Friday, April 04, 2014

အမ်တီဗီရုပ်ရှင်ဆုပေးပွဲမှာ အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်မယ့် မီလာကူးနစ်


ဟောလိဝုဒ်သရုပ်ဆောင် မင်းသမီး မီလာကူးနစ်သည် ဧပြီလ ၁၃ ရက်တွင် ကျင်းပမည့် MTV ရုပ်ရှင်ဆုပေးပွဲ၌ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင် ရွက်မည်ဖြစ်သည်။

မီလာကူးနစ်သည် လော့စ် အန်ဂျလိစ်မြို့ နိုကီယာကဇာတ် ရုံ၌ ကျင်းပမည့် MTV ဆုပေးပွဲ တွင် သရုပ်ဆောင်မင်းသား ချန်း နင်းတေတမ်အား MTV စွန့်ဦးတီ ထွင်ဆု ပေးအပ်ချီးမြှင့်မည် ဖြစ် သည်။
မီလာကူးနစ်သည် ၎င်း၏ ချစ်သူ အက်ရှ်တန်ကက်ချာနှင့် ရသော သားဦးကိုယ်ဝန်ကို လွယ် ထားရသည်ဟု အမေရိကန် သတင်းများက   ဖော်ပြလျက်ရှိ သည်။ ပြီးခဲ့သည့် သီတင်းပတ် တွင် လာ့စ်ဗီးဂတ်စ်မြို့ Cinema Con အနီရောင်ကော်ဇောထက်၌ မီလာကူးနစ်က ၎င်းသည် ပထမ ဆုံးကလေးကို မျှော်လင့်လျက်ရှိ သည်ဟု ထုတ်ဖော်ပြောကြားခဲ့ သည်။
၂၀၁၄ ခုနှစ် MTV ရုပ်ရှင်ဆန်ခါတင်စာရင်းတွင် Amer-ican Hustle ဇာတ်ကားနှင့် The Wolf of Wall Street ဇာတ်ကား တို့သည် ဆုအများဆုံး အမည်တင်သွင်းခံထားရပြီး လီယိုနာဒိုဒီ ကပ်ပရီယိုသည် ရုပ်ရှင်ထူးချွန်ဆု ငါးဆုအတွက် အမည်တင်သွင်းခံ ထားရသည်။

No comments:

Post a Comment

My Blog List