Friday, April 04, 2014

တရားဥပဒေစိုးမိုးရေး ဗဟိုဌာနများဖွင့်လှစ်ရန် တတိယအကြိမ်တွေ့ဆုံမှု သတင်းမထုတ်ပြန်

Friday, April 4, 2014
တရားဥပဒေစိုးမိုးရေး ဗဟိုဌာနများ ဖွင့်လှစ်ရန် တွေ့ဆုံနေစဉ် (ဓာတ်ပုံ - အိဖြူလွင်)
တရားဥပဒေစိုးမိုးရေးဗ ဟိုဌာနများ ဖွင့်လှစ်နိုင်ရန် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် အစိုးရ၀န်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဧပြီ ၃ရက်က တ တိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ သော်လည်း သတင်းထုတ်ပြန်ခြင်း မရှိကြောင်း သတင်းရရှိသည်။ပြည်သူများကို ကူညီနိုင်ရန် အတွက် တရားဥပဒေစိုးမိုးရေးဗ ဟိုဌာနများကို မြို့ကြီးများတွင်ဖွင့် လှစ်နိုင်ရန် ဒေါ်အောင်ဆန်းစု ကြည်ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် လွှတ်တော်ကော်မတီနှင့် ဌာန ဆိုင်ရာများ၏ ညှိနှိုင်းအစည်းအ ဝေးကို ရန်ကုန်ရှိ လွှတ်တော်ရုံးခွဲ ၌ ဧပြီလ ၃ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ကော်မ တီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နှင့် တက်ရောက်လာသူများက စင်တာများ ဖွင့်လှစ်နိုင်ရေးအ တွက် ဆွေးနွေးကြခြင်းဖြစ်သော် လည်း ဆွေးနွေးမှုများကိုအသေး စိတ်မပြောနိုင်သေးကြောင်းဆွေး နွေးမှုတွင် ပါဝင်ခဲ့သည့် ကော်မ တီဝင်ဦးဝင်းမြင့်ကပြောသည်။
မန္တလေးမြို့နှင့် လားရှိုးမြို့ တို့တွင် တရားဥပဒေစိုးမိုးရေးဌာ နများကို ပထမဆုံးဖွင့်လှစ်သွား မည်ဖြစ်ပြီး အစီအစဉ်အသေးစိတ် ကို လာမည့်ဧပြီလ ၂၂ရက်၌ ထပ်မံဆွေးနွေးရမည်ဟု ဦးဝင်းမြင့်ကဆိုသည်။
တရားဥပဒေစိုးမိုးရေးဌာ များတွင် ပြည်သူများကြုံတွေ့နေ ရသည့် ဥပဒေဆိုင်ရာပြဿနာ များကို ဖြေရှင်းရန်နှင့် အကူအညီ ပေးရန်အတွက် ဌာနဆိုင်ရာများ နှင့် ကျွမ်းကျင်ပညာရှင်များက ကူ ညီပေးမည်ဟု သိရသည်။အဆိုပါ စင်တာများဖွင့်လှစ် ခြင်းသည် ပြည်သူများအတွက်အ တိုင်းအတာတစ်ခုအထိ အကျိုး သက်ရောက်နိုင်သော်လည်း ထိ ရောက်နိုင်ရန် အချိန်ယူရဦးမည် ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေဦးလင်းနိုင်မြင့်ကပြော သည်။‘‘တရားဥပဒေစိုးမိုးရေးဆို တာ အဖွဲ့အစည်းတစ်ခုတင်မ ဟုတ်ဘူး။ သက်ရှိသက်မဲ့ပါဆိုင် တယ်။ ဒါတွေကို ကာကွယ်ရမှာ ဖြစ်လို့ ဒါကြောင့် ဒီဆွေးနွေးတာ တွေကိုလည်းအတိုင်းအတာတစ် ခုအထိတော့ သတင်းထုတ်ပြန် သင့်တယ်။ ဒါမှ ဒီအသိုင်းအ၀ိုင်း ထဲက လူတွေလည်း ၀ိုင်းဝန်းအ ကြံဉာဏ်ပေးလို့ရမှာပါ’’ဟု ဦး လင်းနိုင်မြင့်က ၎င်း၏ယူဆချက် ကိုပြောကြားသည်။ယင်းဆွေးနွေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

My Blog List