Friday, April 04, 2014

ဂျာမနီ Lufthansa လေယာဉ်မှူးများ သပိတ်မှောက်မှု လေယာဉ်ခရီးစဉ် ၉၀၀ ခန့် ဖျက်သိမ်းလိုက်ရ

ဂျာမနီနိုင်ငံ၏ အကြီး ဆုံး လေကြောင်းလိုင်း Lufthan-sa သည် သုံးရက်တာ လေယာဉ် မှူးများ၏ သပိတ်မှောက်မှုအစ၌ လေယာဉ်ခရီးစဉ် ၉၀၀ ခန့်ကို ဖျက်သိမ်းခဲ့သည်။
Lufthansa လေယာဉ်မှူး များ သပိတ်သည် ခရီးသည် ၄၂၅,၀၀၀ ခန့်အပေါ် သက် ရောက်မှုရှိနိုင်ပြီး ယင်းသပိတ် ကြောင့် နောက်ထပ် လေယာဉ် ခရီးစဉ် ၃,၀၀၀ ခန့် ထပ်မံဖျက် သိမ်းရဖွယ်ရှိသည်ဟု Lufthansa လေကြောင်းလိုင်းက ပြောကြား သည်။
မြူးနစ်လေဆိပ်တွင် ဂျာမန်လေကြောင်းလိုင်း Lufthansa နှင့်ပျံသန်းရန်စောင့်ဆိုင်းနေစဉ် အိပ်ပျော်နေသော သက်ကြီးရွယ်အိုတစ်ဦး နှင့် လက်ပ်တော့အသုံးပြုနေသော ခရီးသည်နှစ်ဦးကို တွေ့ရစဉ် (REUTERS)

အနှောင့်အယှက်များ လျော့ ပါးစေရန် ခရီးသည်များအား အခြားသော လေကြောင်းလိုင်း များ (သို့မဟုတ်) ရထားဝန်ဆောင် မှုများနှင့် ချိတ်ဆက်ပေးနေသည် ဟု Lufthansa က ပြောကြား သည်။
Lufthansa လေယာဉ်မှူး များသည် ၎င်းတို့၏ လေကြောင်း လိုင်းမှ လစာ၊ ပင်စင်ကိစ္စများနှင့် ပတ်သက်သော သဘောတူညီ ချက်အသစ်တစ်ရပ် ရယူလို သည်။
လေကြောင်းလိုင်းနှင့် လေ ယာဉ်မှူးများအကြား စေ့စပ်ညှိ နှိုင်းမှုများ မအောင်မြင်ရခြင်းနှင့် ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အပြစ်တင်လျက်ရှိ သည်။
ဥရောပတိုက်၏ အကြီးဆုံး လေကြောင်းလိုင်းဖြစ်သော Luf-thansa လေယာဉ်မှူးများ သပိတ်ကြောင့် ကုမ္ပဏီခွဲများဖြစ်သော Germanwings နှင့် Lufthansa Cargo လေကြောင်းလိုင်းများအပေါ် သက်ရောက်မှုရှိသော် လည်း Austrian Airlines နှင့် Lufthansa Cityline လေကြောင်း လိုင်းများအပေါ် ရိုက်ခတ်မှုမရှိခဲ့ ပေ။
Lufthansa လေကြောင်း လိုင်းက လေယာဉ်မှူးများ၏ သပိတ်မှောက်မှုကို ခရီးသည်များထံ အီးမေးလ်ပို့၍ သတိပေး အကြောင်းကြားခဲ့ကြသည်။
သတိပေးအကြောင်းကြား စာ မရရှိသော ခရီးသည်များအ တွက် လေဆိပ်ကြီးများ၌ အရေး ပေါ် အိပ်ရာအစီအစဉ်များနှင့် အစားအသောက်များ ပြင်ဆင် ပေးထားပြီးဖြစ်ကြောင်း Luf-thansa က ပြောကြားသည်။
—Ref: BBC

No comments:

Post a Comment

My Blog List