Wednesday, April 02, 2014

မန္တလေးတွင် ပထမဆုံး ကျင်းပသည့် တရုတ်သီချင်းဆိုပြိုင်ပွဲ ဆုရသူများကို ယွမ်ငွေသုံးသောင်းနီးပါး ချီးမြှင့်

Wednesday, April 02, 2014
မြန်မာနိုင်ငံရှိ မြို့ကြီးများအနက် တရုတ်လူမျိုး အများဆုံး နေထိုင်လျက် ရှိသည်ဟုဆိုသော မန္တလေးမြို့တော်တွင် အမျိုးသား ပြဇာတ်ရုံ၌ ပထမဆုံးအကြိမ် ‘တရုတ်ပြည်ကိုနားလည်ခြင်း’ ခေါင်းစဉ်ဖြင့် ကျင်းပသည့် တရုတ်သီချင်းဆို ပြိုင်ပွဲတွင် ဆုရရှိသူများကို စုစုပေါင်း တရုတ်ယွမ်ငွေ သုံးသောင်းနီးပါး (၂၉,၀၀၀) မြန်မာကျပ်ငွေ ၄၅ သိန်းကျော် ချီးမြှင့်ခဲ့ကြောင်း အဆိုပါပွဲ ကျင်းပသည့် ဖူချင့် နိုင်ငံတကာ ဘာသာစကား သင်ကြားရေးစင်တာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဒီနေ့ ဖိုင်နယ်ပြိုင်ပွဲကို ၁၅ ဦး ပါဝင် ယှဉ်ပြိုင်ပါတယ်။ ဒီနေ့ပွဲမှာ မြန်မာလူမျိုး ယောက်ျားလေးတစ်ဦးနဲ့ အမျိုးသမီး သုံးဦးတို့ကို ရွေးချယ်ပါတယ်။ တရုတ်သီချင်းဆို ပြိုင်ပွဲလို့သာ ခေါင်းစဉ်တပ်တာပါ။ တရုတ်-မြန်မာ ချစ်ကြည်ရေးပွဲဆိုတော့ ပြိုင်ပွဲဝင်တဲ့ လူတွေက မြန်မာတစ်ဝက် တရုတ်တစ်ဝက် သီချင်းတွေ သီဆိုရတာပါ။ ရည်ရွယ်ချက်ကတော့ မြန်မာ-တရုတ် ချစ်ကြည်ရေး ထာဝရ တည်တံ့ ခိုင်မြဲစေဖို့အတွက် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
Photo: မန္တလေးတွင် ပထမဆုံး ကျင်းပသည့် တရုတ်သီချင်းဆိုပြိုင်ပွဲ ဆုရသူများကို ယွမ်ငွေသုံးသောင်းနီးပါး ချီးမြှင့်
Wednesday, April 02, 2014

