Friday, April 04, 2014

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ အပစ်အခတ်ရပ်ရေးစာချုပ်ရေးမည့် ဆွေးနွေးပွဲတက်မည်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ရေးဆွဲရန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့်အစိုးရအဖွဲ့ တို့ ဆွေးနွေးပွဲ တွင် နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ(NSCN-K)အဖွဲ့လည်း တက်ရောက်မည်ဖြစ်ကြောင်းနာ ဂအမျိုးသားဆိုရှယ်လစ်ကောင်စီ အဖွဲ့ ပြန်ကြားဆက်ဆံရေးရုံးမှ သတင်းရရှိသည်။တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ရေးဆွဲရန်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ နှင့် အစိုးရအဖွဲ့တို့ ဆွေးနွေးပွဲကို ဧပြီ ၅ရက်မှ ၇ရက်အထိ ရန်ကုန် မြို့၊ မြန်မာငြိမ်းချမ်းရေးနှင့် ပြန် လည်ထူထောင်ရေးဗဟိုဌာနတွင် ဆွေးနွေးကြမည်ဖြစ်သည်။‘‘ကျွန်တော်တို့အဖွဲ့တက် မှာပါ။ကိုယ်စားလှယ်သုံးဦး မနေ့ ကပဲသွားပါတယ်။ဥက္ကဋ္ဌဦးသိန်း ဇော်ကိုယ်တိုင်ဖိတ်ကြားလာပါ တယ်’’ဟု ပြန်ကြားဆက်ဆံရေး တာဝန်ခံကပြောသည်။နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီအဖွဲ့သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ များတွင် ပထမဆုံးအကြိမ်တက် ရောက်ခြင်းလည်းဖြစ်သည်။နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၃ အောက်တိုဘာတွင် ကချင် လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့၌ ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများညီလာခံနှင့် ကေအင်န်ယူထိန်းချုပ်နယ်မြေအတွင်း ပြုလုပ်သည့်
လော်ခီးလာညီလာခံများသို့လည်းတက်ရောက်ခဲ့ခြင်းမရှိပေ။ထို့အပြင်အဆိုပါဆွေးနွေးပွဲတွင် ‘၀’နှင့် မိုင်းလားအဖွဲ့တို့ လည်း ပထမဆုံးအကြိမ်တက် ရောက်မည်ဖြစ်သည်။

No comments:

Post a Comment

My Blog List