Friday, April 04, 2014

ပြည်ထဲရေးမှ လုပ်ရမည့် အရက်နှင့် မှောင်ခိုလိုင်စင်ဖမ်းသည့် လုပ်ငန်းကို လုပ်နေရဟု စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့် ပြောကြား

Friday, April 4, 2014

ပုလင်းပေါင်း သိန်းနဲ့ချီပြီးမိတယ် စီးတီးမတ် (City Mart) ကတော့ဗျာ ပိုက်ဆံကလည်း ချမ်းသာတယ်၊ တကယ်တော့ လည်း နောက်မ လုပ်ဖို့ပဲ၊ နောက်မလုပ်ပါနဲ့၊ ခင်ဗျားအရက် သွင်းချင်တယ်ဆိုရင် သွင်းခွင့်ပေးမယ် . . .
ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ယူ၍ စစ်ဆေးဖမ်းဆီးရမည့် အရက်နှင့် အခွန်မဆောင်သော မှောင်ခို လုပ်ငန်းများကို မိမိတို့ စီးပွားကူးသန်း ၀န်ကြီးဌာနမှ စစ်ဆေးဖမ်းဆီး အရေးယူမှုများ လုပ်ဆောင် ပေးနေရသည်ဟု စီးပွားကူး သန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မတ်လ ၂၂ ရက် နေ့တွင် စစ်ကိုင်းဒေသကြီးအတွင်း ကုန်သည်ကြီး အချို့နှင့် တွေ့ဆုံ စဉ် ထုတ်ဖော် ပြောကြားလိုက်သည်။ လွန်ခဲ့သော ၂၀၁၃ နှစ်ကုန်ပိုင်းက စီးတီးမတ် လုပ်ငန်းရှင် အပါအ၀င် အရက်နှင့် အခြားမှောင်ခို လုပ်ငန်းအချို့ လုပ်နေသူများအား တရားဝင် လုပ်ဆောင်မှုများ ပြုလုပ်ရန် ပြည်ထောင်စု ၀န်ကြီးက ဆွေးနွေးသတိပေး ပြောကြားမှုများလည်း ရှိခဲ့သည်။ စီးတီးမတ်နှင့် အရက် မှောင်ခိုပုလင်း ၅ သိန်းခန့် အရေးယူ ဖမ်းမိသည့် ကိစ္စနှင့် စပ်လျဉ်း၍လည်း ““ တရားမ၀င် တာတွေကိုလည်း အရေးယူ ဆောင်ရွက်ရမယ်။ ခင်ဗျားတို့လည်း ကြားမှာပေါ့ ဒီနေ့အထိ အရေးယူတာ ပုလင်းပေါင်း ငါးသိန်းလောက်ရှိပြီ။ ဒါကလူသတ်မှု မဟုတ်လို့ ဒီလောက်ထိကြီး ထောင်ချတာတွေ မလုပ်ပါနဲ့ ပြောတဲ့အခါမှာ ကျွန်တော်တို့က ဒီအပေါ်မှာသိပ်ပြီး လေးလေးနက်နက် လုပ်လို့မရတော့ဘူး ဖြစ်နေတာ။ အရင်တုန်းကတော့ ကျွန်တော် တို့က ခေါင်းရွက်ဗျပ်ထိုးတွေပဲ ဖမ်းနေတယ် ထင်နေတာ။ ကျွန်တော် ခေါင်းရွက်ဗျပ်ထိုးတွေလည်း ဖမ်းချင်လည်း ဖမ်းမယ်၊ အကြီးကြီးတွေ၊ စီးတီးမတ်တို့လို မျိုးချလိုက်တော့ ပုလင်းပေါင်း သိန်းနဲ့ချီပြီး မိတယ်။ စီးတီးမတ် (City Mart)ကတော့ဗျာ ပိုက်ဆံကလည်း ချမ်းသာတယ်၊ လူကလည်း တကယ့်လုပ်ငန်းရှင်လည်း ဖြစ်တယ် တကယ်တော့လည်း နောက်မလုပ်ဖို့ပဲ၊ … နောက်မလုပ်ပါနဲ့ ခင်ဗျားအရက် သွင်းချင်တယ်ဆိုရင် သွင်းခွင့်ပေးမယ်၊ သွင်းခွင့်ပေးမယ် ဆိုတော့လည်း ဘယ်လောက်ထိ ဆိုးလဲဆိုတော့ နိုင်ငံတိုင်းမှာက အတုလုပ်တဲ့အရက်က ကျွန်တော်တို့ အိမ်နီးနားချင်းတွေက အတုလုပ်တာကိုး။ အဲဒီက သွားလုပ်လာတယ်။ Blue Label အတုအများဆုံးပဲ။ အဲဒီက ထွက်တာပဲ နယ်စပ်တွေပေါ့ဗျာ။ ကျွန်တော်တွေ့တော့ ဘီယာချန်း ဆိုရင်ဟိုကနေ သွင်းလာတာ မမြင်ချင်အဆုံး သွင်းလာတာ။ ကျွန်တော် စာရေးမယ် ဘီယာချန်းကို ခင်ဗျားတို့ရဲ့ အရက်တွေ၊ ဘီယာတွေ ဒီမှာတရားမ၀င်ဘူး။ ကျွန်တော်တို့ Black List လုပ်ရလိမ့်မယ်။ မနေ့ကလည်း ပြည်ထဲရေးဝန်ကြီးက ရှေ့ထိုင်နေတယ်။ ကျွန်တော်ကလို့ ပြည်ထဲရေးဝန်ကြီး လုပ်ရမယ့် အလုပ်တွေ လုပ်နေရတာလို့။ ကျွန်တော်ကလည်း ကျွန်တော်တို့ လုပ်ရမယ့်အလုပ် မဟုတ်ဘူးလို့။ ကျွန်တော်တို့က လိုင်စင်ပေးရတာလို့။ ကျွန်တော်တို့က ဖမ်းတာတွေဘာတွေ လုပ်နေရတယ်။ အမှန်ကတော့ဗျာ ဒီဖမ်းဆီးရေးအဖွဲ့မှာ ပြည်ထဲရေးက ဥက္ကဋ္ဌ၊ကျွန်တော်တို့က အဖွဲ့ဝင်ဖြစ်တယ်။ တစ်ခုခု ဖြစ်တယ်ဆိုရင် ကျွန်တော့်ကိုလည်း ဆဲတာဆိုတာတွေ ရှိတယ်။ မှောင်ခိုလုပ်တဲ့ လူတွေ၊ ကျွန်တော်တို့လည်း ဒီလောကထဲကပဲ၊ သူတို့က လန့်နေတယ်။ ကျွန်တော့်ကို စည်းရုံးရခက်လို့ လန့်နေတယ်။ ကျွန်တော့် တပည့်တွေကလည်း ချမယ်၊ ပြုတ်ချင်လည်း ပြုတ်ပါလေ့စေ ဆိုတဲ့လူတွေ။ သူတို့ဆို ကျွန်တော်တို့ဖမ်းပစ် လိုက်တာ အဲဒါပဲ။ မနေ့ကလည်း စလောင်းတွေ မှောင်ခိုဝင်လာတော့ သွားရှာတယ်။ ရှာတော့ တွေ့လား မတွေ့လားတော့ မသိဘူး။ အမှန်က ကျွန်တော်ပြောချင်တာက တရားဝင်တော့လုပ်၊ အခွန်တော့ဆောင်။ ဒါပေမဲ့ တစ်ခုကောင်းတာက အခွန်က တစ်နှစ်တစ်ခါပြင်တယ်။ များရင်လည်း လျှော့မယ်၊ နည်းရင်လည်း တိုးမယ်”” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ၄င်းနှင့်ရင်းနှီးသော ကုန်သည်ကြီးများအား ကန့်ဘလူမြို့တွင် ရှင်းလင်း ပြောကြားခဲ့သည်။
2
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ယခင်တပ်မတော် အစိုးရ လက်ထက်က ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ အဖြစ် နှစ်ကာလကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကန့်ဘလူမြို့တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး မိသားစု၏ အေးမြစိုး ဖောင်ဒေးရှင်း တည်ထောင်ရာတွင် အဓိက ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ တပ်မတော် အစိုးလက်ထက် အကြီးအကဲများနှင့် ရင်းနှီးကျွမ်းဝင်သူ ဦးဝင်းမြင့်သည် နိုင်ငံရေးလောကနှင့် ကျွမ်းဝင်သူ မဟုတ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နှစ်သက်၍ ပြည်ထောင်စု ၀န်ကြီးနေရာ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူ အချို့က သုံးသပ်ကြ သည်။ ဦးဝင်းမြင့်သည် ၄င်း၏ ဇာတိသို့ သွားရောက်စဉ် ၀န်ကြီး အဆောင်အယောင်များဖြင့် မဟုတ်ဘဲ ၄င်းနှင့် ယခင်စီးပွားရေး လုပ်ဖော်ကိုင်ဖက် ကုန်သည်ကြီးများဖြင့်သာ စုပေါင်းသွားရောက်ခဲ့ပြီး ကုန်စည်ဒိုင်များမှ ဖြစ်ပေါ်လေ့ ရှိသော ပြဿနာရပ်များကိုလည်း ကိုယ်တိုင် ဖုန်းလက်ခံ၍ ဖြေဆိုပေးလေ့ရှိကြောင်း သိရှိရသည်။ ၀န်ကြီးဦးဝင်းမြင့် အနေဖြင့် ၄င်းတာဝန်ယူချိန်တွင် တပ်မတော်အစိုးရလက်ထက် နှစ်ကာလကြာမြင့်စွာ ချုပ်ကိုင် ထားခဲ့သော စားအုန်းဆီနှင့် ကားပါမစ်များကို အများပြည်သူ လွယ်လင့်တကူ ဈေးသက်သာစွာ ၀ယ်ယူနိုင်ပြီး ခွင့်ပြုဖွင့်ပေးခဲ့၍ ယခင်အာဏာပိုင် အသိုင်းအ၀ိုင်းအတွင်း စီးပွားရေး တွက်ချေကိုက်နေကြသူများ၏ ပြစ်တင် ပြောဆိုမှုများကိုလည်း ခံခဲ့ရကြောင်း ၀န်ကြီးက မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားခဲ့သည်။
တရားမ၀င် အရက်၊ ၀ိုင် ရောင်းချသော Premium food service Product ကုမ္ပဏီကို ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ တရားဥပဒေအရ အရေးယူသင့်ဟုလည်း Mobile Teams (တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ) ဒု ညွှန်ကြားရေးမှူးက ၂၀၁၃၊ ဒီဇင်ဘာ (၁၇)ရက်နေ့တွင် မြန်မာ သံတော်ဆင့်သို့ ပြောကြားထားခဲ့သည်။

