Friday, April 04, 2014

အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ အတိုးနှုန်းသက်သာစွာ ငွေချေးနိုင်ရန် ကူညီပေးမည်ဟုဆို

အသေးစားနှင့်အလတ် စားစက်မှုလုပ်ငန်းများအား အတိုးနှုန်း သက်သာစွာဖြင့် ငွေချေးနိုင်ရန် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှ ကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စက်မှုကုန်ထုတ် လုပ်ငန်း များအတွက် လိုအပ်သောငွေ ကြေးအရင်းအနှီးကို တစ်နှစ် လျှင် ၈ဒသမ ၅ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ဘဏ်များမှ ငွေချေးယူနိုင်ရန် ထောက်ခံပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနအသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သော်တာဝင်းက ပြောကြားသည်။

‘‘ချေးငွေရဖို့ အာမခံအပေါင် ပစ္စည်းလိုပါတယ်။ အဲဒီအပေါင် ပစ္စည်းကို ဘဏ်ကိုတင်ပြီး ကျွန်မ တို့ဆီဆက်သွယ်လာရင်စစ်ဆေး ပြီးတော့ ဒီလုပ်ငန်းတွေဟာ စက် မှုကုန်ထုတ် လုပ်ငန်းတွေ ဖြစ်ပါတယ်ဆိုတဲ့ မှန်ကန်ကြောင်း ထောက်ခံချက်ပေးမှာ ဖြစ်ပါ တယ်။ အဲဒီအခါကျရင် ဘဏ်က သက်သာတဲ့အတိုးနဲ့ ငွေချေးပေး မှာဖြစ်ပါတယ်’’ဟု ဒေါ်ခင်သော်တာဝင်းကပြောသည်။
စက်မှုလုပ်ငန်းလိုင်စင် ရှိ သည့် မည်သည့်စက်မှုလုပ်ငန်းမ ဆို မြန်မာနိုင်ငံတစ်ဝန်းတိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်ဖွင့်လှစ် ထားသည့် စက်မှုကြီးကြပ်ရုံးများ နှင့် ချိတ်ဆက်၍အတိုးနှုန်းသက် သာစွာငွေချေးနိုင်မည်ဖြစ်သည်။ ငွေချေးပေးမည့် ပမာဏမှာမူ သက်ဆိုင်ရာဘဏ်များ၏ လုပ်ထုံး လုပ်နည်းအတိုင်းသာဖြစ်မည်ဖြစ် ပြီး ၎င်းတို့ဌာနအနေဖြင့် ငွေချေး ပေးခြင်း မဟုတ်ဘဲ အတိုးနှုန်း သက်သာစွာချေးယူနိုင်ရန်ဆောင် ရွက်ပေးခြင်းသာ ဖြစ်ကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းမှန်ကန် ကြောင်း ထောက်ခံပေးရန် စစ် ဆေးချိန်မှာ အများဆုံးအချိန်သုံး ပတ်ခန့်သာ ကြာမြင့်မည်ဖြစ် ကြောင်း ဒေါ်ခင်သော်တာဝင်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် နည်းပ ညာနှင့်အရင်းအနှီးငွေ ပြည့်စုံမှုမ ရှိခြင်းနှင့် ပြည်ပနိုင်ငံများမှ ၀င် ရောက်လာသော စက်မှုထုတ်ကုန် ပစ္စည်းများကို ဈေးကွက်ယှဉ်ပြိုင် နိုင်မှုမရှိခြင်းတို့ကြောင့် ပြည်တွင်း ရှိ အသေးစားနှင့်အလတ်စားစက် မှုလုပ်ငန်းအများစုမှာ ယိုင်နဲ့ပြိုလဲ လျက်ရှိသည်ဟုစက်မှုကုန်ထုတ် လုပ်ငန်းရှင်များက ပြောကြားသည်။
နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးပါသည့်အ သေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် နိုင် ငံတော်အစိုးရကအသေးစားနှင့်အ လတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုး ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ ကာ လုပ်ငန်းများဖွံ့ဖြိုးရေးနည်းပ ညာနှင့် ငွေကြေးအရင်းအနှီးများ ကူညီထောက်ပံ့ပေးရန် စီစဉ်လျက်ရှိသည်။ သို့သော် လက်ရှိ အချိန်ထိ ထိရောက်သောပံ့ပိုးကူ ညီပေးမှုများမရှိသေးဟု စက်မှု ကုန်ထုတ်လုပ်ငန်းရှင်များကပြော သည်။
လက်ရှိအချိန်တွင် အသေး စားနှင့် အလတ်စားစက်မှုလုပ် ငန်းဖွံ့ဖြိုးရေးဘဏ်မှ တစ်နှစ် လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းအတိုးဖြင့် ငွေထုတ်ချေးနိုင်ရန် စီစဉ်နေပြီး ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၀ဘီ လီယံထုတ်ချေးပေးမည်ဟု စက်မှု ၀န်ကြီးဌာနကထုတ်ပြန်ထား သည်။ သို့သော် ငွေချေးရမည့်နေ့ ရက်အတိအကျ ထုတ်ပြန်ထား ခြင်းမရှိသေးပေ။
‘‘မန္တလေးမှာ စက်မှုဇုန်က လုပ်ငန်းတွေ အခြေအနေဆိုးနေ တယ်’’ဟု မန္တလေးစက်မှုဇုန်ကော် မတီ အတွင်းရေးမှူး ဦးမောင် မောင်ဦးကပြောသည်။
မန္တလေးစက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ယနေ့ အချိန်ထိ ချေးငွေတစ်စုံတစ်ရာရရှိ ခြင်းမရှိသေးကြောင်းလည်း ဦး မောင်မောင်ဦးကပြောသည်။
သာမန်လုပ်ငန်းရှင်များအ နေဖြင့် ဘဏ်များမှ ငွေချေးရာ တွင် တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ငွေချေးယူနေရ သည်။

No comments:

Post a Comment

My Blog List