Tuesday, April 01, 2014

လယ်တီသိမ် ရွှေ့ဆိုင်းမည့်ရက် သတ်မှတ်ရခြင်း မရှိသေးဟု တိုင်းဒေသကြီး သာသနာရေးဝန်ကြီး ပြောကြား

Tuesday, April 1, 2014
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့် ကျောင်းနှင့် စေတီတို့ကို သိမ်နုတ်ပြီး ဖြစ်သော်လည်း ဆရာတော်ကြီးများ၏ သြဝါဒ ခံယူပြီးမှသာ ရွှေ့ပြောင်းမည် ဖြစ်၍ ပြောင်းရွှေ့မည့်ရက် သတ်မှတ်ရခြင်း မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် သာသနာရေး ဝန်ကြီး ဦးတင်ဝင်းက ပြောကြားသည်။
လက်ပံတောင်းတောင် ဒေသရှိ သံဃာများ အပါအဝင် သံဃာတော် ၂၇ ပါးဖြင့် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် ဆရာတော်များ၏ မိန့်ကြားချက်အတိုင်း သိမ်နုတ်ခြင်း ပြုလုပ်ခဲ့သည်ဟု ဝန်ကြီးက ပြောဆိုသည်။
Photo: လယ်တီသိမ် ရွှေ့ဆိုင်းမည့်ရက် သတ်မှတ်ရခြင်း မရှိသေးဟု တိုင်းဒေသကြီး သာသနာရေးဝန်ကြီး ပြောကြား
Tuesday, April 1, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့် ကျောင်းနှင့် စေတီတို့ကို သိမ်နုတ်ပြီး ဖြစ်သော်လည်း ဆရာတော်ကြီးများ၏ သြဝါဒ ခံယူပြီးမှသာ ရွှေ့ပြောင်းမည် ဖြစ်၍ ပြောင်းရွှေ့မည့်ရက် သတ်မှတ်ရခြင်း မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် သာသနာရေး ဝန်ကြီး ဦးတင်ဝင်းက ပြောကြားသည်။

လက်ပံတောင်းတောင် ဒေသရှိ သံဃာများ အပါအဝင် သံဃာတော် ၂၇ ပါးဖြင့် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် ဆရာတော်များ၏ မိန့်ကြားချက်အတိုင်း သိမ်နုတ်ခြင်း ပြုလုပ်ခဲ့သည်ဟု ဝန်ကြီးက ပြောဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ဗုဒ္ဓသာသနိက အဆောက်အအုံများ ဖြစ်သည့် စေတီတော်၊ သိမ်ကျောင်းဆောင်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အုတ်တံတိုင်းနှင့် အဝင်မုခ်ဦးများအား ရွှေ့ပြောင်းလျှင် မြတ်စွာဘုရား ဟောတော်မူခဲ့သည့် အတိုင်း ပါဠိတော် အဋ္ဌကထာဋီကာများနှင့်အညီ ရွှေ့ပြောင်းနိုင်သည်ဟု နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့ရှိ ကံစွယ်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော သြဝါဒခံယူပွဲ၌ မိန့်ကြားပြီး ဖြစ်သည်။

“လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါအတိုင်း လုပ်မှာပါ။ ဆရာတော်ကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ သိမ်ကိုရွှေ့ပြောင်းဖို့ ဆောင်ရွက်မှာပါ” ဟု ဝန်ကြီးက ဆက်လက် ပြောဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အပြီးသတ် အစီရင်ခံစာပါ သုံးသပ်အကြံပြုချက်တွင်လည်း လက်ပံတောင်းတောင်ကြားရှိ သာသနိက အဆောက်အအုံများကို အခြားသင့်လျော်မည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းပေးရမည် ဟူသည့် အချက်ပါဝင်ခဲ့သည်။