““အခုလို တရားမ၀င်ပစ္စည်းတွေ လက်ဝယ်ထားရှိမှု၊ ရောင်းဝယ်မှုတွေကို ဟိုတယ်နဲ့ခရီး ၀န်ကြီးဌာနက အရေးယူလို့ရတယ်။ သူတို့အရေးယူလို့ရတဲ့ ကိစ္စကို ငါတို့က ဖိအားပေးလို့ မရဘူးလေ။ ဟိုတယ်/ခရီးက ထောက်ခံချက်နဲ့ သူတို့ဘက်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမယ်လို့ တင်သွင်းတဲ့သူတွေကို ဟိုတယ်/ခရီးက ထောက်ခံပေးလို့ ငါတို့စီးပွားကူးသန်းက လိုအပ်တာတွေကို လုပ်ဆောင်ပေးရတာ။ အခုဖြစ်ပုံတွေက သူတို့ဝန်ကြီးဌာနက အရေးယူရမှာပါ။ အခုလည်း အားလုံးသိနေပြီပဲ””ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Mobile Teams အဖွဲ့သည် ဒီဇင်ဘာ(၄) ရက်နေ့တွင် သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်၊ မြမာလာလမ်း၊ ခြံအမှတ်(၁၀)ရှိ Premium Food Service Product ကုမ္ပဏီကို ၀င်ရောက် စစ်ဆေးရာတွင် တရားမ၀င် အရက်မျိုးစုံ ၁၂၉၇ ပုလင်းနှင့် ၀ိုင်မျိုးစုံ ၈၇၅၇၈ ခန့်မှန်းကျပ် သိန်းပေါင်း ငါးထောင့်ခုနစ်ရာ ကျော်တို့ကိုသိမ်းဆည်းရမိခဲ့ပြီး (ပူးတွဲပုံ) အဆိုပါ ကုန်ပစ္စည်းများသည် တရားမ၀င်ဖြစ်နေသောကြောင့် အကောက်ခွန်အမှုတွဲအမှတ် ၄ကက(လရ-၆၇/၂၀၁၃(၁၃)ဖြင့် ဒီဇင်ဘာ(၁၄)ရက်နေ့တွင် အမှုတွဲ ဖွင့်လှစ်၍ အကောက်ခွန် ဥပဒေအရ အရေးယူနိုင်ရန် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းထားပြီး ဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးကို သာကေတမြို့မအမှတ် (၂)ရဲစခန်းတွင် ထုတ်ကုန်/သွင်းကုန် ဥပဒေ (၂၀၁၂) ပုဒ်မ(၈)ဖြင့် တရားစွဲဆို ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်မှ နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနကိုဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိစ္စရပ်များကို မသိရှိကြောင်း၊ ပြောရေးဆိုခွင့်ရှိသူ မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
Premium food service product ကုမ္ပဏီမှ Mobile Teams အဖွဲ့ကို တရားစွဲဆိုရန် စီစဉ်နေသော သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။ စာရွက်စာတမ်းများအား သေချာစွာ စစ်ဆေးခြင်းမရှိဟု ဆိုကာ Mobile Teams အဖွဲ့သည် ၁-၁၁-၂၀၁၂ မှ ၅-၁၂-၂၀၁၃ ထိ စုစုပေါင်း တရားမ၀င် အရက်၊ ၀ီစကီ (၈၉,၇၄၈)လုံး၊ ၀ိုင် စုစုပေါင်း (၄,၄၅၉)ဖာနှင့် တရားမ၀င် မီးသွေးအိတ် (၄,၇၃၃)နှင့် မျောတိုင် (၇,၅၈၆)တို့ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် ၄၀၃,၀၅၅,၂၂၅ တန်ဖိုးရှိသည်ဟု Mobile Teams က ထုတ်ပြန် ထားသည်။

Premium Food Service Product ကုမ္ပဏီပိုင် ဂိုဒေါင်အတွင်း တွေ့ရှိရသည့် တရားမ၀င် အရက်ဝိုင် ဘီယာများနှင့် အေးခဲသားများ သိုလှောင်ထားရှိခြင်းနှင့် စပ်လျဉ်း၍ အဆိုပါကုမ္ပဏီသည် ကုမ္ပဏီအများစု စုပေါင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယင်းကုမ္ပဏီများတွင် City Mart ကုမ္ပဏီ ပါဝင်သည်။

နွေးနွေး
မြန်မာသံတော်ဆင့်

No comments:

Post a Comment

My Blog List