Friday, April 04, 2014

တက္ကဆက်စစ်စခန်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သားသုံးဦးသေ ၁၆ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖော့ဟုဒ်စစ် အခြေစိုက်စခန်းတွင် စိတ်ကျန်း မာရေးပြဿနာရှိသော စစ်သား တစ်ဦးက ပစ်ခတ်ခဲ့၍ တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး အနည်းဆုံး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။
သေနတ်သမားမှာ နောက် ပိုင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီ ရင်ခဲ့သည်ဟု ကန်စစ်တပ်အရာရှိ များက ပြောကြားသည်။စိတ်ကျရောဂါနှင့် စိုးရိမ် သောကအတွက် ဆေးကုသမှုခံယူနေရသော စစ်သားက အဆောက်အအုံနှစ်လုံးသို့ သွားရောက်ပစ်ခတ်ပြီးမှသာ စစ်ဘက်ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်တွေ့ခဲ့သည်ဟု ဖော့ဟုဒ်စခန်းတပ်မှူး မာ့ခ်မိုင်လေက ပြောသည်။
ပစ်ခတ်မှုနောက်ကွယ်မှ အ ကြောင်းရင်းကို မသိရသေးသော် လည်း နောက်ပိုင်းတွင် သေနတ် သမားက ၎င်း၏ဦးခေါင်းကို ပွိုင့် ၄၅ ပစ္စတိုဖြင့်တေ့၍ သူ့ကိုယ်သူ ပြန်ပစ်ခဲ့သည်။
ယခုအဖြစ်အပျက်မှာ အ ကြမ်းဖက်ဝါဒနှင့် ဆက်စပ်နေ သည်ဟူသော ညွှန်ပြချက် လော လောဆယ်မရှိဟု တပ်မှူးမိုင်လေ က ပြောကြားသည်။

သေနတ်သမားမှာ အီဗန်လိုပက်ဇ်ဆိုသူဖြစ်ကြောင်း လုံခြုံရေး အရာရှိများက ပြောကြားသော်လည်း ၎င်း၏မိသားစုကို အ ကြောင်းကြားပြီးသည့်အချိန်အ ထိ ၎င်းမှာ မည်သူမည်ဝါဖြစ်သည် ဟု မထုတ်ပြန်နိုင်ကြောင်း တပ်မှူးက ပြောသည်။
တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဝမ်းနည်းကြေကွဲရပါကြောင်း အမေရိကန်သမ္မတဘားရက်အို ဘားမားက ပြောသည်။
အဆိုပါ ဖော့ဟုဒ်စစ်အခြေ စိုက်စခန်းမှာပင် ၂၀၀၉ ခုနှစ်က သေနတ်ဖြင့် ရမ်းကားမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ကာ စစ်သား ၁၃ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရမ်းကားခဲ့သူ ဗိုလ်မှူးနိုင် ဒယ်ဟာဆန်မှာလည်း သေဒဏ် ချမှတ်ခံခဲ့ရသည်။

No comments:

Post a Comment

My Blog List