Friday, April 04, 2014

ဂျပန်ပရိသတ်ကို မြန်မာနဲ့ မိတ်ဆက်ပေးမယ့် ဂုဏ်ရည်အေးကျော်

ဂျပန်နိုင်ငံအခြေစိုက် NHK ရုပ်သံလိုင်းက သူမမိတ် ဆက်ပေးတဲ့ မြန်မာပြည် ခေါင်း စဉ်ဖြင့် တစ်နေ့တာအစီအစဉ်ကို ဧပြီ ဒုတိယပတ်၌ လာရောက် ရိုက်ကူးမည်ဖြစ်ကြောင်း ဂုဏ်ရည်အေးကျော်ကပြောသည်။‘‘ဧပြီ ၉၊ ၁၀၊ ၁၁မှာ လာ ရိုက်မှာပါ။ ဂုဏ်ရည်ရဲ့ တစ်နေ့ တာကို အဓိကရိုက်မှာပါ။ သူမ မိတ်ဆက်ပေးတဲ့ မြန်မာပြည်ဆို တဲ့ ခေါင်းစဉ်နဲ့ပါ’’ဟု ၎င်းကပြော သည်။

ယင်းသို့ ရိုက်ကူးရာတွင် မ ပါမဖြစ်နေရာများအဖြစ် ရွှေတိဂုံ ဘုရား၊ ငါးထပ်ကြီးဘုရား၊ ဗိုလ် ချုပ်ဈေးစသည့်နေရာများ၊ မြန် မာ့ရိုးရာအစားအသောက်များနှင့် ဒလဘက်ကမ်းမှ လာရောက်အ လုပ်လုပ်သူများ၏ အလုပ်ပြန်ချိန် ကိုလည်း ဗိုလ်တထောင်ဆိပ်ကမ်း ၌ သွားရောက်ရိုက်ကူးရန် စဉ်းစားထားကြောင်း ဂုဏ်ရည်အေး ကျော်ကပြောသည်။

‘‘ဂုဏ်ရည် ဂျပန်ပွဲမှာရှိနေ တုန်းကလည်း NHK ကတောက် လျှောက်လာရိုက်ခဲ့တယ်။ ဂုဏ် ရည်အစ်မက ဂျပန်မှာနေတာဆို တော့ အစ်မဆီကနေတစ်ဆင့် ဂုဏ်ရည် အီးမေးလ်တွေဘာတွေ ရပြီး လွန်ခဲ့တဲ့ တစ်ပတ်လောက် က ချိတ်ခဲ့တာပါ’’ဟု ၎င်းကပြော သည်။ယင်းအစီအစဉ်တွင် ၀တ် ဆင်မည့် ဖက်ရှင်ပိုင်းကိုလည်း မြန်မာ့ရိုးရာဝတ်စုံများဝတ်ဆင် ရန်စီစဉ်ထားသလို NHKဘက်မှ နိုင်ငံတကာပြိုင်ပွဲတွင်ဝတ်ဆင်ခဲ့ သော ကချင်ဝတ်စုံကိုလည်း စိတ် ၀င်စားသောကြောင့် ပြန်လည် ၀တ်ဆင်ပေးရန် တောင်းဆိုထား သည်ဟုဆိုသည်။
‘‘အစီအစဉ်တစ်ခုလုံးရဲ့ အ ပိတ်ကိုတော့ ဂျပန်သီချင်းနှစ်ပုဒ် ကို မြန်မာ့စောင်းနဲ့ တီးပြပြီးပိတ် ဖို့တော့ စဉ်းစားထားတယ်’’ဟု ၎င်းကပြောသည်။NHK သတင်းဌာနသည် ဂျ ပန်နိုင်ငံတွင် အအောင်မြင်ဆုံးသ တင်းဌာနတစ်ခုဖြစ်သလို International Global Channel  တစ်ခုတွင် ဒုတိယအကြိမ်ပါဝင် ခွင့်ရရှိခဲ့သောကြောင့် ဂုဏ်ယူ  ကြောင်း ၎င်းကဆိုသည်။‘‘Channel News Asia, CNN နဲ့ တခြားGlobal Channel အဖွဲ့ အစည်းတွေကနေတစ်ဆင့် မြန် မာနိုင်ငံအကြောင်းမှာ မြန်မာပြည် က သနပ်ခါး၊ ချင်းရိုးရာဓလေ့၊ ပါးမည်းထိုးတာတို့နဲ့ ပတ်သက်ပြီး တော့ ဂုဏ်ရည်ပါခဲ့ဖူးပါတယ်။ ဒါက Global Channel မှာ ဒုတိယ အကြိမ်ပါဝင်တာဖြစ်ပါတယ်။ ဒီ တစ်ကြိမ်မှာ မြန်မာပြည်ကိုယ်စား ပြုပြီး မိတ်ဆက်ပေးရမှာဖြစ်တဲ့အ တွက် ပိုပြီးဂုဏ်ယူပါတယ်’’ဟု ဂုဏ်ရည်အေးကျော်က ပြော သည်။

No comments:

Post a Comment

My Blog List