Friday, April 04, 2014

ပုံစံမျိုးစုံသရုပ်ဆောင်နိုင်အောင် ကြိုးစားနေတဲ့ ဂျူးဂျူးကေ

ပုံစံမျိုးစုံသရုပ်ဆောင် နိုင်သော အနုပညာရှင်တစ်ဦးအ ဖြစ် ပရိသတ်များမြင်လာအောင် ကြိုးစားနေကြောင်း သရုပ်ဆောင် ဂျူးဂျူးကေကပြောသည်။ ‘‘ဘယ်ကာရိုက်တာလာလာ ကာရိုက်တာထပ်တယ်။ ခေါက်ရိုး ကျိုးနေတယ်ဆိုတာမျိုးမဟုတ်ဘဲ နဲ့ ဘာမဆိုသရုပ်ဆောင်နိုင်တယ် ဆိုတာမျိုးတော့ ပရိသတ်မြင်တာ ခံချင်ပါတယ်။ အဲဒီလိုမျိုးဖြစ်အောင်လည်း အတတ်နိုင်ဆုံးကြိုး စားနေပါတယ်’’ဟု ဂျူးဂျူးကေက ပြောသည်။
ဂျူးဂျူးကေသည် MRTV-4၊ Channel 7တို့တွင် ထုတ်လွှင့်နေ သော‘‘ထာဝရမန္တလေး’’ရုပ်သံ ဇာတ်လမ်းတွဲတွင် မော်ဒယ်အေဂျင်စီ သင်တန်းနည်းပြအဖြစ်လည်း ကောင်း၊ ‘‘ကံ ကံ၏အကျိုး’’ဇာတ် လမ်းတွဲတွင် ပိုက်ဆံချမ်းသာ အောင်အမျိုးမျိုးကြံစည်နေသည့် ဆင်းရဲသောကောင်မလေးအဖြစ် အဓိကဇာတ်ကောင်နေရာတွင် ပါ ၀င်သရုပ်ဆောင်ထားသည်။

ထိုဇာတ်လမ်းတွဲနှစ်ခုကို အ ချိန်မိနစ်ပိုင်းသာကွာခြား၍ ထုတ် လွှင့်ပြီးယင်းဇာတ်လမ်များတွင် သရုပ်ဆောင်ရသောပုံစံ ကွဲပြား အောင် သေချာသရုပ်ဆောင်ထား ကြောင်း ဂျုးဂျုးကေကပြောသည်။
‘‘ကံကံ၏အကျိုး’’ကားထဲက ကာရိုက်တာအတွက် ရိုက်ဖို့ပြော တဲ့အခါကျတော့ နည်းနည်း ကြောက်တာပေါ့။ နင် ဆင်းရဲ သားကာရိုက်တာနဲ့ လိုက်မှာမ ဟုတ်ဘူးလို့ လူတိုင်းကပြောတဲ့ အခါကျတော့ ညီမက အဲဒါကိုပီ  ပြင်အောင် အတတ်နိုင်ဆုံးကြိုး စားတဲ့ စိတ်နဲ့လုပ်ခဲ့တာပါ’’ဟု ဂျုး ဂျူးကေကပြောသည်။

No comments:

Post a Comment

My Blog List