မြန်မာနိုင်ငံရှိ မြို့ကြီးများအနက် တရုတ်လူမျိုး အများဆုံး နေထိုင်လျက် ရှိသည်ဟုဆိုသော မန္တလေးမြို့တော်တွင် အမျိုးသား ပြဇာတ်ရုံ၌ ပထမဆုံးအကြိမ် ‘တရုတ်ပြည်ကိုနားလည်ခြင်း’ ခေါင်းစဉ်ဖြင့် ကျင်းပသည့် တရုတ်သီချင်းဆို ပြိုင်ပွဲတွင် ဆုရရှိသူများကို စုစုပေါင်း တရုတ်ယွမ်ငွေ သုံးသောင်းနီးပါး (၂၉,၀၀၀) မြန်မာကျပ်ငွေ ၄၅ သိန်းကျော် ချီးမြှင့်ခဲ့ကြောင်း အဆိုပါပွဲ ကျင်းပသည့် ဖူချင့် နိုင်ငံတကာ ဘာသာစကား သင်ကြားရေးစင်တာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနေ့ ဖိုင်နယ်ပြိုင်ပွဲကို ၁၅ ဦး ပါဝင် ယှဉ်ပြိုင်ပါတယ်။ 
ဒီနေ့ပွဲမှာ မြန်မာလူမျိုး ယောက်ျားလေးတစ်ဦးနဲ့ အမျိုးသမီး သုံးဦးတို့ကို ရွေးချယ်ပါတယ်။ တရုတ်သီချင်းဆို ပြိုင်ပွဲလို့သာ ခေါင်းစဉ်တပ်တာပါ။ တရုတ်-မြန်မာ ချစ်ကြည်ရေးပွဲဆိုတော့ ပြိုင်ပွဲဝင်တဲ့ လူတွေက မြန်မာတစ်ဝက် တရုတ်တစ်ဝက် သီချင်းတွေ သီဆိုရတာပါ။ ရည်ရွယ်ချက်ကတော့ မြန်မာ-တရုတ် ချစ်ကြည်ရေး ထာဝရ တည်တံ့ ခိုင်မြဲစေဖို့အတွက် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တရုတ်သီချင်းဆို ပြိုင်ပွဲတွင် ဆုရရှိခဲ့သူ လေးဦးသည် ဧပြီလ ၂ ရက်နေ့တွင် နေပြည်တော် ကောင်စီ၌ တရုတ်သံရုံးက ကျင်းပမည့် တရုတ်ပြည်ကို နားလည်မှု ပဒေသာကပွဲတွင် အစီအစဉ် တစ်ခုအနေနှင့် ပါဝင်ဖျော်ဖြေခွင့် ရရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သီချင်းဆို အရည်အချင်း စစ်ခြင်းနဲ့ ပြိုင်ပွဲတွေကို မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တရုတ်စာသင်ကျောင်းတွေမှာ လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက ကျင်းပခဲ့တာပါ” ဟု ၎င်းကထပ်မံဆိုသည်။ 

အဆိုပါ တရုတ်သီချင်း နောက်ဆုံးအဆင့် သီဆိုပြိုင်ပွဲတွင် ပထမဆု ၁ ဆု၊ ဒုတိယဆု ၅ ဆုနှင့် တတိယဆု ၉ ဆု ချီးမြှင့်ခဲ့ပြီး ပထမဆု ဆုကြေး တရုတ်ယွမ်ငွေ ၅၀၀၀၊ ဒုတိယဆု ဆုကြေးယွမ်ငွေ ၃၀၀၀ နှင့် တတိယဆု ဆုကြေးယွမ် ၁၀၀၀ စီ ချီးမြှင့်ခဲ့ကြောင်း အဆိုပါ စင်တာထံမှ သိရသည်။

The Voice Weekly အဆိုပါ တရုတ်သီချင်းဆို ပြိုင်ပွဲတွင် ဆုရရှိခဲ့သူ လေးဦးသည် ဧပြီလ ၂ ရက်နေ့တွင် နေပြည်တော် ကောင်စီ၌ တရုတ်သံရုံးက ကျင်းပမည့် တရုတ်ပြည်ကို နားလည်မှု ပဒေသာကပွဲတွင် အစီအစဉ် တစ်ခုအနေနှင့် ပါဝင်ဖျော်ဖြေခွင့် ရရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သီချင်းဆို အရည်အချင်း စစ်ခြင်းနဲ့ ပြိုင်ပွဲတွေကို မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တရုတ်စာသင်ကျောင်းတွေမှာ လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက ကျင်းပခဲ့တာပါ” ဟု ၎င်းကထပ်မံဆိုသည်။
အဆိုပါ တရုတ်သီချင်း နောက်ဆုံးအဆင့် သီဆိုပြိုင်ပွဲတွင် ပထမဆု ၁ ဆု၊ ဒုတိယဆု ၅ ဆုနှင့် တတိယဆု ၉ ဆု ချီးမြှင့်ခဲ့ပြီး ပထမဆု ဆုကြေး တရုတ်ယွမ်ငွေ ၅၀၀၀၊ ဒုတိယဆု ဆုကြေးယွမ်ငွေ ၃၀၀၀ နှင့် တတိယဆု ဆုကြေးယွမ် ၁၀၀၀ စီ ချီးမြှင့်ခဲ့ကြောင်း အဆိုပါ စင်တာထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment

My Blog List