Monday, March 31, 2014

မြစ်ဆုံစီမံကိန်း အပြီးရပ်ရေး မြစ်ကြီးနားအထိ လမ်းလျှောက်ဆန္ဒပြသူ ၅,၀၀၀ ကျော် ဖြစ်လာနိုင်


Monday, March 31, 2014 
ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးရပ်ရန် ရန်ကုန်မှ မြစ်ကြီးနားသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ခရီးစဉ်တွင် လမ်းခရီးတစ်လျှောက် ပြည်သူများ၏ စာရင်းပေးသွင်းထားမှုများအရ လူထုအင်အား ငါးထောင်ခန့် ပါဝင် လာမည်ဟု လမ်းလျှောက်ပွဲကိုဦးဆောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများဗဟိုကော်မတီဝင် ဦးရဲထွဋ် ခေါင်က ပြောသည်။
လမ်းလျှောက်ဆန္ဒထုတ်ဖော်သူများသည် မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့မှ လူအင်အား ၇၀ ကျော်ဖြင့် စတင်ထွက်ခွာလာခဲ့ပြီး လမ်းခရီးတစ်လျှောက် ပြည်သူများ ပါဝင်လာကြသဖြင့် မတ်လ ၃၀ ရက် ပြည်မြို့ သို့ရောက်ရှိချိန်တွင် အင်အား ၁၀၀ ကျော်အထိဖြစ်လာသည်ဟု ၎င်းက ပြောသည်။
“မြစ်ကြီးနားကိုရောက်တဲ့အချိန် လူဦးရေ သုံးထောင်နဲ့ ငါးထောင်အကြား ခန့်မှန်းထားပါတယ်”ဟု ဦးရဲ ထွဋ်ခေါင်က ပြောသည်။

ပြည်မြို့တွင် မြစ်ဆုံအထိလိုက်ပါရန် ကြိုတင်စာရင်းပေးသွင်းထားသူ တစ်ရာကျော်ရှိသဖြင့် ပြည်မြို့မှ ထွက်ခွာချိန်တွင် နှစ်ရာကျော် ဖြစ်သွားမည်ဖြစ်ကြောင်း၊ အခြားပြည်နယ်နှင့်တိုင်း အသီးသီးတွင်လည်း ပူးပေါင်းပါဝင်မည့်သူများရှိကြောင်း ၎င်းက ဆက်ပြောသည်။မြစ်ဆုံဆည်အကြောင်း လူထုရှင်းလင်းပွဲကို ပြည်မြို့ ရွှေဆံတော်စေတီတွင် မတ်လ ၃၀ရက်က ကျင်းပပြီး လမ်းတစ်လျှောက်ရှိ မန္တလေးနှင့် မြစ်ကြီးနားမြို့များတွင်လည်း ကျင်းပပြုလုပ်သွားမည်ဟု ဆိုသည်။ “လောလောဆယ် ပြည်ကထွက်ရင် နှစ်ရာကျော်ဖြစ်သွားမယ်။ မန္တလေးမှာ လူဦးရေ ခုနစ်ရာကျော် ပူး ပေါင်းမယ်။ ကချင်ပြည်နယ်မှာ လူနှစ်ထောင်ကျော် ပူးပေါင်းမယ်။ စစ်ကိုင်းတိုင်းထဲမှာ လူတစ်ရာကျော် နှစ်ရာ ပူးပေါင်းမယ်”ဟု ၎င်းက ဆက်ပြောသည်။
လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုသည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် ကချင်ပြည်နယ် တိုင်းဒေသကြီးငါးခုနှင့် ပြည်နယ်တစ်ခုသာ ဖြတ်သန်းရသဖြင့် အခြား ပြည်နယ်နှင့် တိုင်းအသီးသီးမှလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြရန် ဦးရဲထွဋ် ခေါင်က တိုက်တွန်းလိုက်သည်။ 

No comments:

Post a Comment

My Blog List