သိရှိရသည်။

မြေအသိမ်းခံရမှုများကို အာမခံချက်ရှိသော ဖြေရှင်းမှုများ ဆောင်ရွက်ပေးရေးကို မလုပ်ဆောင်ပေးသရွေ့ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ သပိတ်စခန်း ဦးဆောင်သူများထံမှ သိရသည်။

သပိတ်စခန်းများ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေခြင်းကို သက်ဆိုင်ရာက အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေးမှု ကိုသာ ဦးတည်သင့်ကြောင်း၊ ပြည်သူများ၏ အခက်အခဲ ပြဿနာများကို လျစ်လျူမရှုသင့်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် ပြည်သူများ၏ တောင်းဆိုမှုကို အစိုးရအနေနှင့် ဖြေရှင်းပေးရမယ့် တာဝန်ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။ 

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်ရှိ ဒေသခံများ၏ သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံဘေးတွင် မြေသိမ်းဆည်းခံရသူ ၃၀ ကျော်က သပိတ်စခန်း ဖွင့်လှစ်ကာ ဆန္ဒဖော်ထုတ်မှု တစ်ပတ်အကြာတွင် လည်းကောင်း၊ ဝါဝါဝင်း ကုမ္ပဏီက သိမ်းဆည်းခဲ့သော မြေယာများနှင့် ပတ်သက်၍ မြေသိမ်းခံရသူ လူ ၄၀၀ ခန့်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သပိတ်စခန်း စတင်ဖွင့်လှစ်ပြီး နှစ်လအကြာတွင် လည်းကောင်း သပိတ်စခန်း ဖျက်သိမ်းခံရခြင်း ဖြစ်သည်။
Photo: မိကျောင်းကန်နှင့် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနှစ်ခု နံနက် ၃ နာရီတွင် အင်အားသုံး ဖျက်ဆီးခံရ၊ သပိတ်စခန်းများ ပူးပေါင်းဆန္ဒထုတ်ဖော်
Monday, March 31, 2014 

သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်လျက် ရှိသော မိကျောင်းကန်နှင့် ဝါဝါဝင်း သပိတ်စခန်း နှစ်ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုံခြံရေးတပ်ဖွဲ့၏ အကူအညီဖြင့် မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အင်အားသုံး ဖျက်သိမ်းခဲ့ရာ ဖျက်ဆီးခံရသော သပိတ်စခန်း နှစ်ခုနှင့် မရမ်းကုန်း (၆) ရပ်ကွက်မှ မြေသိမ်းခံရသူများ ပူးပေါင်းကာ အင်အား ၂၀၀ ခန့်က ယင်းနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ သပိတ်စခန်း နှစ်ခု၏ အမိုးအကာများမှာ စည်ပင်ဥပဒေနှင့် မညီညွတ်သောကြောင့် မတ်လ ၃၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရဲတပ်ဖွဲ့၊ စည်ပင်ဝန်ထမ်း အင်အား ရာနှင့်ချီကာ အဆိုပါ သပိတ်စခန်းတို့ကို ဖျက်သိမ်းခဲ့ရာ ယင်းကဲ့သို့ ဆောင်ရွက်မှုကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဆန္ဒထုတ်ဖော်သူ များက အကြမ်းဖက် ဖြိုခွင်းမှု အလိုမရှိ၊ မြေယာပြဿနာကို အစိုးရက ဖြေရှင်းပေးရေးတို့ကို ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ယင်းသို့ သပိတ်စခန်းများကို စည်ပင်ဝန်ထမ်းများ ဝင်ရောက်ကာ အကြမ်းဖက် ဖျက်သိမ်းသည့် အပြုအမူမှာ လက်မခံနိုင်သဖြင့် မြေသိမ်းခံရသူချင်း ပူးပေါင်းကာ မိကျောင်းကန် သပိတ်စခန်းတွင် လာရောက်ရှုတ်ချ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံထောင့်ရှိ မိကျောင်းကန် သပိတ်စခန်းမှ ဦးဆောင်သူ ဦးစိန်သန်းက ပြောကြားသည်။ 

“ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူကို အချိန်မတော်ကြီး တုတ်၊ ဓား၊ လက်နက်နဲ့ အနိုင်ကျင့်တာ ဥပဒေ မရှိဘူးလားလို့ သမ္မတကြီးကို မေးချင်တယ်” ဟု ဝါဝါဝင်း သပိတ်စခန်းမှ ဦးဆောင်သူ ကိုအောင်ကျော်သက်က ပြောကြားသည်။ 

