Monday, March 31, 2014

ယာဉ်မတော်တဆမှုကြောင့် စစ်ကိုင်းတိုင်းတွင် တစ်ရက်နှစ်ဦးနှုန်းသေဆုံး


Monday, March 31, 2014 
စစ်ကိုင်းတိုင်းတွင် ယာဉ်မတော်တဆမှုများကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း သေဆုံးနေပြီး ၁၇ဦးအထိ ထိခိုက်ဒဏ်ရာရရှိနေသည်ဟု တိုင်းအစိုးရဖွဲ့ရုံးမှ ထုတ်ပြန်သည်။ 
မတ်လ ၂၀ရက်မှ ၂၇ရက်အတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်အလိုက်ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆ မှုများမှာ စစ်ကိုင်းခရိုင်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားမှုပေါင်း လေးကြိမ်၊ ဒဏ်ရာရရှိသူ ကိုးဦး၊ သေဆုံး သူတစ်ဦး၊ ရွှေဘိုခရိုင်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှု နှစ်ကြိမ်၊ ဒဏ်ရာရရှိသူနှစ်ဦး၊ မုံရွာခရိုင်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှု ၁၁ ကြိမ်၊ ဒဏ်ရာရရှိသူ ၃၁ ဦး၊ သေဆုံးသူ ငါးဦး၊ ယင်းမာပင်ခရိုင်တွင် ယာဉ်မတော်တဆမှုခုနစ်ကြိမ်၊ ဒဏ်ရာရရှိသူ ၃၆ ဦး၊ သေဆုံးသူ နှစ်ဦး၊ တမူးခရိုင်တွင် ယာဉ်မတော်တဆ မှုဖြစ်ပွားမှုတစ်ကြိမ်၊ ဒဏ်ရာရရှိသူနှစ်ဦး ဖြစ်ပွားခဲ့သည်။ ကသာခရိုင်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားမှု ငါးကြိမ်၊ ဒဏ်ရာရရှိသူ ၂၈ ဦး၊ သေဆုံးသူလေးဦး၊ ကလေးခရိုင်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှု ခြောက်ကြိမ်၊ ဒဏ်ရာရရှိသူ ၁၇ ဦး၊ သေဆုံးသူ နှစ်ဦးနှင့် ခန္တီးခရိုင်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု တစ် ကြိမ်၊ သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း တိုင်းအတွင်းရက်သတ္တပတ် ယာဉ်မတော်တဆမှုများကို ဖော်ပြထား သည်။ 
အဆိုပါ သတင်းပတ်အတွင်း စစ်ကိုင်းတိုင်းတွင် ယာဉ်မတော်တဆမှုများကြောင့် တရားရင်ဆိုင်ရသည့် ယာဉ်အမှုပေါင်း ၃၇ မှု၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂၅ ဦး၊ သေဆုံးသူ ၁၆ ဦး ရှိခဲ့ပြီး မော်လိုက်ခရိုင်တွင် ယာဉ်မတော်တဆမှု အန္တရာယ်ကင်းရှင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ ယာဉ်တိုက်မှုများတွင် မော်တော်ယာဉ်များကြောင့် ခြောက်မှု၊ ဆိုင်ကယ်မှ လမ်းဖြတ်ကူးသူအား တိုက်မှု နှစ်မှု၊ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ခုနစ်မှု၊ ကားနှင့် ဆိုင်ကယ်တိုက်မှု ခြောက်မှု၊ ဆိုင် ကယ်တိမ်းမှောက်မှုနှစ်မှု၊ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျမှုတစ်မှု၊ ထော်လာဂျီတိမ်းမှောက်မှုတစ်မှု၊ ထော်လာ ဂျီနှင့် ဆိုင်ကယ်တိုက်မှုတစ်မှု၊ စက်အရှိန်မထိန်းနိုင်ဘဲ ကားမှလမ်းဘေး သစ်ပင်အား ၀င်တိုက်မှုနှစ်မှု၊ ကားမှ လမ်းဖြတ်ကူးသူအား တိုက်မှုနှစ်မှု၊ ကားမှ စက်ဘီးစီးနင်းလာသူအား တိုက်မှု နှစ်မှု၊ ကားမှ အုတ်နံ ရံအားတိုက်မှုတစ်မှု၊ ဆိုင်ကယ်မှ တံတားတိုင်အား တိုက်မှုတစ်မှု၊ ဆိုင်ကယ်မှလမ်းဘေး သစ်ပင်အားတိုက် မှုနှစ်မှု၊ သုံးဘီးဆိုင်ကယ်မှ ချောက်ထဲထိုးကျမှုတစ်မှု၊ ရက်သတ္တပတ်ကာလအတွင်း ယာဉ်မတော်တဆမှု ပေါင်း ၃၇မှု ရှိခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ်များတွင် ဆိုင်ကယ် နှင့် ယာဉ်မ တော်တဆမှုများ များပြားလာ ခဲ့ခြင်းဖြစ်သည်ဟု အမှတ်(၁၄)၊ ယာဉ်ထိန်း ရဲတပ်၊ မုံရွာဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်ဇော်မြင့်က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List