ယင်းကြောင့် လက်ရှိ အချိန်ထိ လက်ပံတောင်းတောင်ကြားတွင် ရှိသော သာသနိက အဆောက်အအုံများကို မူလနေရာနှင့် ကိုက် ၁၅၀၀ ခန့်အကွာ ကျော်ရွာ၏ တောင်ဘက်ပေ ၃၀၀ ခန့် အကွာရှိ ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းအနီး ၁ ဒသမ ၈၄ ဧက ကျယ်ဝန်းသည့် မြေနေရာသို့ ရွှေ့ပြောင်း တည်ဆောက်မည် ဖြစ်ရာ စေတီတော်၏ အမြင့်ပေမှာလည်း လက်ရှိထက် နှစ်ဆမြင့်ကာ ဉာဏ်တော် ၅၄ ပေ ရှိမည် ဖြစ်သည်။ 

တည်ဆောက်မည့် မြေနေရာအတွက် အခွန်လွတ် သာသနာ့မြေဂရန် ရရှိပြီးဖြစ်ကာ သိမ်ဆောက်လုပ်မည့် မြေဧရိယာ ၀ ဒသမ ၀၅ ဧကအတွက် ဝိသုံဂါမသိမ်ဂရန် ရရှိပြီးဖြစ်ကြောင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

The Voice Weekly လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ဗုဒ္ဓသာသနိက အဆောက်အအုံများ ဖြစ်သည့် စေတီတော်၊ သိမ်ကျောင်းဆောင်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အုတ်တံတိုင်းနှင့် အဝင်မုခ်ဦးများအား ရွှေ့ပြောင်းလျှင် မြတ်စွာဘုရား ဟောတော်မူခဲ့သည့် အတိုင်း ပါဠိတော် အဋ္ဌကထာဋီကာများနှင့်အညီ ရွှေ့ပြောင်းနိုင်သည်ဟု နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့ရှိ ကံစွယ်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော သြဝါဒခံယူပွဲ၌ မိန့်ကြားပြီး ဖြစ်သည်။


“လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါအတိုင်း လုပ်မှာပါ။ ဆရာတော်ကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ သိမ်ကိုရွှေ့ပြောင်းဖို့ ဆောင်ရွက်မှာပါ” ဟု ဝန်ကြီးက ဆက်လက် ပြောဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အပြီးသတ် အစီရင်ခံစာပါ သုံးသပ်အကြံပြုချက်တွင်လည်း လက်ပံတောင်းတောင်ကြားရှိ သာသနိက အဆောက်အအုံများကို အခြားသင့်လျော်မည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းပေးရမည် ဟူသည့် အချက်ပါဝင်ခဲ့သည်။

ယင်းကြောင့် လက်ရှိ အချိန်ထိ လက်ပံတောင်းတောင်ကြားတွင် ရှိသော သာသနိက အဆောက်အအုံများကို မူလနေရာနှင့် ကိုက် ၁၅၀၀ ခန့်အကွာ ကျော်ရွာ၏ တောင်ဘက်ပေ ၃၀၀ ခန့် အကွာရှိ ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းအနီး ၁ ဒသမ ၈၄ ဧက ကျယ်ဝန်းသည့် မြေနေရာသို့ ရွှေ့ပြောင်း တည်ဆောက်မည် ဖြစ်ရာ စေတီတော်၏ အမြင့်ပေမှာလည်း လက်ရှိထက် နှစ်ဆမြင့်ကာ ဉာဏ်တော် ၅၄ ပေ ရှိမည် ဖြစ်သည်။

တည်ဆောက်မည့် မြေနေရာအတွက် အခွန်လွတ် သာသနာ့မြေဂရန် ရရှိပြီးဖြစ်ကာ သိမ်ဆောက်လုပ်မည့် မြေဧရိယာ ၀ ဒသမ ၀၅ ဧကအတွက် ဝိသုံဂါမသိမ်ဂရန် ရရှိပြီးဖြစ်ကြောင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List