Monday, March 31, 2014

အိန္ဒိယရွေးကောက်ပွဲတွင် မိုဒီအနိုင်ရပါက အိမ်နီးချင်းနိုင်ငံများနှင့်အားပြိုင်မှုများ ပိုပြင်းထန်လာနိုင်


Monday, March 31, 2014 

အိန်္ဒိယနိုင်ငံတွင် လာမည့်အထွေထွေ ရွေးကောက်ပွဲအပြီး မေလတွင် အတိုက်အခံ ခေါင်းဆောင် နာရန် ဒရာမိုဒီ ၀န်ကြီးချုပ် ဖြစ်လာမည်ဆိုပါက အိန္ဒိယ-တရုတ် နယ်မြေပိုင်နက် အငြင်းပွားမှုနှင့် အိန္ဒိယ-ပါကစ္စ တန် အားပြိုင်မှုများတွင် အိန္ဒိယအနေဖြင့် ပိုမိုအင်အားကောင်းလာလိမ့်မည် ဖြစ်ကြောင်း နာရန်ဒရာမိုဒီ၏ လက်ထောက်နှစ်ဦးက ပြောကြားခဲ့သည်ဟု မတ်လ ၃၀ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။
ဧပြီလ ၇ ရက်တွင် စတင်မည့် ငါးပတ်ကြာ အိန္ဒိယရွေးကောက်ပွဲတွင် အနိုင်ရနိုင်သည်ဟု ရေပန်းစားနေ သော ဟိန္ဒူ အမျိုးသားရေးဝါဒီ မိုဒီသည် အထက်ဖော်ပြပါ အိမ်နီးချင်းနှစ်နိုင်ငံအား ရန်လိုသော အသွင် ဆောင်သည့် သဘောမျိုး ပြောခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် “နယ်ချဲ့ ရေးဝါဒသဘောထား” ကိုစွန့်ပစ်ရန် အိန္ဒိယရွေးကောက်ပွဲ မဲဆွယ်မှုတစ်လျှောက်တွင် သူကသတိပေးခဲ့ပြီး အတိတ်ကာလကလည်း အိန္ဒိယတွင် မွတ်စလင်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အစ္စလာမ်နိုင်ငံတစ်ခုဖြစ်သော ပါကစ္စတန်ကို သူက ဆန့်ကျင်ပြောဆို ကြိမ်းမောင်းခဲ့သည်။

“ဒီတိုင်းပြည်ကို ကျွန်တော်ကာကွယ်သွားမှာဖြစ်တဲ့အကြောင်း ဒီနယ်မြေရဲ့ နာမည်အောက်မှာ ကျွန်တော် သစ္စာဆိုပါတယ်” ဟု တရုတ်က တောင်းဆိုလျက်ရှိသော ဒေသတစ်ခုဖြစ်သည့် အရူနာချယ်လ်ပရာဒေ့ခ်ျ ပြည်နယ်တွင် ပြီးခဲ့သောလက ကျင်းပခဲ့သည့် လူထုစည်းဝေးပွဲတစ်ခုတွင် မိုဒီက ပြောခဲ့သည်။

အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့အားလုံးမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်သောနိုင်ငံများ ဖြစ်ကြသည်။ ၎င်း နိုင်ငံများသည် အာဖဂန်နစ္စတန်နိုင်ငံတွင် နေရာယူလွှမ်းမိုးနိုင်ရေးအတွက်လည်း အပြိုင် အဆိုင် ကြိုးပမ်းလျက်ရှိကြသည်။ စစ်ဒဏ်ကြောင့် ညက်ညက်ကြေနေသော အာဖဂန်နစ္စတန် နိုင်ငံတွင် အနောက်နိုင်ငံ တပ်ဖွဲ့များသည် ၁၂ နှစ်ကြာ သူပုန်ထမှုများကို ရင်ဆိုင်ခဲ့ရပြီးနောက် အာဖဂန်မှ စတင် ဆုတ်ခွာနေပြီဖြစ်ရာ အိန္ဒိယ၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့က အာဖဂန်တွင်နေရာယူနိုင်ရေး ကြိုးပမ်းနေ ကြခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နှင့် စစ်သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး၊တရုတ်နိုင်ငံနှင့်လည်း ၁၉၆၂ ခုနှစ်တွင် နယ် စပ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နှင့် စတုတ္ထမြောက်စစ်ပွဲ ဖြစ်ပွား လုနီးပါး အခြေအနေ ဆိုက်ခဲ့ရသော်လည်း ထိုအချိန်မှစ၍ အိန္ဒိယ၏ နိုင်ငံခြားရေးမူဝါဒမှာ အများအားဖြင့် ပျော့ပျော့ပြောင်းပြောင်း ရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိအပြီး ၆၇ နှစ်တာကာလတွင် စုစုပေါင်း နှစ်ပေါင်း ၅၀ ကျော် အာဏာရ ယူနိုင်ခဲ့သော ကွန်ဂရက်ပါတီကိုလည်း နို
င်ငံတော် လုံခြုံရေးကိစ္စတွင် အားနည်းလှကြောင်း မိုဒီက၀ဖန် ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List