Friday, April 04, 2014

၁၂ နှစ် ကြာပြီးမှ Fated to Love You ဒရာမာဇာတ်လမ်းတွဲမှာ ပြန်လည်ဆုံတွေ့မယ့် ဂျန်ဟော့နဲ့ ဂျန်နာရာ


တောင်ကိုရီးယားသရုပ် ဆောင်များဖြစ်ကြသော  ဂျန် ဟော့နှင့်     ဂျန်နာရာတို့သည် MBC ရုပ်သံလိုင်း၏ Fated to Love You ဒရာမာဇာတ်လမ်းတွဲ သစ်တွင် အဓိကဇာတ်ဆောင်များ အဖြစ် ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။၂၀၀၂ ခုနှစ်တွင် SBS ရုပ် သံလိုင်း၏ The Successful Story of A Bright Girl ဒရာမာ ဇာတ်လမ်းတွဲ၌ ပူးတွဲသရုပ် ဆောင်ခဲ့ကြသော ဂျန်ဟော့နှင့် ဂျန်နာရာသည် ၁၂ နှစ်အကြာ တွင် MBC ဇာတ်လမ်းတွဲသစ်၌ ပထမအကြိမ် ပြန်လည်ဆုံတွေ့ မည်ဖြစ်သည်။

‘‘Fated to Love You ’’ ဒရာ မာဇာတ်လမ်းတွဲသည် ၂၀၀၈ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော နာမည်ကျော် တိုင်ပေဒရာမာ ဇာတ်လမ်းတွဲကို ကိုရီးယားမူဟန် ဖြင့် ပြန်လည်ဆန်းသစ်ထားခြင်း ဖြစ်သည်။ ယင်းဒရာမာဇာတ်လမ်းတွဲ တွင် ဂျန်ဟော့သည် အိမ်ထောင် မပြုလျှင် အမွေမရနိုင်သော သူ ဌေးသားလီဂန်းအဖြစ် သရုပ် ဆောင်ရမည်ဖြစ်ပြီး ဂျန်နာရာ သည် ဆွဲဆောင်မှုမရှိသော သာ မန်လူလတ်တန်းစား အမျိုးသမီး ဂင်မီယန်းအဖြစ် သရုပ်ဆောင်ရ မည်ဖြစ်သည်။ ယင်းဇာတ်လမ်း တွင် လီဂန်းနှင့် ဂင်မီယန်းတို့ ၏ အချစ်ဟာသ အခြေအနေကို ဖော်ပြသွားမည် ဖြစ်သည်။
Fated to Love You ဇာတ် လမ်းကို A New Leaf ဒရာမာ ဇာတ်လမ်းတွဲပြီးနောက်တွင် MBC ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

No comments:

Post a Comment

My Blog List