Wednesday, April 02, 2014

ခန့်မှန်းကြေးရရှိငွေမှ ၄၀ ရာခိုင်နှုန်းကို မိဘမဲ့ကလေးများအတွက်လှူဒါန်းမည်ဟု ဘောလုံးပွဲကျွမ်းကျင်သူတို့ဆို

Wednesday, April 02, 2014
မိဘမဲ့ကလေးများအတွက် ရံပုံငွေရှာဖွေနိုင်ရေး Tip For ORHANS အစီအစဉ်ဖြင့် မြန်မာလောင်းကစားသမား များ ထံမှ ဘောလုံးပွဲခန့်မှန်းကြေး ရယူမည့်အစီအစဉ်ကို မြန်မာဘောလုံးဂျာနယ်များ၌ ဘောလုံးပွဲ ခန့်မှန်းသူများမှစတင်လိုက်ပြီဟု မြန်မာပြည်မှ ဘောလုံးပွဲခန့်မှန်းသူများထံမှ သိရှိရသည်။ အဆိုပါ ဘောလုံးပွဲခန့်မှန်းသူများမှ တစ်လတာခန့်မှန်းခအဖြစ်ကျပ်တစ်သောင်းကို ဘောလုံးပွဲလောင်း သူများထံမှ ရယူသွား မည်ဖြစ်ပြီးဘောလုံးပွဲများကို ဖုန်းမက်ဆေ့မှ တဆင့် ခန့်မှန်းပေးရင်း စတင်ရရှိလာသည့်အခကြေးငွေများထဲမှ ၄၀%ကို မိဘမဲ့ကလေးများ ဂေဟာအတွက် လှူဒါန်းမည့် အစီအစဉ်ဖြစ်သည်။ “ ကျွန်တော်တို့ဟာ မိတ်ဆွေများကို pageပေါ်ကနေ ဘောပွဲတွေရောင်းစားချင်စိတ်တွေရှိသူတွေ မဟုတ်ဘူးဗျ။ ဒီတော့အ ကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုစဉ်းစားပြီးသူနဲ့ ကျွန်တော်သ ဘောတူညီချက် တစ်ခုယူလိုက်တယ်။ခင်ဗျားနဲ့ကျွန်တော်က လုပ်အားခပဲယူပြီး မိတ်ဆွေများရဲ့ပိုက်ဆံတွေ အဓိပ္ပါယ်ရှိအောင် မိဘမဲ့ကလေးများဂေဟာတွေကိုသွားရောက်လှုဒါန်း ကြမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အခုတော့Tip For ORHANSဆို့ အစုလေးကိုဖွဲပြီး ကျွန်တော်တို့အစီအစဉ်ကိုစတင်လိုက်ပါပြီ” ဟု Sport Center နှင့် အခြားဘောလုံးဂျာနယ်များ၌ဘောလုံးပွဲ ပင်တိုင်ခန့်မှန်းလေ့ရှိသူ ဆရာဟန်စိုးသွေးက ၄င်းလူမှုကွန်ယက် စာမျက်နှာမှ တဆင့် သတင်းထုတ်ပြန်ထားသည်။
အဆိုပါအဖွဲ့၌ အဖွဲ့ဝင်အင်အားများပြားလာပါက အဖွဲ့ဝင်လောင်းကစားသမားများ၏အဆုံးအဖြတ်ကိုခံယူ၍ လှူဒါန်းငွေကိုပြန်လည်ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အောင်မြင်မှု ကျရှုံးမှုမှာ၎င်းတို့ အဖွဲ့အပေါ်ထားရှိသည့် အသင်းသားများ၏ မေတ္တာနှင့် ဆိုင်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
“ သေချာတာက တော့ကျော်မျိုးဟန်နဲ့ဟန်စိုးသွေးဆိုတဲ့လူတွေစားတွေဟာမိတ်ဆွေများကို ဘောလုံးပွဲရောင်းစားမယ့် သူတွေ မဟုတ်ဘူးဗျ။မသေကြခင်လေးဘဝမှာကောင်းတာလေးတစ်ခုခု လုပ်စိတ်ကြောင့် ဒီအစီအစဉ်လေးကိုစတင် လိုက်တာဖြစ်တယ်။” ဟု ၄င်းက ဆက်ပြောသည်။