အဆိုပါ သပိတ်စခန်းများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ခွင့်ပြုချက်မရဘဲ တိုင်ထောင်ခြင်း၊ အမိုးအကာ ပြုလုပ်ခြင်း တို့ကြောင့် စည်ပင်သာယာ ဥပဒေနှင့်အညီ ဖျက်သိမ်းခြင်း ဖြစ်ကြောင်း၊ သပိတ်စခန်း ဖွင့်လှစ်သူများက ဆက်လက် လုပ်ဆောင်ပါက စည်ပင်သာယာရေး ဥပဒေအရ ငွေဒဏ်နှင့် ထောင်ဒဏ်တို့ကို ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ သပိတ်စခန်းများကို စည်ပင်ဝန်ထမ်းနှင့် အရပ်ဝတ်များက တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဝင်ရောက် ဖျက်သိမ်းခဲ့မှုကြောင့် တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင် အိမ်ရာရှေ့တွင် ဖွင့်လှစ်ထားသည့် ဝါဝါဝင်း သပိတ်စခန်းတွင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး၊ မိကျောင်းကန် သပိတ်စခန်းတွင် အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ သပိတ်စခန်းထံမှ သိရှိရသည်။

မြေအသိမ်းခံရမှုများကို အာမခံချက်ရှိသော ဖြေရှင်းမှုများ ဆောင်ရွက်ပေးရေးကို မလုပ်ဆောင်ပေးသရွေ့ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ သပိတ်စခန်း ဦးဆောင်သူများထံမှ သိရသည်။

သပိတ်စခန်းများ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေခြင်းကို သက်ဆိုင်ရာက အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေးမှု ကိုသာ ဦးတည်သင့်ကြောင်း၊ ပြည်သူများ၏ အခက်အခဲ ပြဿနာများကို လျစ်လျူမရှုသင့်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် ပြည်သူများ၏ တောင်းဆိုမှုကို အစိုးရအနေနှင့် ဖြေရှင်းပေးရမယ့် တာဝန်ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။ 

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်ရှိ ဒေသခံများ၏ သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံဘေးတွင် မြေသိမ်းဆည်းခံရသူ ၃၀ ကျော်က သပိတ်စခန်း ဖွင့်လှစ်ကာ ဆန္ဒဖော်ထုတ်မှု တစ်ပတ်အကြာတွင် လည်းကောင်း၊ ဝါဝါဝင်း ကုမ္ပဏီက သိမ်းဆည်းခဲ့သော မြေယာများနှင့် ပတ်သက်၍ မြေသိမ်းခံရသူ လူ ၄၀၀ ခန့်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သပိတ်စခန်း စတင်ဖွင့်လှစ်ပြီး နှစ်လအကြာတွင် လည်းကောင်း သပိတ်စခန်း ဖျက်သိမ်းခံရခြင်း ဖြစ်သည်။

တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်ရပ်ကွက် သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင် အိမ်ရာရှေ့တွင် ဖွင့်လှစ်ထားသည့် ဝါဝါဝင်း သပိတ်စခန်းကို မတ်လ ၃၀ ရက် နံနက် ၃ နာရီကျော်ခန့်က သပိတ်စခန်းရှိရာ လမ်းဆုံများတွင် လုံခြုံရေးများ ချထားပြီး သပိတ်စခန်းရှေ့တွင် ကုန်တင်ယာဉ်ကြီး နှစ်စီးနှင့် အတူ စည်ပင်ဝန်ထမ်းနှင့် အခြား အရပ်ဝတ်များ အပါအဝင် စုစုပေါင်း လူ ၁၀၀ ကျော်က သက်ကြီးရွယ်အိုများ အပါအဝင် သပိတ်စခန်း နေသူများကို တွန်းတိုက်၍ အမိုးအကာများကို ဝင်ရောက်ကာ ဓားဖြင့် ခုတ်ဖြတ်သဖြင့် ဒဏ်ရာရသူ သုံးဦးရှိကြောင်း အဆိုပါ သပိတ်စခန်း ဖွင့်လှစ်ဆန္ဒပြသူများထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment

My Blog List