Wednesday, April 02, 2014

စက်ရုံပိတ်၍ အလုပ်လက်မဲ့ဖြစ်သွားသူ အလုပ်သမားများကို ၈၈ အဖွဲ့ သင်တန်းပေး

Wednesday, April 2, 2014
စက်ရုံပိတ်သိမ်းခံရပြီး အလုပ်လက်မဲ့ဖြစ်သွားသော ပဲခူးတိုင်း၊ ပြည်မြို့ရှိ သီတာ-မြန်မာအထည်ချုပ်စက်ရုံ မှ အလုပ်သမား၂၃ ဦးကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က အလုပ်သမားဥပဒေ ရေးရာအသိပညာပေးသင်တန်း ပို့ချပေးလျက်ရှိသည်ဟု သင်တန်းတာဝန်ခံဦးသော်ကနိုင်က ပြောသည်။
ပြည်မြို့ ရွာဘဲရပ်ကွက်အနောက်နေကျော်တန်းလမ်းတွင် ဧပြီ ၁ ရက်မှ ၃ရက်အထိ ပို့ချလျက်ရှိပြီး အဆို ပါသင်တန်းမှတစ်ဆင့် ဘ၀တူအလုပ်သမားများထံ အသိပညာဖြန့်ဝေသွားရန် သင်ကြားပေးခြင်းဖြစ် သည်ဟုလည်း ၎င်းက ဆိုသည်။ “သူတို့က အပြစ်ရှိလို့ အလုပ်ထုတ်ခံရတာမဟုတ်ဘူး။ စက်ရုံက ပိတ်လိုက်ရလို့ အလုပ်လက်မဲ့ ဖြစ်သွား တာ။ သူတို့ သေချာမသိသေးတဲ့ အလုပ်သမားအခွင့်အရေးတွေ သိအောင်လို့ပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါသင်တန်းတွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရန်ကုန်ရုံးချုပ်မှ အလုပ် သမားရေးရာကဏ္ဍ ဒု-တာဝန်ခံဒေါ်မာမာဦးနှင့် တွဲဖက်တာဝန်ခံ ကိုသားကြီး(လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့) (HRDP)တို့က၂၀၁၁ ခုနှစ် အလုပ်သမားရေးရာဥပဒေ၊ ၂၀၁၂ခုနှစ်၊ အလုပ်သမား အလုပ်ရှင် ပဋိပက္ခဖြေရှင်းရေးဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေများကို ပို့ချသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ယခုသင်တန်းအပြင် အမျိုးသမီးရေးရာနှင့်ပတ် သက်သည့် သင်တန်းများကိုလည်း ပြည်မြို့တွင် ထပ်မံပို့ချဦးမည်ဟု ဆိုသည်။

သီတာ- မြန်မာအထည်ချုပ်စက်ရုံကို မတ်လ ၁၇ ရက်တွင် အလုပ်သမားများက ဆန္ဒပြပြီး သက်ဆိုင်ရာမှ ၎င်းစက်ရုံအား ၀င်ရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းလိုင်စင်မရှိသဖြင့် ယာယီ ပိတ်ထားသည်။

စက်ရုံလည်ပတ်မှုမရှိသည့်အတွက် အလုပ်သမားများက နစ်နာကြေးပေးရန် တောင်းဆိုခဲ့ရာ အလုပ်ရှင် နှင့်အလုပ်သမား လုပ်ခလစာသုံးလစာသဘောတူညီချက်ဖြင့် ကျေအေးခဲ့ပြီး အလုပ်သမား ၉၂ဦး အလုပ် လက်မဲ့ဖြစ်ခဲ့သည်။

Mizzima News

No comments:

Post a Comment

My Blog List