Wednesday, April 02, 2014

ဆိုင်ကယ်စီးနင်းလာသူကို ဝိုင်းဝန်းရိုက်နှက်ပြီး ငွေကျပ် သိန်း ၄၀ လုယူထွက်ပြေး

Wednesday, April 2, 2014
ဆိုင်ကယ်စီးလာသူတစ်ဦး၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ လူသုံးဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ဆိုင် ကယ်သမားထံမှ ငွေကျပ် သိန်း ၄၀ ကို လုယူထွက်ပြေးသွားသည့် အမှုတစ်ခု မတ်လ ၃၁ ရက် ညဦးပိုင်း က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့နယ်၊ မလယ် နယ်မြေရဲစခန်း ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ကျားဘိုကျွန်းတောတိုက်အနီး၌ ပဇီကြီးကျေးရွာနေ မောင်မျိုး အသက် (၂၃)နှစ်ဆိုသူသည် မတ်လ ၃၀ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်စီးလာစဉ် အမည်မသိ လူသုံးဦးက ဆိုင်ကယ်စီးလာသူ၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ တားဆီးရိုက်နှက်ပြီး ငွေများကို လုယက်ခံရခြင်းဖြစ်ကြောင်း မလယ်ရဲစခန်း၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ ရိုက်နှက်ခံရသူသည် စဉ့်ကူမြို့နယ်၊ ငါးတွင်းကြီးကျေးရွာမှ ကျားဘိုကျွန်းတော တိုက်တွင် နေထိုင်သူ ဦးခိုင်စိုးနှင့် ဦးမောင်အေးဆိုသူတို့ထံ အကြွေးပေးရန်သွားစဉ် ထိုတောတိုက်သို့ ဖြတ်သန်းရောက်ခဲ့ခြင်း ဖြစ်သည်။
ရိုက်နှက်လုယက်ခံရသူကိုမောင်မျိုးဆိုသူသည် နေအိမ်မှယူလာသည့် ငွေကျပ် ၆၇ သိန်းကို ဦးခိုင်စိုးဆိုသူ ထံ ငွေကျပ် ၁၀ သိန်း၊ ဦးမောင်အေး ဆိုသူထံ ငွေကျပ် ၁၇ သိန်း ပေးချေခဲ့ပြီး ကျန်ငွေကျပ်သိန်း ၄၀ နှင့် အတူ နေအိမ်သို့ပြန်ရာတွင် အမည်မသိ လူသုံးဦးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။
အဆိုပါ ရိုက်နှက်လုယက်မှုနှင့် ပတ်သက်ပြီး ကန့်ဘလူမြို့နယ်၊ မလယ်နယ်မြေ ရဲစခန်းက ပြစ်မှုကြီးဖြစ် စဉ်အမှတ် ၃/ ၂၀၁၄ (ပ) ၂၄/၂၀၁၄ ပုဒ်မ၃၉၄ အရ အမှုဖွင့်ဆောင်ရွက်နေသည်။
မလယ်ရဲစခန်းနယ်မြေသည် တစ်လလျှင် အမှုကြီးဖြစ်စဉ်တစ်ခုနှုန်း ဖြစ်ပွား ပေါ်ပေါက်လျက်ရှိသည့် အတွက် မှုခင်းကျဆင်းရေး ပညာပေးဟောပြောပွဲများ ပြု လုပ်ပေးရန်လိုအပ်လျက်ရှိကြောင်း ဒေသခံများ က ပြောသည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List