TIPS F0R ORPHANS ဆိုသည့်အုပ်စု၌ ဆရာဟန်စိုးသွေး ၊SOCCER-FOLLOW နှင့်အတူ ဘောလုံးပွဲကျွမ်းကျင်သူ ၀ါရင်.နှစ်ဦးကို ဖိတ်ခေါ်ထားကြောင်းကျော်မျိုးဟန်( FOLLOW) မှ ၄င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ကြေညာထားသည်။
“ ကျနော်တို. ငါးယောက်ကနေ အနီးကပ် အကောင်းဆုံး စိတ်ကြိုက်ပွဲတွေကိုရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ လာမယ်. စနေ ၊တနင်္ဂနွေမှ စတင်ပါမယ်။ကျွန်တော်တို. အုပ်စုရဲ. အနီးကပ် အကောင်းဆုံး စိတ်ကြိုက်ပွဲတွေကို ရယူလိုတယ်ဆိုရင် တစ်ဦးကို တစ်လ ကျပ်တစ်သောင်းတိတိ ဘဏ်ကနေငွေသွင်းပေးရမှာ ဖြစ်ပါတယ်” ဟု ကျော်မျိုးဟန်( FOLLOW)က ဆိုထားသည်။
လက်ရှိတွင် Tip For ORHANS အစီအစဉ်၌ တစ်နှစ်စာစာရင်းသွင်းထားသူတစ်ဦးအပါအ၀င် အသင်းဝင်(၁၀) ဦးခန့်ရှိနေပြီဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“ ဘောလုံးပွဲခန့်မှန်းဆိုတာ မသေချာပါဘူး၊ အများစုကတော့အပင်မှတ်နိုင်ရင်နိုင်တယ်၊ သူများအကြိုက်တဲ့ဘက်ကနေရင် နိုင်တယ်လို့ယူဆထားကြတာရှိတယ်၊ အခု မိဘမဲ့ကလေးတွေအတွက် လှူမယ့်အစီအစဉ်က အဆိုးထဲကအကောင်း ဆိုသ လိုပေါ့၊ ဒါပေမယ့် သူတို့က ဘယ်လောက် အတိုင်းအတာအထိ လှူမှာလဲအဲ့ဒါမျိုးတွေတော့ တိတိကျကျ ထုတ်ပြန်ထားဖို့လိုမယ် ” ဟုဘောလုံးပွဲလောင်းကစားကို စိတ်ပါဝင်စားသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း လောင်းကစားမှုများကင်းစင်ပပျောက်စေရေးအခါအားလျော်စွာ စီမံကိန်းများချမှတ်၍အရေးယူဆောင်ရွက်လျက်ရှိသော်လည်း လိုင်ကြေးပေးဆောင်၍ ဘောလုံးလောင်းကစားနည်းကို ဆက်လက် ကစားနေကြဆဲ ဖြစ်သည်ဟု ကမာရွတ်မြို့နယ်နေ ပြည်သူများထံမှသိရှိရသည်။
မြန်မာနိုင်ငံ၌ ဘောလုံးလောင်းကစားနည်းကို ယခင် မဆလ အစိုးရ၊တပ်မတော်အစိုးရ လက်ထက်ကတည်းက မြန်မာပြည် သူများအကြား ခေတ်စားလာခြင်းဖြစ်ပြီး ယခုဒီမိုကရေစီအစိုးရလက်ထက်၌ ပွင့်ပွင့်လင်းလင်းရှိလာကြောင်းလောင်းကစားပြု လုပ်သူအသိုင်းအ၀ိုင်းမှ သိရှိရသည်။
ယုန်လေး(မြစ်မခ)
Myit Ma Kha Media Group

No comments:

Post a Comment

My Blog List